top of page
Search

ရုရှားငှက်ကင်တွေဘယ်ရောက်သွားလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 1, 2025
  • 1 min read

မအလတပ်က ပြည်သူတွေကိုဗုံးကြဲရင် တတိယခွေးအုပ်စုနဲ့ စစ်ခွေးအုပ်စုတို့ ပြောလေ့ရှိတာက ငှက်ကင်တွေဘယ်မှာလဲဆိုတာပါ။ မနေ့က တိုက်တိုက်ဆိုင်ဆိုင်ပဲ ရုရှားက ဒရုန်းတွေနဲ့ပစ်တာကို ယူကရိန်းက အမေရိကန်နေတိုးထောက်ပံ့ခံဖြစ်သော်လည်း ဒေါ်လာဘီလီယံသုံးရာလေးရာအထက်ရရှိသော်လည်း မကာကွယ်နိုင်တာကို တကယ်ရိုးသားစွာမသိသူတွေအတွက် ရှင်းပြခဲ့သလို ဘောမတွေ တတိယခွေးအုပ်စုတွေနားလည်အောင်လည်းရှင်းပြခဲ့ပါတယ်။

တိုက်ဆိုင်စွာပဲ အဆိုပါဆောင်းပါးတင်တဲ့နေ့မှာဘဲ ရုရှားကို ယူကရိန်းက ဒ ရုန်းတွေနဲ့ ပြန်စော်သွားခဲ့ပါတယ်။ ရုရှားဟာ မအလခွေးတပ်ရဲ့ ဖခင်ကြီးပါ။ ကြွက်မင်းကြီးပေါ့။ ရုရှားဟာ အမေရိကန်ပြီးရင် ဒုတိယအဆင့်အားအကြီးဆုံးတိုင်းပြည်ပါ။ ဒါကတော့ဘောမထွေးလည်း ထောက်ခံမယ်ထင်ပါတယ်။ ငြင်းမရတဲ့အချက်ပါ။ တရုတ်ကလည်းယခုအချိန်အထိ ရုရှားကိုအဖေခေါ်နေရဆဲပါ။ ဒါကြောင့်မို့လို့ ရုရှားရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်ကတော့ အမေရိကန်ပြီးရင် ဒုတိယအကောင်းဆုံးဆိုတာ တတိယခွေးအုပ်စုရော ဘောမတွေပါ အားလုံးလက်ခံလိမ့်မယ်လို့ထင်ပါတယ်။

ဒါဆိုရင် ကြွက်မင်းကြီးရဲ့ ငှက်ကင်တွေက ဘာကြောင့် ယူကရိန်းလေ‌ ‌‌ ကြောင်းကတိုက်ခိုက်တာကို မကာကွယ်နိုင်ခဲ့တာပါလဲ။ ယခုစာရေးနေတဲ့အချိန်အထိ တက်လာတဲ့သတင်းတွေအရ ယူကရိန်းရဲ့ ထောက်လှမ်းရေတွေက စာရေးသူယခင်က NUG ကို အကြံပေးနေခဲ့သလိုပဲ ရုရှားအတွင်းစည်းထဲကိုဝင်ပြီးတော့ လေတပ်နားကနေ ကုန်ကားရပ်ပြီးတော့ ဒရုန်းတွေနဲ့ fibre optic လို့ခေါ်တဲ့ စွန်လွှတ်သလိုကြိုးတွေနဲ့သုံးပြီး တိုက်ခိုက်သွားခဲ့တာပါ။ သူတို့ဟာ တကယ့်မစ်ရှင်အကြီးကြီးကိုဝင်တိုက်သွားပြီး ဝင်မတိုက်ခင်တော့ အာမချောင်ခဲ့ပါ။ ပစ်မှတ်အသေးတွေကို စမ်းသပ် ပစ်မပြခဲ့ပါ။ ဒါကတော့စာရေးသူတို့အားလုံး လေ့လာသင်ယူရမယ့် သတင်းလုံခြုံ‌ ရေးအချက်ပါ။

ယခုလို တိုက်ခိုက်လို့ ကြွက်မင်းရဲ့လေတပ်က အနုမြူဗုံးကြဲလေယာဉ်ပေါင်း ၄၀ ကျော် ပျက်စီးခဲ့တယ်လို့ သတင်း‌တွေက ဆိုပါတယ်။ ပူတင်ကလဲ ပြန်ချမှာပါ။

ပြောလိုတာက ပူတင်ရဲ့ ငှက်ကင်တွေဟာ ယူကရိန်းရဲ့လေကြောင်းရန်ကို မကာကွယ်နိုင်ခဲ့ပါ။ ပူတင်ငှက်ကင်တွေ ဘယ်ရောက်သွားပါသလဲ? သူကမှ NUG လို သာမန်ကျောင်းတွေကို မကာကွယ်နိုင်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့ စစ်ရေးအရ အချက်အချာကျတဲ့ လေတပ်စခန်းကို မကာကွယ်နိုင်ခဲ့တာပါ။ ရုရှားဟာ ကမ္ဘာမှာ ဒုတိယ စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး သူလိုနိုင်ငံကတောင် မကာကွယ်နိုင်တဲ့ လေကြောင်းရန်ကို ဘာမှ ‌စစ်အသုံးစားရိတ်မရှိဘဲ လေးနှစ်သား NUG ကို မကာကွယ်နိုင်ရကောင်းလားဆိုပြီး အပြစ်တင်သူတွေရဲ့ ဦးနှောက်ကို သာမန်ပြည်သူများ စဉ်းစားလို့ရနိုင်အောင် ရေးပြတာပါ။

စာရေးသူတို့အနေနဲ့ လေကြောင်းရန်ကာကွယ်ဖို့က ယူကရိန်းကိုလေ့လာပါ။ မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ဗျူဟာနဲ့ သူ့တပ်ထဲဝင် ထောက်လှမ်းရေးစနစ်ကိုသုံးပြီး ယူကရိန်းကို အတုယူပါ။ ပြည်သူကတော့ ဒီလိုမျိုးစစ်ဆင်‌ရေးတွေလုပ်နိုင်အောင် PRF ကတဆင့် NUG အောက်က PDF ကို ထောက်ပံ့ပါ။ ငါတို့မှာ ငါတို့သာရှိပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page