top of page
Search
Writer's pictureMyat Tun Oo

လက်နက်ကိုင်များ၏ စေတနာ


မြန်မာပြည်မှာ လက်နက်ကိုင်တွေရဲ့ ဖော်မြူလာက သူပုန်က တပ်ကိုတိုက် တပ်ကပြန်တိုက် ပြီးရင်သေ၊ သူပုန်က သူတို့အဝိုင်းခံရပြီဆိုရင် ဒုက္ခသည်တွေ ပိတ်မိပါပြီဆိုပြီး သူတို့မွေးထားတဲ့ သင်ဇာဖွတ်လဲ့ရည်တို့ကို ဆန္ဒပြခိုင်း၊ ပြီးရင် သာလွန်ဇောင်းနက်တို့က အော်၊ ပြီးရင် ဒီမိုအစိုးရကို ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်ဘူးလို့ဝေဖန်။ ဒါပါဘဲ။

ဥပမာ ပလက်ဝကို ဓာတ်ခဲကတိုက်၊ တပ်ကပြန်တိုက်၊ ဝိုင်းထား၊ ဓာတ်ခဲက ပြည်သူကို ဓားစားခံလုပ်၊အထဲမှာ ရိက္ခာပြတ်လို့အော်။ ချင်းလူမျိုးတွေက ကြားညပ်လို့ လွှတ်တော်အမတ်တွေက ရိက္ခာပို့လို့ရအောင်ကြိုးစား။ DASSK က အဆင်ပြေအောင်ညှိနှိုင်းပေးလို့ တပ်အစောင့်နဲ့ ပို့လို့ရတော့ကျေးဇူးတင်တယ်ပြောရင်လဲ ဒီကောင်တွေက အစိုးရကို ဆဲတာပါဘဲ။

ယခုဖားကန့်မှာလာပါပြီ။ တပ်လုပ်ကွက်ရှိတယ်။ ဝ လုပ်ကွက်ရှိတယ်။ ပေါက်ဖော်လုပ်ကွက်ရှိတယ်။အားလုံးက KIA ကို အခွန်ပေးရတယ်။ ဒီနေရာမှာ လူတွေသေနေတာက တစ်နှစ်သေနှုန်းဟာ မြန်မာပြည်မှာ တစ်တိုင်းပြည်လုံးစစ်ဖြစ်လို့သေတဲ့ အရပ်သားထက်များတယ်။ ဟို ICJ ကို ရောက်တဲ့အမှု မှန်ခဲ့ရင်တောင် အဲ့ဒီလောက်မသေဘူး။ ဒီနေရာဟာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ၁၀၀% မရှိဘူး။ တပ်ကလဲ သူ့ကိုဂါရင် လွှတ်ပေးထားတယ်။ KIA ကလဲ သူအခွန်ရနေတော့ သူ့ပြည်နယ်ထဲမှာ ဘာဖြစ်ဖြစ်လွှတ်ထားတယ်။ သူလုပ်ချင်ရင် တပ်နဲ့ တူးနေသူတွေကို ခြုံခိုတိုက် ထိန့်လန့်အောင်လုပ် ရတာဘဲ မလုပ်ပါဘူး။ တပ်ကလဲ မိမိရန်သူ ဓာတ်ခဲကိုအားပေးနေတဲ့ ဝ ရဲ့လုပ်ကွက်တွေကို ဝင်သိမ်းလိုက်ပေါ့—- မလုပ်ပါဘူး။

ဒါကို စစ်ပွဲရပ်အော်သူများက အော်သလား? မအော်ပါဘူး။ သူတို့လဲ စပွန်စာရှိမှ အော်ပါတယ်။ ဒီရေမဆေးကျောက်လေးတွေအတွက် ဓာတ်ခဲနဲ့ KIA က စပွန်စာမပေးသလို အန်ကယ်ဆမ်ကလဲ စွန်စာမပေးပါ။ ဒါကြောင့် သူတို့ကမအော်ပါ။

လက်နက်ကိုင်အားလုံးဟာ မိမိတိုက်ချင်တာကို ရိုင်းစိုင်းစွာ မိုက်ကြေးခွဲတိုက်ပြီး တစ်ခုခုခံရရင်တော့အစိုးရကို အပြစ်တင်လေ့ရှိပါတယ်။ ဒါဟာ လူမိုက်တွေ အရိုင်းအစိုင်းတွေရဲ့ လုပ်ရပ်ပါ။ ဥပမာ မြစ်ဆုံဆိုရင် ဒီမိုအစိုးရကိုသာ ဖိအားပေးပြီး KIA ရော စစ်တပ်ရရော တရုတ်ကြီးကို မင်းတို့လုပ်ရင် ငါတို့ကငါတို့နယ်မြေက ဖြတ်ခွင့်မပြုလို့ မပြောရဲပါ။ သူတို့အဖေလေ ကြောက်ရပါတယ်။

ပြည်သူတွေအနေနဲ့ အဲ့ဒီလက်နက်ကိုင်တွေထောက်ခံတဲ့ ပါတီတွေကို မဲပေးနေရင် ရေမဆေးကျောက်ဖြစ်ရပ်မျိုးတွေက နိုင်ငံအနှံ့ဖြစ်လာနိုင်ပါတယ်။ ယခုရခိုင်မြောက်မှာလဲ ဖြစ်နေပါပြီ။ ဒီကောင်တွေဟာ သူတို့လူမျိုးကိုလဲ မချစ်ပါဘူး။ သူတို့မြေကိုလဲ အထိပါးမခံ ဘာညာဆိုတာလေပါ။ သူတို့ချစ်တာက ပိုက်ဆံပါလို့ ပြောပါရစေ။ တိုင်းရင်းသားတွေအနေနဲ့ ဖယ်ဒရယ်စနစ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် အဲ့ဒီစနစ်မြန်မြန်ဖြစ်ဖို့ဟာက DASSK ကို ဝန်းရံလုပ်ကိုင်ဖို့ပါ။


ဒီလက်နက်ကိုင်တွေ အားကောင်းနေသရွေ့ ဖားကန့်က ဖြစ်ရပ်မျိုးတွေ ဆက်ဖြစ်နေနိုင်တယ်လို့ သာသတိပေးပါရစေ။ စစ်ပွဲရပ်မဟုတ်ဘဲ ကျောက်ပွဲရပ်ရင် လူအသေအပျောက်နည်းပါမယ်။

6,009 views0 comments

Komentar


bottom of page