top of page
Search

လက်နက်ကိုင်ထားသော စစ်ရာဇဝတ်မှုကျူးလွန်သူများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 16, 2020
  • 1 min read

လူဆိုတာဟာ မိမိက တော်လှန်ရေးလုပ်လိုလို့ သေနတ်ကိုင်တာက နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် မိမိလုပ်ပြီးရင် မိမိဝန်ခံပြီး တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ဆိုတာက ယောင်္ကျားစစ်စစ်တွေရဲ့အလုပ်ပါ။ကျားမ မခွဲခြားဘဲ ပြောရရင်တော့ လူပီသတဲ့ လူစိတ်ရှိသူများဟာ မိမိလုပ်ရင် မိမိဝန်ခံရဲကြပါတယ်။စာဖတ်သူများက တပ်မတော်ကိုဝေဖန်ရာမှာတော့ အားလုံးညီကြမှာပါ။ စာရေးသူလဲ ဝေဖန်ပါတယ်။တပ်မှာလဲ သူလုပ်ပြီး သူဝန်မခံတာရှိပါတယ်။ ဥပမာ ဟိုမုဒိန်းမှုပေါ့။ ဒါပေမယ့် နောက်ပိုင်း တိုင်ရာမှာတပ်က အရေးယူခဲ့ပါတယ်။

အချို့ကိစ္စတွေမှာက အချို့သူပုန်အကောင့်များဟာ ဒီမိုအကောင့်နဲ့ရောပြီး တပ်ကို အပုတ်ချတာလဲရှိပါတယ်။ စာရေးသူကတော့ ဒီမိုတွေနဲ့ အခင်မင်ပျက်မှာစိုးလို့ မလွန်တဲ့ကိစ္စဆို လွှတ်ထားခဲ့ပါတယ်။

ယခုပြောမှာက NLD က ကိုယ်စားလှယ်ကို ဖမ်းသွားတဲ့ ဓာတ်ခဲအကြောင်းပါ။ ပထမဆုံးပြောလိုတာကဓာတ်ခဲဟာ အရပ်သားဝတ်စုံနဲ့သာ တိုက်ပါတယ်။ ဒါကြောင့်မိုလို့ မြေပြင်က တပ်တွေအနေနဲ့အရပ်သားနဲ့သူပုန် ခွဲခြားဖို့ခက်ပါတယ်။ ရဟတ်ယဉ်ပေါ်ကပစ်ရင်တောင် ဓာတ်ခဲဟာ ရွာထဲကို ဝင်ပြေးတာပါ။ ရွာထဲကို သူကအပြင်မှာ လက်နက်ထားဝင်ပြေးလိုက်တာနဲ့ အရပ်သားဖြစ်သွားပြီး သေရင် သူတို့အမေက ကျွန်မသားလေးကို တပ်က ပစ်ပါတယ်ဆိုပြီး RFA, VOA နဲ့ ခေတ်သစ်တို့ကနေ အော်ပါလိမ့်မယ်။ ယူနီဖောင်းနဲ့ ဓာတ်ပုံတွေ့ရင်တောင် ဒါက လမ်းကြုံလို့ ကျွန်မသားက ဝတ်တာပါပြောပါလိမ့်မယ်။

ဓာတ်ခဲဟာ ပလက်ဝကို ပိတ်ဆို့ထားလို့ ပလက်ဝနေသူတွေ စားနပ်ရိက္ခာ ဒုက္ခရောက်ခဲ့ပါတယ်။ သူတို့က အထက်ကိုတင်ပြပေမယ့် ကြာနေခဲ့ရာက နောက်ဆုံးမှာ တပ်ယဉ်တန်းနဲ့ ပို့ခဲ့ရတာပါ။ သူဟာ တပ်ကိုမတိုက်ဘဲ အရပ်သား ချင်းတွေကို မဲပြီး ပိတ်ဆို့ခဲ့တာပါ။ တပ်ကသာလုပ်ရင် Crimes against Humanity or ethnic cleansing ပေါ့။

