top of page
Search

ရုရှားလေယာဉ်အသစ် SU 30 ကို ကြောက်ရမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 9, 2022
  • 1 min read

ရုရှားထံက SU 30 ကို မှာထားခဲ့တယ် ကြာခဲ့ပါပြီ။ စာရေးသူအနေနဲ့ ရုရှားတွေ လာသင်တာရဟတ်ယာဉ်တွေကို စစ်ဆင်ရေးလုပ်လို့ရအောင် ပြင်ပေးတာတွေကို ယခင်က ရေးခဲ့ပြီးပါပြီ။ SU 30 ကို စမှာစဉ်က မြန်မာပြည်ဟာ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှဒ်တို့နဲ့ စစ်ဖြစ်ရင် ဘာမှကာကွယ်စရာမရှိဘူးဆိုတဲ့ စစ်မဟာဗျူဟာကနေ လာပါတယ်။ ရွက်ဆစ် RCSS ကို မောင်အေးလက်ထက်တိုက်ချိန်မှာ ထိုင်းက F16 ကို ဘာမှမလုပ်နိုင်တာကနေ စခဲ့ပါတယ်။ ဒီလေယာဉ်တွေကို မှာချိန်မှာကိုးကန့်တိုက်ပွဲအပြီး ဝ UWSA ကို တိုက်ခိုက်ရရင် တရုတ်ထဲ ကျည်မကျအောင် တိတိကျကျ ပစ်နိုင်အောင်နဲ့ UWSA ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရှောင်နိုင်အောင်ပါ စဉ်းစားပြီး ဝယ်ခဲ့ကြပါတယ်။ ဒါက တော်လှန်ရေးကို ဘယ်လိုထိခိုက်မှာလဲ?

SU 30 ဟာ လေယာဉ်အချင်းချင်း တိုက်ရာမှာ ကောင်းပါတယ်။ အနိမ့်ကနေ လေကြောင်းရန်က မမြင်နိုင်အောင်ပျံနိုင်တာ အမြင့်ကနေ ဒုံးပျံပစ်တာတွေမှာ ကောင်းပါတယ်။ ဒါပေမယ့် ရန်သူ့ပစ်မှတ်ကို သိမှသာ ဒီလေယာဉ်က အသုံးဝင်တာပါ။ ဒါက မြို့ကိုပစ်တာနဲ့ စစ်ရေးပစ်မှတ်မတူပါဘူး။ ဥပမာ ဝ သိမ်းထားတဲ့မြို့တော်ရဲ့ ပစ်မှတ်တွေကို ပစ်နိုင် ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် ဝရဲ့ စစ်စခန်းတွေကို ဖျက်တာက ကျင်းတူးထားရင် နေရာမသိရင် မလွယ်ပါ။ နောက်အဲ့ဒီလေယာဉ်ကို တစ်နာရီပျံတဲ့ ကုန်ကျစားရိတ်က ဒေါ်လာ ၃၅၀၀၀ ပါ။ ကျပ်သိန်းတစ်ထောင်ပါ။ ဒါက ပစ်တဲ့လက်နက်ဖိုး မပါသေးပါ။ ယူကရိန်းက အိမ်တွေကို ရုရှားက လေယာဉ်နဲ့ ပစ်နိုင် ဖျက်နိုင်ပေမယ့်စစ်ရေးပစ်မှတ်ကိုထိဖို့တော့ ခက်ခဲ့ပါတယ်။

SU 30 ဟာ PDF ကို ဘာမှလုပ်မရပါ။ PDF က ပြောက်ကျားစနစ်နဲ့ သတင်းလုံခြုံအောင်နေနိုင်တိုက်နိုင်ရင် SU 30 ဟာ ကောက်ရိုးပုံထဲမှာ အပ်ရှာသလိုဖြစ်နေမှာပါ။ မအလတပ်ဟာ PDF ကယင်းမာပင်ထဲမှာဆိုတာသိရုံနဲ့ လေယာဉ်နဲ့ပစ်မရပါ။ ရွာအတိအကျ နေရာအတိအကျသိမှပါ။  မသိဘဲပျံနေရင် ငွေကုန်ပြီး ဘာမှမထိရောက်ပါ။ ဥပမာ ရန်ကုန် မြောက်ဒဂုံမှာဆိုတာ သိရုံနဲ့ SU 30 လေယာဉ်က ဘာမှလုပ်မရပါ။ ရပ်ကွက် လမ်း၊ အိမ်နံပတ်သိမှသာ အသုံးဝင်တာပါ။ ဒီနေရာမှာPDF က ရန်သူ့စခန်းကို သွားတိုက်ရင်တော့ သူက ပစ်ကူပေးလို့ရပါတယ်။ ဒါကြောင့် PDF နဲ့ EAOs တွေက နေရာအများကြီးကို တစ်ချိန်ထဲ တပြိုင်နက်ထဲ တိုက်နိုင်ရင်တော့ သူပစ်ကူပေးနိုင်တာ အကန့်အသတ်ရှိနေမှာပါ။ ဒါမှမဟုတ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထထ တိုက်နေရင်တော့ ကြာနေမှာပါ။

အကျဉ်းချုပ်ရရင် ပြည်သူဒီမိုတွေက SU 30 ကို ပူစရာမလိုပါ။ မိမိလက်နက်ခဲယမ်းကို စုစရာရှိတာ စုပါ။ လှူစရာရှိတာ လှူပါ။ သတင်းလုံခြုံပါ။ ကိုယ်ကကျူး ဒူးတောင်မယုံပါနဲ့။ နောက်အဖွဲ့များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်အောင် ကြိုးစားပါ။ အထက်အောက် အမိန့်နာခံမှုရှိအောင် ကြိုးစားပါ။ ဒါဆိုရင် စာရေးသူတို့ မုချနိုင်မှာလို့ ပြောပါရစေ။ စည်းလုံးညီညာ အောင်ကြောင်းဖြာမှာပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page