top of page
Search
Writer's pictureMyat Tun Oo

ရုရှားကရသောဆိုကရေးတီးဆုမှပေးသောအတွေး ႐ုရွားကရေသာဆိုကေရးတီးဆုမွေပးေသာအေတြး


႐ုရွားကရေသာဆိုကေရးတီးဆုမွေပးေသာအေတြး

အဘက႐ုရွားမွာစာေရးသူတို႔တပ္မေတာ္ကဝင္ၿပိဳင္ရာမွာဆိုကေရးတီးမွာဆုရာလာလို႔ဝမ္းသာအားရတင္တယ္။အခ်ိန္ကေမၿမိဳ႕ကိုဝင္အတိုက္ခံရခ်ိန္ဆိုေတာ့ေနာက္သလိုျဖစ္သြားတယ္။သူတို႔တင္ပံုကမင္းတို႔တပ္ကဆိုကေရးတီးသာေတာ္ၿပီးစစ္မတိုက္ဘူးလို႔ရြဲ႕ေျပာသလိုျဖစ္ေနပါတယ္။

အဲ့ဒီျဖစ္တဲ့ေန႔ကေမျမ်ိဳ႕ကစစ္ကူေနာင္ခ်ိဳဘက္ကိုစစ္ကူတက္သြားမလား။ဒါမွမဟုတ္ရင္မိတၳိလာကေနရဟတ္ယဥ္နဲ႔ေနာင္ခ်ိဳကိုတက္မလား။ေမာင္းရင္၁၂၁မိုင္သာေလေၾကာင္းကသြားရမွာပါ။သြားသမလို႔ရတယ္။ရာသီဥတုကဒီေလာက္မဆိုးခဲ့ပါ။ေသခ်ာတာကေတာ့ဘယ္သူမွတပ္မေတာ္ေလကိုစစ္ကူမေခၚခဲ့ပါ။ေသခ်ာတာကေတာ့ေရငုပ္သေဘၤာနဲ႔ကေနာင္ခ်ိဳကိုစစ္ကူသြားလို႔မရဘူးဆိုတာပါ။ဓာတ္ခဲကိုေတာင္ေရငုပ္သေဘၤာကေနဘာမွလုပ္မရပါ။ၾကည္းတပ္ကစစ္ကူေနာက္က်တာဟာစက္ပ်က္ေအာင္မ်ားေစာင့္ေနသလားေမးစရာရွိလာပါတယ္။က်ဆံုးသြားတဲ့တပ္ဖြဲ႕ဝင္ေတြဟာအင္မတန္ေတာ္ၿပီးစခန္းကိုေလးနာရီေက်ာ္ထိန္းထားခဲ့တာပါ။ဒါဟာဓာတ္ခဲကရဲစခန္းဝင္တိုက္လဲျဖစ္သလို၊အာဆာဝင္တိုက္တုန္းကလဲျဖစ္ခဲ့ပါတယ္။တိုက္တန္းခံေနရရင္မေကာင္းပါ။

အခ်ိဳ႕ကဘဂၤလားကေရငုပ္သေဘၤာပိုင္လို႔ဘာညာေျပာတာရွိပါတယ္။ကမ႓ာေပၚကစီးပြားေရးတိုးတက္တဲ့ဂ်ာမနီရဲ႕တပ္မေတာ္မွာေရငုပ္သေဘၤာမရွိတဲ့အခ်ိန္ရွိခဲ့တယ္ဆိုရင္ယံုမလား။ေရငုပ္သေဘၤာကေနကမ္းတက္စစ္ပြဲလုပ္မရပါ။ဒါကထားလိုက္ပါ။ယခုသြားတာကဘတ္ဂ်က္ပိုတာေလးကိုဝယ္ရေအာင္ရယ္ယခုတပ္ခ်ဳပ္နဲ႔တ႐ုတ္အဆင္မေျပလို႔႐ုရွားကဘယ္ေလာက္အထိကူညီမလဲသြားေတာက္ၾကည့္ပံုပါ။တ႐ုတ္ကိုမၾကည္ေသာ္လဲလံုျခံဳေရးေကာင္စီမွာဗီတိုသံုးေပးလို႔မခ်စ္ေသာ္လဲေအာင့္ကာနမ္းေနရပံုပါ။