ဓာတ်ခဲဟာ ဘူးသီးတောင်က NLD ပါတီလူကြီးကိုလဲ သတ်ခဲ့ပါတယ်။ သူ့လူမျိုးများစွာကိုလဲသစ္စာဖောက်ဆိုပြီး သတ်ပါတယ်။ ဒီမိုစနစ်အရ အရွေးခံထားရတဲ့ ဦးညီပုကိုလဲ လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ DASSK လာတုန်းကလဲ ဗုံးဖောက်ခဲ့ပါသေးတယ်။ ဒီလိုလုပ်တာတွေကို မဝန်ခံခဲ့ပါ။ ဒီလုပ်ရပ်တွေက တပ်ကိုလုပ်တာမဟုတ်ဘဲ လက်နက်မဲ့အရပ်သားတွေကို သတ်နေတာပါ။ အစိုးရတပ်က ပြစ်မှုကျူးလွန်ရင် စစ်ရာဇဝတ်မှုနဲ့ အရေးယူခံရမှာဖြစ်သလို ဓာတ်ခဲဟာလဲ အကြမ်းဖက်မှုနဲ့ ပြည်တွင်းမှာအရေးယူခံရမှာဖြစ်ပြီး ပြည်ပမှာတော့ စစ်ရာဇဝတ်မှုနဲ့ပါ။ ယခုလို NLD က ကိုယ်စားလှယ်တွေကို ဖမ်းသွားတာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာပါ။ အဆိုပါ ကိုယ်စားလှယ်တွေဟာ တပ်နဲ့မဆိုင်တာ အားလုံးအသိပါ။ သူတို့ဟာ ပါတီနိုင်ငံရေးလုပ်နေသူတွေပါ။ သူတို့မှာ လက်နက်မရှိပါ။ သူတို့တွေဖမ်းရင် သေရင် ANP တို့၊ အခြားလူ့အခွင့်အရေးအဖွဲ့များက လုံးဝအသံမထွက်ပါ။

ဓာတ်ခဲခေါင်းဆောင်နဲ့ သူ့မိန်းမကို လက်ခံထားတဲ့ နိုင်ငံတွေအနေနဲ့လဲ အကြမ်းဖက်သမားကို ထောက်ခံအားပေးသလို ဖြစ်နေတယ်ဆိုတာ မမေ့ပါနဲ့။ အကြမ်းဖက်သမားတွေကို အတူတကွ လက်တွဲတိုက်ထုတ်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 17, 2020

ဦးမြတ်! ဘုရားရှင်လက်ထက်တော်ကာလကလည်း ဝေသာလီတိုင်းမှာ ကပ်ဆိုက်ခဲ့ပါသည်။ ဘီလူး အစားခံပြီး ပျက်လု နီးပါးဖြစ်ခဲ့ရပါသည်။ ရတန သုတ်တည်းဟူသော ##သစ္စာ#တရားနှင့်မှသာ ကပ်ဘေး ကင်း ခဲ့ရပါသည်။

သစ္စာတရား ထွန်းကားရာ

ငြိမ်းချမ်းသာယာသောနယ်မြေ။


*******(***)***************


မြောက်ပိုင်းမှာ စေတီ ပုထိုးပေါင်းများစွာ ရှိပေမယ့် သစ္စာတရားမထွ့န်းကားနိုင်ရှာ။

အဖ နိုင်ငံတော်!!!

ငါနှင့် ငါ့လူမျိုးသည်သာ အစွန်းရောက်နေသမျှ မငြိမ်းချမ်းပါ။ ငါ အတ္တစွဲ အမြင်ကျဥ်းရာ မြစ်ဖျားခံ စီးဆင်းလာပါသည်။

ခုတော့ အသက်တွေ ကြွေ၊ ဒါဏ်ရာတွေရ ၊ ဒုက္ခသည် ဗရဝ နှင့်။

ဘုရားရှင် လက်ထက်ကနှင့် !!!


ကာလ ဒေသ ပယောဂ ကို မျက်ကွယ်ပြု မျိုးချစ်နေသမျှ

ဟင်္သါကိုးသောင်းအလား ပမာထားရပါတော့မည်။

တဘောင်လိုလို နိမိတ်လိုလို စကား ဘယ်ထိမှန်မှာလဲပေါ့? ??

အရှေ့က. ဖိ

အနောက် အိ။

ကျဥ်းတဲ့နယ်လေး အတွက် စဥ်းစားပြီး အမျိုးချစ်တတ်ကြလျှင်!

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page