top of page
Search

ရှုံးမဲမဲသည့် စစ်တပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 26, 2021
  • 1 min read

မအလတပ်ဟာ ယခင်က KIA၊ KNU တို့နဲ့ တိုက်ခိုက်ရာမှာ ပထမဗျူဟာက တစ်ဖွဲ့ကိုတိုက်ချိန်မှာ အခြားအဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားပါတယ်။ KNU ကို ထိုးစစ်ဆင်ချိန်မှာ KIA နဲ့ စစ်ရပ်ထားခဲ့တာ အားလုံးမှတ်မိမှာပါ။ KNU နဲ့ NCA ထိုးအပြီးမှာ KIA ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ တပ်တွေကို ပြည်မကနေ လွတ်လပ်စွာရွှေ့ပြောင်းခဲ့ပါတယ်။ ဒါက ၂၀၂၀အထိပါ။

AA နဲ့ တိုက်ပွဲဖြစ်ရာမှာ ယခင်နည်းအတိုင်းမရတော့ဘဲ AA က ခြုံခိုတိုက်ခိုက်လို့အသေအပျောက်များခဲ့ပါတယ်။ AA ဟာ တပ်ရင်းထဲအထိ ဗုံးတွေကို ပစ္စည်းသယ်တဲ့ကားထဲထည့်လို့ တပ်ဝန်းထဲမှာ ပေါက်ကွဲတာတွေ ဖြစ်လာချိန်မှာ တပ်ထဲမှာ ကြောက်လာကြပါတယ်။ဒါတွေကိုလေ့လာရင် လက်ရှိမအလတပ်ရဲ့ အားသာချက်က ရန်သူ့စခန်းအထိုင်ရှိရင် လေယဉ်နဲ့ဗုံးကြဲတာ အမြောက်နဲ့ပစ်တာတွေလုပ်ပြီး ဝင်တိုက်ရာမှာ အားသာတာတွေရပါတယ်။

ဒါတွေဟာ ၂၀၂၁ PDF ပေါ်လာချိန်မှာ အများကြီးပြောင်းလဲခဲ့ပါတယ်။ အထူးသဖြင့် ဗမာတွေရဲ့ အာဇာနည်မြေဖြစ်တဲ့ စစ်ကိုင်းမှာပါ။ အစပိုင်းမှာ တူမီးလောက်သာ ကိုင်ပေမယ့် မအလတပ်တွေဟာ ခြုံခိုတိုက်ခိုက်တာကို သူတို့ရဲ့ တပ်ထဲကထွက်တာနဲ့ ခံလာရတာ တွေ့ရပါတယ်။ PDF မှာက KIA လို KNU လို အခိုင်အမာစခန်းမရှိပါ။ ဒါကြောင့် မအလဟာ ပစ်စရာလူမရှိဖြစ်နေခဲ့ပါတယ်။ PDF ဟာ လက်နက်အချို့ကိုလဲ မအလတပ်နဲ့ ရဲတွေထံက ရခဲ့ပါတယ်။မအလတပ်ဟာ အပြင်ထွက်တိုင်း အပစ်ခံနေရလို့ စိတ်ဓာတ်ခြောက်ခြားလာပါတယ်။ ယခုမုံရွာက စစ်ဆေးရုံမှာတက်နေသူအချို့ဆို ဒဏ်ရာရပြီး ရူးသွားသူများ (post traumatic stress disorder) တောင် ရှိလာပါတယ်။ တပ်ရင်းမှူးများ သေလာတာကို သတင်းတွေတက်လာချိန်မှာ စစ်ကိုင်းက တပ်ရင်းမှူးများက ကားနဲ့သွားဖို့ အမိန့်ကို ဖီဆန်လာကြပြီး ရဟတ်ယဉ်တောင်းဆိုလာကြပါတယ်။ ဒါပေမယ့် ရဟတ်ယဉ်နဲ့သွားပြီး ရန်သူ့နယ်ထဲရောက်ရင်တောင်အပြင်ထွက်ရင် ဝိုင်းအတိုက်ခံရလို့ ရဟတ်ယဉ်ကို အပစ်ခံရရင် ၁၅ မိနစ်အတွင်းလာကယ်ဖို့တောင်းလာကြပါတယ်။ ဒီကိစ္စက လောလောဆယ်မှာ စစ်ကိုင်းတစ်ခုထဲဆိုရင် အဆင်ပြေနိုင်ပေမယ့် နယ်တိုင်းကတိုက်ရင် အဆင်မပြေနိုင်ပါ။ နောက်စစ်ကိုင်းမှာ အဖွဲ့များစွာက တချိန်ထဲမှာ နေရာများစွာကတိုက်ရင် ရဟတ်ယဉ်က နေရာတိုင်းကိုလိုက်တိုက်ဖို့မလွယ်ပါ။ ဥပမာစစ်ကိုင်းတိုင်း နေရာဆယ်ခုက မအလတပ်ကို တစ်ချိန်ထဲ တိုက်ခိုက်ရင် ရဟတ်ယဉ်က နေရာဆယ်ခုကို တချိန်ထဲ မသွားနိုင်ပါ။ နောက်စစ်ကိုင်းက PDF တွေက မအလလာတိုက်တာကို မစောင့်ဘဲ သူ့ရဲ့ထောက်ပို့ယဉ်တွေကို မုံရွာထဲဝင်မရအောင် တိုက်ခိုက်ပိတ်ဆို့နိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် စစ်ကိုင်းမှာက မအလအားသာချက်ကို အသုံးချစရာနေရာမရှိတာ တွေ့ရပါတယ်။