စာေရးသူတို႔စစ္ေရးေလ့က်င့္ရင္ရန္သူ႔တပ္စခန္းကိုဘယ္လိုၾကည္း၊ေရ၊ေလပူးေပါင္းသမလိုက္တယ္နဲ႔ပင္လယ္ျပင္မွာဘယ္လိုကယ္လိုက္တယ္၊ကိုင္လိုက္တယ္ေလ့က်င့္ပါတယ္။အနည္းငယ္ေတာ့ယခုလိုအျဖစ္မ်ိဳးက်င့္ပါတယ္။နည္းပါတယ္။

တိုင္းျပည္မွာလိုေနတာကရန္သူကိုတိုက္ႏိုင္တဲ့Apache ရဟတ္ယဥ္ေတြ၊အေမရိကန္ကမရႏိုင္ရင္ေတာင္႐ုရွားကKamov Ka-52 Hokum-B အမ်ိဳးအစားေတြ၊Mil Mi-28NM အမ်ိဳးအစားရဟတ္ယဥ္ေတြပါ။ဒီေကာင္ေတြနဲ႔ဆိုဘယ္အခ်ိန္မဆိုတိုက္ရလြယ္ပါမယ္။ၿငိမ္းခ်မ္းေရးရရင္ေတာ့အေကာင္းဆံုးပါ။ေရတိုမွာေတာ့တိုက္ရမွာပါ။

စဥ္းစားစရာရွိတာကၾကည္းတပ္ကေနာင္ခ်ိဳကိုခ်က္ျခင္းလာမကူသလို၊ေလတပ္ကိုလဲအကူအညီမေတာင္းတာဟာတိုက္ဆိုင္တာလားcommand and control failure လားဆိုတာအေျဖရွာဖို႔လိုေနပါၿပီ။ယခုလား႐ိႈးနဲ႔ကြတ္ခိုင္ဘက္မွာကေတာ့သူပုန္ကိုေအာင္ျမင္စြာတိုက္ထုတ္ႏိုင္တယ္ေျပာရပါမယ္။

ျပင္ဆင္ရမွာကသတင္းစုေဆာင္းမႈကိုဘယ္လိုေကာင္းေအာင္လုပ္မလဲ၊ရန္သူကအလစ္အငိုက္တိုက္ခဲ့ရင္ဘယ္လိုတံု႔ျပန္မလဲယခုထက္ပိုျပင္ဆင္သင့္သလိုေရငုပ္သေဘၤာထက္ေလတပ္ကိုျပည္တြင္းစစ္တိုက္ႏိုင္ေအာင္ျပင္ဆင္ေထာက္ပံ့သင့္ပါတယ္။ေလတပ္ရဲ႕ဖြဲ႕စည္းပံုမွာကေလယဥ္ေတြ၊ရဟတ္ယဥ္ေတြေမာင္းရမွာမိုလို႔ဗိ္ုလ္ကတပ္သားထက္မ်ားေနလဲအလုပ္သေဘာအရျပႆနာမရွိပါ။

ဟိုအရပ္သားအစိုးရကိုသြားၿပီးအျပစ္တင္ေနလို႔မထူးပါ။ေျခဥအရသူ႔မွာတာဝန္မရွိဘဲတပ္ခ်ဳပ္ကသာလက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ေခါင္းေဆာင္ပါ။ယခင္ဧည့္စာရင္းစစ္တာရွိလဲကိုးကန္႔တိုက္ပြဲေတြျဖစ္ခဲ့သလိုဗံုးေတြလဲေပါက္ခဲ့တာပါဘဲ။မထူးပါ။ဧည့္စာရင္းကအတိုက္အခံေတြကိုဖမ္းရာမွာသာသံုးခဲ့တာပါ။ရန္သူကိုတပ္အေနနဲ႔NLD ကိုတိုက္သလိုျပင္ၿပီးသာတိုက္ရင္ကိုေနမ်ိဳးဇင္တို႔ကိုဖမ္းသလိုလံုျခံဳေရးလုပ္ရင္ႏိုင္ပါမယ္။မဟုတ္ဘဲရန္သူကိုဝီဝီ့လိုသြားၿပီးဖမ္းေနရင္၊တိုက္ေနရင္ေတာ့အဆင္မေျပပါ။

