top of page
Search

ရုရှား၏ အခြားတစ်ဖက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 2, 2022
  • 1 min read

ပူတင်က ရုရှားစစ်တပ်ကို ၁၉၉၈ နောက်ပိုင်း စစ်အင်အားတည်ဆောက်လာခဲ့ပြီး ရုရှားစီးပွါးရေးကိုလဲအမေရိကန်နဲ့ အဆင်ပြေအောင်ပေါင်းပြီး တိုးတက်အောင်လုပ်ခဲ့ပါတယ်။ ယခုအမေရိကန်ကို စအာခံပါပြီ။ ဒါရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာပြည်ကို ဘယ်လိုရိုက်ခတ်နိုင်လဲ လေ့လာကြည့်ရအောင်။


နိုင်ငံရေး

မအလဟာ ပူတင်ကိုထောက်ခံပြပြီး သူ့ရဲ့ အာဏာတည်မြဲရေးကို ပူတင်နဲ့ဆက်လိုက်တာတွေ့ရပါတယ်။ သူ့သေတွင်းသူတူးသွားတာပါ။ ဒါရဲ့အခြားတစ်ဖက်မှာ အမေရိကန်ရဲ့ ရန်သူဟာ ရုရှားနဲ့တရုတ်ဖြစ်လာနေလို့ သူကရုရှားတပည့်ခံခြင်းဖြင့် အမေရိကန်က နိုင်ငံရေးအရ NUG ကို ထောက်ခံရမှာဖြစ်ပြီး ပူတင့်ထံက မအလလက်နက်ရနေတာကို အမေရိကန်ကို ထောက်ပြပြီး ပူတင့်တပည့်ကို တိုက်ခိုက်ဖြုတ်ချနိုင်အောင် လက်နက်တောင်းရတာ ယခင်ကထက် ပိုနီးစပ်လာနိုင်ပါတယ်။



နောက်ရုရှားဟာ ဒီစစ်ပွဲကို ရက်ပိုင်းအတွင်း အနိုင်လို့ တွက်ခဲ့ပုံပါ။ ယခု ယူကရိန်းက ခံစစ်ကောင်းနေလို့ အမြန်နိုင်ဖို့မလွယ်သလို မြို့တွေကိုသိမ်းနိုင်ခဲ့ရင်တောင် ယူကရိန်းက ပြောက်ကျားစနစ်နဲ့ဆက်တိုက်ခဲ့ရင် အမေရိကန် အာဖဂန်နဲ့ အီရတ်မှာ ခံရသလို ရုရှားတပ်လဲ အသေများလာမှာပါ။ ဒါဆိုရင် သူ့ပြည်သူက အသံထွက်လာမှာပါ။

စီးပွါးရေး

ယခုတောင်ရုရှားစီးပွါးရေးကျပြီး ငွေထုတ်စက်တွေမှာ မြန်မာပြည်ကလို စတန်းစီနေပါပြီ။ ရုရှားငွေတန်ဖိုးလဲ ကျနေသလို စတော့စျေးကွက် Stock လဲ ပြုတ်ကျလို့ ပိတ်ထားရပါတယ်။ နောက်စစ်ပွဲအတွက်အကုန်အကျများပြီး စီးပွါးကျလာနိုင်ပါတယ်။ နောက်ရုရှားပို့ကုန်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ကအစ လိုက်ပိတ်နေပါပြီ။ လေယဉ်တောင် သူတို့လေပိုင်နက်ထဲ အဝင်မခံတော့ပါ။ ဒါကြောင့်ရုရှားရဲ့ဝင်ငွေကျပြီး ထွက်ငွေကများလာမှာပါ။ ရုရှားကလက်နက်ရောင်းပြီး ငွေရှာပေမယ့် သူ့ထံကဝယ်သူအများစုက မအလလိုခွက်သမားတွေ အများစုပါ။ စီးပွါးရေးကျရင် သူ့ပြည်သူက ဆူမှာပါ။ ရုရှားမှာလူသန်းချီဆန္ဒပြရင် ရုရှားစစ်တပ်က မပစ်ဖို့များပါတယ်။ ဒါကပူတင်ပြုတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။


မြန်မာပြည်အတွက်က မအလဟာ ထင်ထင်ရှားရှားပူတင်ကိုထောက်ခံပြလို့ အမေရိကန်က NUG ကိုလက်နက်ထောက်ပံ့ဖို့အထိ စဉ်းစားသွားစေမှာပါ။ ရုရှားက စီးပွါးရေးကျလို့ မအလကို စီးပွါးရေးအရကူညီဖို့က မဖြစ်နိုင်ပါ။ ပူတင်က ယူကရိန်းစစ်ပွဲထဲမှာ အမေရိကန် အီရတ်နဲ့ အာဖဂန်မှာလို ပိတ်မိသွားခဲ့ရင် အခြားကမ္ဘာ့အရေးမှာ လူစွာလုပ်ဖို့ ခက်သွားမှာပါ။ ရုရှား စီးပွါးရေးကျလို့ ပူတင်ပြုတ်ခဲ့ရင် ပူတင်ကထောက်ခံလို့ ရှင်သန်နေရသူတွေလဲ ထိမှာပါ။

