top of page
Search

ရှမ်းပြည်မှ NLD များ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 10, 2020
  • 1 min read

NLD ဟာ ပြည်ထောင်စုပါတီပါ။ Federal ကို လိုလားတာ တိုင်းရင်းသားတွေရော ဗမာတွေရောပါ။အားလုံးစစ်အစိုးရဖိနှိပ်မှုကို အတူတူခံခဲ့ရတာပါ။

ဗမာနေတဲ့ နေပြည်တော်မှာ V အမှုမပေါ်သေးသလို မင်္ဂလာဒုံက လေးလောင်းပြိုင်မပေါ်ဘဲ NLD ရဲ့ဥပဒေအကြံပေးဦးကိုနီကိုသတ်သူက လွတ်နေပြီး အဓိက မမိအောင် စုံစမ်းစစ်ဆေးခဲ့သူက ရာထူးတွေတက်သွားခဲ့ပါတယ်။

ပြောချင်တာက ဗမာအပါအဝင် တိုင်းရင်းသားအားလုံးဟာ လက်ရှိခြေဥအောက်မှာ ဒီမိုစစ်စစ် မရသေးဘူးဆိုတာပါ။

ရှမ်းပြည်က သွေးချင်းတွေကတော့ ရဲရဲတောက်လာပါပြီ။ ပင်လောင်း၊ ကျိုးတုံ၊ တာချီလိတ်၊ မိုင်းဖြတ်မှာ အနီတွေဟာ ၂၀၁၅ ကထက်တော့ ပေါ်ပေါ် ထင်ထင် ထွက်လာခဲ့ပါပြီ။ ဖွတ်ကို ဖြုတ်နိုင်တဲ့အထိ နီမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

တိုင်းရင်းသားအားလုံး ဒီမိုရဖို့ ညီညွတ်စွာနဲ့ လက်အတူတွဲပြီး အာဏာရှင်ခြေဥကို ခေါင်းမထောင်နိုင်အောင် NLD ကို ပုံအောမဲပေးပြီး တိုက်ထုတ်ကြပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Sep 10, 2020

ဦးမြတ်! ဒီချုပ်ဖြစ်ထွန်းမှု ထိုဒေသရှိ လူမျိုးမျာ၏ ဆန္ဒသဘောထား ရပ်တည်မှုနှင့်ဆက်သွယ်နေပါ၏။ ရိက္ခာဖက် မျက်နှာ မူ မှာလား? သိက္ခာ အတွက် ရပ်တည်မှာလား ?

ရိက္ခာ အတွက် ဦးစားပေးတဲ့နယ်မှာတော့ နည်းနိုင်ပါသည်။ သိက္ခာအဓိက ထားသောနယ်မှာတော့ များပြီး နိုင် နိုင်ပါသည်။

ရေး ပြော နားဆင် ကြံတွေးမြင် လွတ်လပ်ခွင့် လိုလားပြီး ကျင့်သုံးမှု(အကျင့်သိက္ခာ) ခိုင်မြဲမြစ်တွယ်မှုပေါ်မှာလည်း မူတည်ပါသည်။

ဖက်ဒရယ်သည် သိက္ခာပေါ် လုံးဝတည်မှီပါသည်။

သိက္ခာ ဦးထိပ်ပန်သူများ ရှမ်းနယ်မှာ ပေါကြွယ်နိုင်ပါစေဟု ဆန္ဒပြုလျက်။

Like

Albert Wint
Albert Wint
Sep 10, 2020

၂၀၀၈ဖွဲ့စည်းပုံပြင်ဘို့ ဖက်ဒရယ်ပြည်ထောင်စုကျင့်သုံးနိုင်ဘို့ တစိုက်မတ်မတ်ကျိုးစားနေတာကတပြည်လုံးမှာ NLD ပါတီဘဲရှိတယ် မဲထည့်ရမဲ့ပါတီပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page