Unicode version

ရုရှားကရသောဆိုကရေးတီးဆုမှပေးသောအတွေး

အဘကရုရှားမှာစာရေးသူတို့တပ်မတော်ကဝင်ပြိုင်ရာမှာဆိုကရေးတီးမှာဆုရာလာလို့ဝမ်းသာအားရတင်တယ်။အချိန်ကမေမြို့ကိုဝင်အတိုက်ခံရချိန်ဆိုတော့နောက်သလိုဖြစ်သွားတယ်။သူတို့တင်ပုံကမင်းတို့တပ်ကဆိုကရေးတီးသာတော်ပြီးစစ်မတိုက်ဘူးလို့ရွဲ့ပြောသလိုဖြစ်နေပါတယ်။

အဲ့ဒီဖြစ်တဲ့နေ့ကမေမြျို့ကစစ်ကူနောင်ချိုဘက်ကိုစစ်ကူတက်သွားမလား။ဒါမှမဟုတ်ရင်မိတ္ထိလာကနေရဟတ်ယဉ်နဲ့နောင်ချိုကိုတက်မလား။မောင်းရင်၁၂၁မိုင်သာလေကြောင်းကသွားရမှာပါ။သွားသမလို့ရတယ်။ရာသီဥတုကဒီလောက်မဆိုးခဲ့ပါ။သေချာတာကတော့ဘယ်သူမှတပ်မတော်လေကိုစစ်ကူမခေါ်ခဲ့ပါ။သေချာတာကတော့ရေငုပ်သင်္ဘောနဲ့ကနောင်ချိုကိုစစ်ကူသွားလို့မရဘူးဆိုတာပါ။ဓာတ်ခဲကိုတောင်ရေငုပ်သင်္ဘောကနေဘာမှလုပ်မရပါ။ကြည်းတပ်ကစစ်ကူနောက်ကျတာဟာစက်ပျက်အောင်များစောင့်နေသလားမေးစရာရှိလာပါတယ်။ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေဟာအင်မတန်တော်ပြီးစခန်းကိုလေးနာရီကျော်ထိန်းထားခဲ့တာပါ။ဒါဟာဓာတ်ခဲကရဲစခန်းဝင်တိုက်လဲဖြစ်သလို၊အာဆာဝင်တိုက်တုန်းကလဲဖြစ်ခဲ့ပါတယ်။တိုက်တန်းခံနေရရင်မကောင်းပါ။

အချို့ကဘင်္ဂလားကရေငုပ်သင်္ဘောပိုင်လို့ဘာညာပြောတာရှိပါတယ်။ကမ႓ာပေါ်ကစီးပွားရေးတိုးတက်တဲ့ဂျာမနီရဲ့တပ်မတော်မှာရေငုပ်သင်္ဘောမရှိတဲ့အချိန်ရှိခဲ့တယ်ဆိုရင်ယုံမလား။ရေငုပ်သင်္ဘောကနေကမ်းတက်စစ်ပွဲလုပ်မရပါ။ဒါကထားလိုက်ပါ။ယခုသွားတာကဘတ်ဂျက်ပိုတာလေးကိုဝယ်ရအောင်ရယ်ယခုတပ်ချုပ်နဲ့တရုတ်အဆင်မပြေလို့ရုရှားကဘယ်လောက်အထိကူညီမလဲသွားတောက်ကြည့်ပုံပါ။တရုတ်ကိုမကြည်သော်လဲလုံခြုံရေးကောင်စီမှာဗီတိုသုံးပေးလို့မချစ်သော်လဲအောင့်ကာနမ်းနေရပုံပါ။

