top of page
Search
  • Writer's pictureMyat Tun Oo

ရှမ်းပြည် NLD အခြေအနေ


၂၀၁၅ မှာ နေရာအများစုရခဲ့တာက ရှမ်းပြည်မှာ NLD မဟုတ်ခဲ့ပါ။ လွှတ်တော်ရဲ့ ၁၃၇ နေရာမှာရွေးကောက်ခံက ၉၆၊ တပ်က ၃၄ နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ၇ နေရာပါ။ သူ့မှာက လူမျိုးပေါင်းစုံပါတယ်။ အချို့ ကိုးကန့်လိုနေရာမှာ NLD က ဝင်မပြိုင်နိုင်ပါ။ USDP က အများဆုံး ၃၄ နေရာ၊SNLD က ဒုတိယနဲ့ ၂၄ နေရာ၊ NLD က တတိယနဲ့ ၂၃ နေရာ၊ TNP က ၇ နေရာ ပအို့က ၆ နေရာ ရခဲ့ပါတယ်။ အခြားပါတီလေးတွေလဲ ရှိပါတယ်။


၂၀၁၅ မှာ USDP ကအစိုးရဖြစ်နေသလို တပ်ထဲမှာ မဲပေးခဲ့ရတာပါ။ ၂၀၂၀ မှာတော့ ဒါတွေဟာပြောင်းလဲလာခဲ့ပါပြီ။ အချို့ပါတီတွေက လက်နက်ကိုင်တွေရဲ့ ထောက်ခံမှုရပေမယ့် မိမိတပ်ရောသူပုန်ရောက NLD ကို မဲပေးပါလို့ ဖိအားမပေးမှာ သေချာပါတယ်။

NLD က လွှတ်တော်ကိုယ်စားလှယ်များဟာ ပင်လောင်း ဟိုပုံး မိုင်းဖြတ်နေရာစုံသွားပြီး အခက်အခဲများကြားက မဲဆွယ်နေကြပါတယ်။

ပြည်သူများအနေနဲ့ တိုင်းပြည် တိုးတက်တာတွေကို မြင်ပြီး NLD ကို မဲပေးနိုင်ကြပါစေ။ NLD ဆိုတာဖယ်ဒရယ်ကို ဖော်ဆောင်မယ့်ပါတီပါ။ ဒီနှစ်မှာ ရှမ်းပြည်မှာတော့ အခက်အခဲများကြားက NLD ဟာယခင်ကထက် ပိုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အောင်လံခိုင်ဖို့ မဲပေးစို့ပါ။

Photo credit: Nang Mya Swair

254 views2 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page