top of page
Search

ရုံးမတက်နဲ့ ရုန်းထွက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 8, 2021
  • 1 min read

ပထမသံပုံးတီးတော့ အဘက အေးဆေးပါဆိုပြီး အပြုံးမပျက်ခဲ့ပါ။ ဒါပေမယ့် ဆရာဝန်တွေက အလုပ်မဆင်းဘူးပြောချိန်မှာ ဘယ်လိုကိုင်တွယ်ရမလဲ စစဉ်းစားလာရပါတယ်။ အငယ်တွေမလာရင် စစ်ဆေးနဲ့ အစားထိုးမယ်ပေါ့။ ဒါပေမယ့် အထူးကုတွေမလာရင် ဘယ်လိုလုပ်ရမလဲကတော့ အစီအစဉ်မရှိတော့ပါ။ ဘာလို့လဲဆိုတော့ အရပ်သားအထူးကုတိုင်းကို လိုက်ဖြည့်ဖို့ တပ်ထဲမှာ လူမရှိလို့ပါ။ နောက်အချို့လုပ်ငန်းက ပညာတတ်မရှိရင် ဆက်လုပ်မရတာလဲရှိပါတယ်။ ဒါ့ကြောင့် ရုံးမတက်ဘဲ အာဏာဖီဆန်တာက ထိရောက်ပါတယ်။

ယခုအာဏာသိမ်းသူပုန်ကို ဒဲ့စိန်ခေါ်လိုက်တာက လမ်းပေါ်ထွက်လာတဲ့ ပြည်သူတွေပါ။ ဆန္ဒပြသူအနည်းငယ်ဆိုရင်တော့ ခေါင်းဆောင်ကို ဖမ်းမလို့ပါ။ ယခုလို သိန်းချီလာတော့ မျှော်လင့်ထားတာထက်တော့ များလာပါပြီ။ ယခင်က လက်ရွေးစင် တပ်မ ၂၂ ကို ရခိုင်က ပြန်ခေါ်ပြီးသုံးပေမယ့် ယခုကတော့ လက်ရွေးစင်လောက်နဲ့ မရနိုင်တော့ပါ။ မြဝတီမှာ ဖြစ်သွားတာက ပြည်သူညီရင် ဘယ်အထိအောင်မြင်နိုင်တယ်ဆိုတာ ပြသွားတာပါ။

ဘယ်တော့ ဒီမိုကရေစီရမလဲဆိုရင်တော့ ပြည်သူတွေ ဘယ်လောက်ညီလဲအပေါ်မှာသာ မူတည်ပါတယ်။ ကိုဆောင်းဦးလှိုင်ကနေ ဒေါ်အောင်ဆန်းစုကြည်က လူထုကို အားကိုးတယ်ဆိုတဲ့ သတင်းစကားလဲ ပြောသွားတာ ကြားရပါတယ်။ ကိုမင်းကိုနိုင်ကလဲ ဦးဆောင်မှုပေးနေပါပြီ။ အရေးကြီးတာက ပြည်သူတွေ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာပါ။ ပြည်သူတွေက တောင့်ပြီးခံချနိုင်ရင် သူကပစ်ရင်တောင် နောက်ပိုင်းမှာ အက်ကြောင်းတွေပေါ်လာမှာပါ။ သူ့အထဲမှာလဲ အားလုံးအဆင်ပြေနေတယ်လို့ မထင်ပါနဲ့။ သူကိုယ်တိုင်တောင် ကျည်ကာအင်္ကျီဝတ်ထားရတာပါ။ ပြည်သူသာလျှင် အဓိကပါ။

ဒီနေရာမှာ ဖယ်ဒရယ်လိုချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်များလဲ ယခုအချိန်ဟာ တိုက်ယူလို့အကောင်းဆုံးပါလို့ ပြောပါရစေ။ AA က မြောက်ဦးကို ဝင်သိမ်းနိုင်ခဲ့ရင် KIA က မြစ်ကြီးနားအထိရောက်လာရင် TNLA က မေမြို့ကို ဝင်ပစ်နိုင်ခဲ့ရင် MNDAA က လောက်ကိုင်ကို ဝင်သိမ်းနိုင်ခဲ့ရင်ပြည်သူတွေက လက်ခုပ်တီးပေးနေမှာပါလို့ ပြောပါရစေ။

ပြည်သူတွေက ရေရှည်ဆန္ဒပြနိုင်ခဲ့ရင် စင်ကာပူကလဲ ရင်းနှီးမြုပ်နှံမှု မလုပ်နိုင်သလို ဂျပန်၊ တရုတ်ကလဲ မလုပ်နိုင်ပါ။ ပြည်သူကိုပစ်ရင် နိုင်ငံခြားကဖိအားကလဲ ပိုများလာမှာဖြစ်သလို အထဲကအာဏာသိမ်းသူ သူပုန်အချင်းချင်းလဲ ဗျူဟာကို သံသယဝင်လာကြမှာပါ။

ဒါ့ကြောင့်မိုလို့ ရုံးမတက်ဘဲ ရုန်းထွက်ကြပါ။ ဆန္ဒပြကြပါ။ မိမိတို့ မျိုးဆက်တွေကို အာဏာရှင်အောက်မှာ မထားခဲ့ကြပါနဲ့။ ရုံးမတက်ဘဲ ရုန်းထွက်နိုင်ကြပါစေ။ လစာအတွက် စိတ်ပူသူများကိုလဲပြည်သူများက ပြည်သူမှသည် ပြည်သူသို့ ကူညီကြမှာပါ။ ရုန်းထွက်ဖို့သာ အဓိကပါ။

#Civil Disobedience Movement Myanmar

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page