ရှာလဲမတွေ့ ငါလဲတစ်နေ့
- Myat Tun Oo
- May 30
- 1 min read
စာရေးသူတင်လိုက်ချိန်မှာ အခြားသူတွေရေးတာနဲ့ တိုက်ဆိုင်သွားလို့ ရှုတ်ထွေးမှုတွေ ဖြစ်သွားပါတယ်။ စပြီး သတင်းရတာက ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့ အရာရှိအချို့ ကျသွားတယ်ဆိုတာပါ။ ကျောက်ဖြူမှာဆိုပေမယ့် သူက ရှေ့ကာကင်းမှာ ခံစစ်ဗျူဟာကြည့်နေတာဖြစ်ပြီး ပစ်တာက AA နဲ့ တိုက်ပွဲဖြစ်တာပေမယ့် AA နဲ့တွဲတိုက်တဲ့ PDF ပစ်တာလို့ အထက်ကို သတင်းတင်ပြပါတယ်။ အပြီးမှာ သူ့ကို ဆေးကုဖို့ နောက်ကိုပြန်ခေါ်ပေမယ့် လမ်းမှာခဏပျောက်သွားခဲ့ပါတယ်။ ပုံမှန်မှာ ကာကင်းကနေ ကျောက်ဖြူက ဘာမှကြားမှာပျောက်စရာမရှိပါ။ သူပြန်ရောက်လာချိန်မှာ သွေးထွက်လွန်နေပြီး နေပြည်တော် စစ်ဆေးရုံကိုရောက်ချိန်မှာ ကြွသွားပါပြီ။ သူနဲ့ပါတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေအလောင်းက ဘယ်မှာလဲမသိပါ။ သူက ဒီကျောက်ဖြူမှာ ဗျူဟာကောင်းရင် ရာထူးတက်မယ်ဆိုပြီး လာခဲ့ပေမယ့် အဝီစိကို ဗိုလ်မှူးချုပ်နဲ့ ညောင်းသွားပါပြီ။ ယခုလို အခြားသူတင်ပြီးမှသာ တင်ရတာက သတင်းရင်းမြစ်ကို မပေါ်အောင်ပါ။ စာရေးသူတင်ချိန်နဲ့ သူကြွချိန်ကိုကြည့်ပြီး သတင်းမှန်ကြောင်း ယခုလူတိုင်း သိပြီမိုလို့ လာပြောတာပါ။
Comments