top of page
Search

ရုရှားအစိုးရ ဘာလုပ်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 30, 2022
  • 1 min read

ဒါက NUG ကို ဒလန်နဲ့ ဘောမက ဝေဖန်တဲ့ အသံမျိုးလေး လိုက်ပြောကြည့်တာပါ။ NUG ဘာလုပ်နေလဲ ဆိုသံမျိုးလေးပေါ့။ မနေ့က (၂၉/၁၀/၂၀၂၂) ကရိုင်းမီးယားက ရုရှားပစ်မှတ်တွေကို ယူကရိန်းက လေကြောင်းက မောင်းသူမဲ့​လေယာဉ် drone များစွာနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ရုရှားရဲ့ စစ်ရေးပစ်မှတ်တွေနဲ့ ဖျက်သင်္ဘောတွေ ပျက်စီးခဲ့ပါတယ်။ ရုရှားက ကရိုင်းမီးယားအုပ်ချုပ်ရေးမှူးက အပစ်ခံရတဲ့ ဓာတ်ပုံတွေကို မတင်ဖို့ ပြောပါတယ်။

ရုရှားမှာ ခေတ်မှီလေယာဉ်ပစ်လက်နက်တွေရှိပါတယ်။ ခေတ်မှီ တိုက်လေယာဉ်တွေရှိပါတယ်။ ဒါတောင် ယူကရိန်းက လေကြောင်းက တိုက်ခိုက်တာကို မကာကွယ်နိုင်ခဲ့ပါ။ ယူကရိန်းက drone swamp နည်းနဲ့ တိုက်ခဲ့တာပါ။ ရုရှားက သူမကာကွယ်နိုင်ခဲ့တာဟာ ယူကရိန်းကို အင်္ဂလိပ်ကသင်တန်းပေးလို့ သူ့ကိုတိုက်တာဆိုပြီး အပြစ်တင်ခဲ့ပါတယ်။

ပူတင်ဘာလုပ်နေလဲ NUG ကို ဝေဖန်သလို ဝိုင်းဆဲသလို သူ့လူမျိုးနဲ့ သတင်းသမားက ဝိုင်းမဆဲနေပါ။ ရန်မတိုက်ပေးပါ။ ရုရှားရဲ့ စစ်ရေးအသုံးစားရိတ်က NUG ထက် အစပေါင်းများစွာသာတာ အားလုံးလက်ခံမှာပါ။

ဒါဆိုရင် အင်္ဂလိပ်ကရော ရုရှားတိုက်ရင် သူ့ဝေဟင်ကို ကာကွယ်နိုင်မှာလား? ရုရှားကအင်္ဂလိပ်ကို စွပ်စွဲအပြီးမှာဘဲ အင်္ဂလိပ် အငြိမ်းစားလေတပ်ဗိုလ်ချုပ်ကြီးက အင်္ဂလိပ်လေကြောင်းရန်ကာကွယ်ရေးအနေနဲ့ ရုရှားရဲ့ အသံထက်မြန်တဲ့(hypersonic missiles) ဒုံးပျံကို ကာကွယ်နိုင်ဖို့ ခက်လိမ့်မယ်ဆိုပြီး ပြောနေတာ သတင်းထဲမှာ တွေ့လိုက်ရပါတယ်။

အကျဉ်းချုပ်ပြောလိုတာက လေကြောင်းရန်ကို NUG လို တူမီးနဲ့စတဲ့အဖွဲ့မပြောနဲ့ ဘောမများရဲ့သခင် ပူတင်ရဲ့ ရုရှားတွေ မကာကွယ်နိုင်ဘူးဆိုတာကို စာဖတ်သူတွေ နားလည်နိုင်အောင်အထောက်အထားနဲ့ တင်ပြလိုက်တာပါ။ ဒါတွေကို ရှောင်ရှားဖို့က သတင်းလုံခြုံဖို့ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page