top of page
Search

လက်နက်ကိုင်ကြောင့် လှုပ်လာသောတပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 21, 2021
  • 1 min read

ယခင်က ကချင်နဲ့ ရှမ်းမြောက်ဘက်မသွားရဖို့ တပ်ထဲမှာလိုက်ရလေ့ရှိပါတယ်။ နောက်ပိုင်း ရခိုင်ကဗိုလ်မှူးမိန်းမ ဗုံးပေါက်သေအပြီးမှာ နာမည်ကြီးသွားပြီး မသွားရဲကြပါ။ ဒီအချိန်မှာ မအလက ဘယ်လိုလုပ်လာသလဲဆိုတော့ ရာထူးမတက်ဘဲ ရပ်နေတဲ့ ဗိုလ်မှုးတွေကို ယာယီတပ်ရင်းမှူးပေးပြီး လွှတ်ပါတယ်။ အချို့တွေလဲ သေမြေကြီး ရှင်ရွှေထီးဆိုပြီး ထွက်သွားကြပါတယ်။ အစပိုင်းမှာ သေမြေကြီးဆိုပေမယ့် နောက်တပ်ရင်းမှူး အဖမ်းခံရအပြီးမှာ မသွားရဲတော့ပါ။ ဒါ့ကြောင့် ရခိုင်မသွားလိုရင် အဆင့်ဆင့်ပေးရတာက ရာထူးအလိုက် သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းရှိပါတယ်။

ဒီနေရာမှာ အချို့ဗိုလ်မှူးများ ဒုဗိုလ်မှူးကြီးများ ရန်ကုန်မှာဆို ဗျူဟာမှူး ဗိုလ်မှူးကြီးတွေက ပြည်သူကိုနှိပ်ကွပ်ပြပြီး မျက်နှာရအောင် မြို့ပေါ်မှာထားအောင် လုပ်ကြပါတယ်။ ချင်းပြည်မင်းတပ်မှာလဲ အစပိုင်းက ပုံမှန်ဆန္ဒပြ ဆူပူသူထင်ပြီးသွားလိုက်ရာမှာ ဗျူဟာမှူး ပိတ်မိမှ အရှက်ကွဲ ပြန်ဆုတ်ခဲ့ရတာပါ။ယခုဆိုရင် ချင်းပြည်နယ်မှာ CDF တွေက ထောက်ပို့လမ်းကို ဖြတ်တိုက်ရင်တောင် ဖက်ဆစ်တပ်တွေအများကြီးသေကြမှာပါ။ CDF က ခေတ်မှီလက်နက်ရလို့ကတော့ ပြာပါပြီ။ ဒီချင်းဒေသကို နယ်မြေစိုးမိုးချင်ရင် စစ်ဆင်ရေး မကြီးကြီးလုပ်မှသာ ရမှာပါ။

ပုံမှန်မှာက ရှမ်းမြောက်အဖွဲ့နဲ့ ဝ UWSA ၊ RCSS၊ KNU ၊ AA၊ တို့သာ ပေါင်းတိုက်ခဲ့ရင် R2P မလိုဘဲ မအလကို နိုင်ပါတယ်။ ယခုက KIA၊ KNU အချို့သာ တိုက်နေတာပါ။ မနေ့က ကယားကလဲ ထတိုက်လို့ချင်းတင်မဟုတ် ကယားကိုပါ တိုက်ရတော့မှာပါ။

ယခင်ရေးခဲ့သလိုဘဲ အဆိုပါမြို့တွေမှာ အထိုင်တပ်ရင်းတွေရှိပေမယ့် စစ်သဘောအရ ဟိုကလက်နက်ကောင်း လူအင်အားများရင်တော့ ပြည်မကတပ်တွေ ပို့တိုက်ရမှာပါ။ ဒီနေရာမှာ အားလုံးညီညီညာညာနဲ့ ကြိုတင်ပြင်ဆင်ကြစေလိုပါတယ်။ လက်နက်ကြီးက အဝေးသာပစ်လို့ရပြီး အနီးကို ပစ်မရပါ။ဥပမာ ဒီးမောဆိုကို လွိင်ကော်က လက်နက်ကြီးနဲ့ ပစ်လို့ရပေမယ့် သူ့စခန်းအဝကို ပစ်မရပါ။ ဒါ့ကြောင့်မတိုက်ခင်မှာ ရန်သူ့လက်နက်ကြီးစခန်းတွေကို စုံစမ်းပြီး ဝင်ရောက်ချေမှုန်းနိုင်အောင် ပြင်ဆင်ထားပါ။ယခုလို ဖြစ်တဲ့နေရာများလာရင် စစ်မတိုက်ချင်သူများက ရှေ့တန်းရောက်ရင် ထွက်ပြေးတာ ဘက်ပြောင်းတာတွေ ဖြစ်လာမှာပါ။

ယခုတောင် မအလတပ်က ပြည်သူကို ယောင်္ကျားမတွေ့ မိန်းမဖမ်းလုပ်လာလို့ တပ်ကလူတွေရဲ့ အရပ်ထဲက မိဘတွေကိုလဲ သူတို့ပြန် စိုးရိမ်နေကြပါပြီ။ တပ်ထဲမှာက မိမိမိန်းမလောက်သာ ခေါ်ထားနိုင်တာပါ။ မိဘတွေခေါ်ထားနိုင်ရင်တောင် တင်ကျွေးထားဖို့က မလွယ်ပါ။ နောက်

ပြည်မမှာ ကျန်ခဲ့တဲ့ တပ်ရင်းအချို့မှာ စစ်သည်မိန်းမများသာ သေနတ်ကိုင်ထားလို့ သေချာထောက်လှမ်ပြီး ဝင်စီးနိုင်ရင်တော့ အကျိုးများပါမယ်လို့သာ ပြောပါရစေ။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။ ပြည်သူညီရင် ဘာမဆို ဖြစ်နိုင်ပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page