အမှန်က မြန်မာပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒက ကြားနေမိုလို့ ဘာမှမပြောရင် ဘာမှမဖြစ်နိုင်ပေမယ့် မအလအာခြောင်လို့ သူ့ကို ပူတင်လူလို့ ထင်သွားသေပါတယ်။


ယခုအပေါ်မှာတင်ပြတာက ရုရှားကြောင့် စာရေးသူတို့အပေါ်ဘာတွေရိုက်ခတ်လာနိုင်လဲဆိုတာပါ။ ဒါပေမယ့် စာရေးသူတို့ ဒီမိုတွေအားလုံးသိထားရမှာက ယူကရိန်းကို အမြောက်ဖျက်လက်နက်တွေထောက်ပံ့ပေမယ့် စာရေးသူတို့ရဲ့ PDF ကို အမေရိကန်နဲ့ အနောက်အုပ်စုက ဘာမှမထောက်ပံ့သေးဘူးဆိုတာပါ။ ဒါ့အပြင် စာရေးသူတို့စစ်ကိုင်း၊ချင်းမှာ ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဘီဘီစီမှာနေ့စဉ်ယူကရိန်းလိုမပါနေသလို ထောက်ပံ့မနေပါ။ ဒါကြောင့် စာရေးသူတို့အနေနဲ့က NUG အစိုးရရဲ့ငွေတိုက်စာချုပ်ကိုဝယ်ပါ တော်လှန်ရေးမိသာစု PRF ဝင်ပြီး လစဉ်ထောက်ပံ့ပါ၊ ထီထိုးပါ။ လိုင်းပေါ်တက်နိုင်ရင် clicktodonate ကိုနှိပ်ပါ။ စာရေးသူတို့ ပြည်သူအချင်းချင်းကသာ ကူရမှာပါ။ စာရေးသူတို့ မြန်မာလိုတွေးပြီး အနောက်မမျှော်ဘဲ မြန်မာလို မအလတပ်ကိုပြန်တိုက်ရင် လုံးဝမုချနိုင်မှာပါ။

 
 
 

Recent Posts

See All
ဒေဝဒတ်မြေမြိုခြင်း

ဒေဝဒတ်မြေမြိုလို့ ပြည်သူတွေက ပျော်တာကို ဒေဝဒတ်ဟာ ပညာတတ်ကြောင်း၊ သင်္ဃန်းခြုံထားကြောင်း ဒါကြောင့် မပျော်သင့်ကြောင်း သတင်းသမားများနဲ့ ပညာရှင်များက ပြောလို့မရပါ။ လူတော်ပြီး လူမကောင်းရင် အလကားပါ။ မြေမြို့

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Mar 02, 2022

ဦးမြတ်!!!ထင်ရာ​တွေ စိုင်းလို့ ရိုင်းခဲ့ရတာ အတိတ်​ခြေရာများက သက်​သေပြ​နေပါသည်။

မြင်းစိုင်းလို့ စစ်ကိုင်း​ရောက်သွား​တော့ ကိုင်း ညွှတ် ​ကွေးလို့ ​ဘေး အသီးသီး​တွေနဲ့။

​လှေထိုးလိုက်တာ ပဲခူး​ရောက်သွား​တော့ ခပ်တိုင်းငန်တဲ့ ပဲခူးဆား။

ဆား!!!ခပ်တိုင်း မ​ကောင်း၊ ထည့်တိုင်း မလှ၊၊ သူ့အိုးနဲ့ ဆား တန်ရုံမျှသာ။

အရသာရိှတဲ့ ဟင်းတစ်ခွက်အတွက် ဆား အစိတ်သား(၂၅ ကျပ်သား)ထည့်လို့ ဟင်းလည်း ပျက်ခဲ့ရပါပြီ။

ဘာသာထဲလည်းပါ၊ သာသနာထဲလည်းပါ။ ပါ​လေသမျှ အမည်းစက်အဖြစ်နဲ့။

အငန်ကဲ ​လေသမျှ ​သွေးတိုးတဲ့ ​ရောဂါဆိုး ရ​စေဖို့အ​ကြောင်းဖန်ပါသည်။

ပဲကြီးခြမ်းနှစ်ခုကြား

ဆား ညှပ်လျှင်

ပဲနှင့်အတူ

အ​လှော်ခံရ

အပူဒါဏ်သာရပါမည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page