စာရေးသူတို့စစ်ရေးလေ့ကျင့်ရင်ရန်သူ့တပ်စခန်းကိုဘယ်လိုကြည်း၊ရေ၊လေပူးပေါင်းသမလိုက်တယ်နဲ့ပင်လယ်ပြင်မှာဘယ်လိုကယ်လိုက်တယ်၊ကိုင်လိုက်တယ်လေ့ကျင့်ပါတယ်။အနည်းငယ်တော့ယခုလိုအဖြစ်မျိုးကျင့်ပါတယ်။နည်းပါတယ်။

တိုင်းပြည်မှာလိုနေတာကရန်သူကိုတိုက်နိုင်တဲ့Apache ရဟတ်ယဉ်တွေ၊အမေရိကန်ကမရနိုင်ရင်တောင်ရုရှားကKamov Ka-52 Hokum-B အမျိုးအစားတွေ၊Mil Mi-28NM အမျိုးအစားရဟတ်ယဉ်တွေပါ။ဒီကောင်တွေနဲ့ဆိုဘယ်အချိန်မဆိုတိုက်ရလွယ်ပါမယ်။ငြိမ်းချမ်းရေးရရင်တော့အကောင်းဆုံးပါ။ရေတိုမှာတော့တိုက်ရမှာပါ။

စဉ်းစားစရာရှိတာကကြည်းတပ်ကနောင်ချိုကိုချက်ခြင်းလာမကူသလို၊လေတပ်ကိုလဲအကူအညီမတောင်းတာဟာတိုက်ဆိုင်တာလားcommand and control failure လားဆိုတာအဖြေရှာဖို့လိုနေပါပြီ။ယခုလားရှိုးနဲ့ကွတ်ခိုင်ဘက်မှာကတော့သူပုန်ကိုအောင်မြင်စွာတိုက်ထုတ်နိုင်တယ်ပြောရပါမယ်။

ပြင်ဆင်ရမှာကသတင်းစုဆောင်းမှုကိုဘယ်လိုကောင်းအောင်လုပ်မလဲ၊ရန်သူကအလစ်အငိုက်တိုက်ခဲ့ရင်ဘယ်လိုတုံ့ပြန်မလဲယခုထက်ပိုပြင်ဆင်သင့်သလိုရေငုပ်သင်္ဘောထက်လေတပ်ကိုပြည်တွင်းစစ်တိုက်နိုင်အောင်ပြင်ဆင်ထောက်ပံ့သင့်ပါတယ်။လေတပ်ရဲ့ဖွဲ့စည်းပုံမှာကလေယဉ်တွေ၊ရဟတ်ယဉ်တွေမောင်းရမှာမိုလို့ဗိ်ုလ်ကတပ်သားထက်များနေလဲအလုပ်သဘောအရပြဿနာမရှိပါ။

ဟိုအရပ်သားအစိုးရကိုသွားပြီးအပြစ်တင်နေလို့မထူးပါ။ခြေဥအရသူ့မှာတာဝန်မရှိဘဲတပ်ချုပ်ကသာလက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်ပါ။ယခင်ဧည့်စာရင်းစစ်တာရှိလဲကိုးကန့်တိုက်ပွဲတွေဖြစ်ခဲ့သလိုဗုံးတွေလဲပေါက်ခဲ့တာပါဘဲ။မထူးပါ။ဧည့်စာရင်းကအတိုက်အခံတွေကိုဖမ်းရာမှာသာသုံးခဲ့တာပါ။ရန်သူကိုတပ်အနေနဲ့NLD ကိုတိုက်သလိုပြင်ပြီးသာတိုက်ရင်ကိုနေမျိုးဇင်တို့ကိုဖမ်းသလိုလုံခြံုရေးလုပ်ရင်နိုင်ပါမယ်။မဟုတ်ဘဲရန်သူကိုဝီဝီ့လိုသွားပြီးဖမ်းနေရင်၊တိုက်နေရင်တော့အဆင်မပြေပါ။

997 views0 comments

Comments


bottom of page