မအလတပ်ဟာ စစ်ကိုင်းမှာ ပစ်စရာ PDF စခန်းကြီးကြီးမားမားမရှိလို့ ရှုံးမဲမဲပြီး ရွာတွေကိုလူမဆန်စွာ ပစ်ခတ်မီးရှို့တာတွေ လုပ်လာတာပါ။ သူ့ရည်ရွယ်ချက်က ဒီရွာတွေကို စံပြအနေနဲ့ မီးရှို့လူသတ် မုဒိမ်းကျင့်လုပ်ပြီး သူလုပ်ပြရင် အခြားရွာတွေကကြောက်ပြီး PDF ကို မထောက်ခံဖို့ပါ။ ဒါပေမယ့် သူကစစ်ရာဇဝတ်မှု ကျူးလွန်လေ PDF ကို ထောက်ခံသူများလာလေသာ ဖြစ်လာတာတွေ့ရပါတယ်။

အကျဉ်းချုပ်ရရင် ရွာတွေကိုမီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်လုပ်နေတာက မအလတပ်က ရှုံးမဲမဲနေတာပါ။ စစ်ကိုင်းက ခြုံခိုတိုက်ခိုက်တဲ့ ဗျူဟာက အဆင်ပြေနေပါတယ်။ ဒါကြောင့်အဆိုပါဒေသမှာ တပ်ထဲကနေ အပြင်မထွက်ရဲဘဲ သေနတ်နဲ့ စစ်ကြောင်းလိုက်သာ ထွက်နေပါတယ်။ အပြင်ထွက်ရင်လဲ အရပ်ဝတ်နဲ့သာ ခိုးထွက်တာ တွေ့ရပါတယ်။ ယခုရေးပြတာကမိမိအားသာချက် အားနည်းချက်ကိုသိအောင်ပါ။ ရန်သူနဲ့ ထိတွေ့မှုကို ၁၅ မိနစ် အများဆုံးမိနစ် ၃၀ သာထိတွေ့ပါ။ ကျန်တာက စစ်ကိုင်းကို အတုယူပြီး ဆက်လုပ်ပါ လက်နက်ဆက်ထောက်ပံ့ပါ။ များများလှူပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 26, 2021

ဦးမြတ်!!! ဆောင်းပါးဖတ်အပြီးမှာတော့


ကြိတ် မနိုင်

ခဲ မရ

ပြုန်း ကြွေ လွင့်သည်က

နေ့စဉ်နှင့်အမျှ။

အမုန်း အဆင့်ဆင့် ခံ

ထိုးစစ်တွေ ရံ လာတာကြောင့်

ထုံးနည်း ယတြာအဖုံဖုံနဲ့

ဘက်ပေါင်းစုံ

လုံအောင် ခြုံပါသော်လည်း

စိတ် မကျန်းမာ

မချမ်းသာနိုင်ပြီမို့

ရှုံးသူမှာ

သောက ပရိဒေဝ

ဒေါမနဿ ဥပါယာဿတွေနဲ့။


ဒေါမနဿ = စိတ်အတွင်း၌ ပြင်းစွာပူလောင်ခြင်း။

ဥပါယာဿ = စိတ်ဆင်းရဲလွန်းသဖြင့်

ကိုယ်ရုပ် ပြင်းထန်စွာ ဆင်းရဲခြင်း။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page