top of page
Search

ရုရှားစစ်သင်္ဘောကြီးကို ယူကရိန်းက ဘယ်လိုဖျက်ခဲ့သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 10, 2022
  • 1 min read

ရုရှားတပ်မှာ နာမည်ကြီးစစ်သင်္ဘောကြီးရှိပါတယ်။ သူ့နာမည်က Moskva မော်စကိုဗာလို့ ခေါ်ပါတယ်။ သူက ရုရှားမြို့တော် မော်စကိုကို အစွဲပြုခေါ်ထားတာပါ။ သူ့မှာ သင်္ဘောသား ၅၁၀လောက်ပါပြီး ခေတ်မှီ သင်္ဘောပျက်ဒုံးတွေ တာဝေးပစ်ဒုံးတွေ လေယာဉ်ပစ်စနစ်တွေ တပ်ဆင်ထားပါတယ်။ သူက ဆီးရီးယား၊ ကရိုင်းမီးယားစတဲ့ ပွဲတိုင်းမှာ ပါခဲ့တဲ့ ပွဲတိုင်းကျော်ပါ။ရုရှားမှာ သူ့ကို မနစ်နိုင်တဲ့ သင်္ဘောလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာသာရေးအရလဲအဆိုပါသင်္ဘောပေါ်မှာ ဘုရားရဲ့ လက်ဝါးကတ် (True Cross) မြန်မာလို ဆွယ်တော်မျိုးသင်္ဘောပေါ်က ဘုရားကျောင်းမှာထားပြီး သူက ကျည်ပြီးတယ်လို့ ဆိုပါတယ်။ ဒါဆို ယူကရိန်းက ဘယ်လိုပစ်ခဲ့လဲ?

စစ်ရေးကျွမ်းကျင်သူများအဆိုအရ ယူကရိန်းက မောင်းသူမဲ့လေယာဉ်နဲ့ အာရုံနောက်အောင်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန် ကင်းထောက်လေယာဉ်က သင်္ဘောရဲ့ တည်နေရာကိုပေးလို့ အိုဒါဆာကနေ ယူကရိန်းတပ်က သင်္ဘောဖျက် နက်ပကျွန်းဒုံးနဲ့ထုလို့ သင်္ဘောအလယ်ထိပြီး ပျက်သွားခဲ့ပါတယ်။ သင်္ဘောသား ၂၅၀ လောက်သေတယ်လို့ ဆိုပါတယ်။ ရုရှားကဇော်မဲလုံးလို သူ့သင်္ဘောအပစ်ခံရတာမဟုတ်ဘဲ သင်္ဘောပေါ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့သာပြောပါတယ်။ ကမ်းခြေကိုဆွဲလာချိန်မှာ သင်္ဘောက မြုပ်သွားခဲ့တာပါ။ ဒီနေရာမှာ စစ်ပွဲတွေတိုက်ချိန်မှာ ရန်သူရဲ့တည်နေရာက အင်မတန် အရေးကြီးပါတယ်။ ဥပမာ မအလတပ်ကKNU စခန်းကို ဗုံးကြဲတာ အမြောက်နဲ့ပစ်တာကအစ မိမိလူထဲမှာ ရန်သူ့ဒလန်ရှိရင် ပစ်ရလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ရန်သူ့ဒလန်က တည်နေရာကို ပို့ပေးလို့ပါ။ ပုံမှန်မှာ လေယာဉ်တွေနဲ့ ကင်းထောက်ပါတယ်။ ဒါပေမယ့် လေပေါ်က ထောက်လှမ်းရေးဟာ မြေပြင်က ဒလန်လောက် မတိကျပါ။ နေရာကိုပို့တာက GPS နဲ့ အခြားပွဲတွေမှာက မြေပုံတည်နေရာcoordinates တွေကို ပေးရတာပါ။ စာရေးသူတို့ PDF မှာက လောလောဆယ် ခေတ်မှီလက်နက် မရှိသေးလို့ ရန်သူရဲ့ စစ်ရုံးချုပ်ကို တည်နေရာသိပေမယ့် ပစ်မရသေးတာပါ။

ရုရှားစစ်ပွဲကနေ သင်ခန်းစာယူဖို့က စာရေးသူတို့ ဒီမိုတပ်တွေအနေနဲ့ မိမိတည်နေရာကို ဖုန်းကဖြစ်ဖြစ်၊ ဒလန်က Live လွှင့်လို့ဖြစ်ဖြစ်၊ မသိလို့ live လွှင့်ပြီးဖြစ်ဖြစ် ဒလန်ကိုခေါ်ထားပြီးဖြစ်ဖြစ် နေရာမပြမိစေလိုပါ။ ဒလန်က ကြံ့ဖွတ်ပါတီဝင်ဆိုရင် ခန့်မှန်းရတာလွယ်ပေမယ့်ဒလန်က ဒီမိုကရေစီရောင်ရောင်ဆိုရင် မှန်းရခက်ပါတယ်။ ဒါကြောင့် လုံခြုံရေးသတိတော့အမြဲရှိပါလို့ တိုက်တွန်းပါရစေ။

Reference: The Times, BBC, CNN, Reuters

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page