top of page
Search

ရေပြင်မှာ ဘာတွေဖြစ်ခဲ့သလဲ

Writer's picture: Myat Tun OoMyat Tun Oo

ရေပြင်မှာ ဘာတွေဖြစ်ခဲ့သလဲ

ဓာတ်ခဲဟာ မိမိနဲ့ အမြင်မတူသူ၊ ဝါဒမတူသူတွေကို ရခိုင်မှာ သတ်နေခဲ့တာ ကြာပါပြီ။ အဘကတော့အမြင်မတူသူတွေကို တရားစွဲတာပေါ့။ ရခိုင်မှာ တိုက်ပွဲစခဲ့တာဟာ ရဲစခန်းကို ဝင်တိုက်အပြီးမှာပါ။အစကတော့ ဘင်္ဂါလီကိစ္စမှာ အဘနဲ့ ဓာတ်ခဲအမာခံ ကိုအေးမောင်တို့ အဆင်ပြေခဲ့ပေမယ့် နောက်ပိုင်းမှာ ဓာတ်ခဲအကြောင်းကို အဘလဲ သိလာပုံပါ။ ဓာတ်ခဲကို အလွယ်နိုင်မယ်ထင်ခဲ့ပေမယ့် လိုတာထက်ပိုပြီး တိုက်လာရတာ အားလုံးအသိပါ။ ဒီနေရာမှာ ဓာတ်ခဲဟာ ဘင်္ဂါလီ ဗျူဟာသုံးလို့ ပုံမှန်သူပုန်တိုက်တဲ့နည်းဗျူဟာက အခက်အခဲဖြစ်ခဲ့ရပါတယ်။ သူ့လူမျိုးကလဲ အခြားလူမျိုးထက် နဂိုကထဲက အစွဲကြီးတာလဲ ပါပါတယ်။ စည်းလုံးတယ်ပြောလဲ ရပါတယ်။ ဒီနေရာမှာ ဓာတ်ခဲဟာ သူ့လွှတ်တော်အမတ်နဲ့ သူ့နယ်ခံ ပေါင်းစည်းပြီး ဘင်္ဂါလီလုပ်သလို လုပ်ပါတယ်။

၂၆ ရက်နေ့က ရဲတွေအဖမ်းမခံရချိန်မှာ ကားနဲ့ပြန်လာတဲ့ မီးသတ်ကိုဖမ်းပါတယ်။ အဲ့ဒီအနားမှာပါ။ သူတို့စားရင်းဘယ်ကရလဲဆိုတော့ ကားသမားထံကဆိုတာ ရှင်းပါတယ်။ ဓာတ်ခဲဟာ သူတို့ရဲ့အဆိုအရစစ်မြေပြင်မှာ တပ်ကို ၃၅:၂ တပ်က ၃၅ ယောက်ကျရင် သူက ၂ ယောက်လောက်သာ ကျတယ်ဆိုပြီးဝါဒဖြန့်ပါတယ်။ ဒီလောက်တောင် အောင်မြင်နေရင်လဲ ဒီလိုမီးသတ်တွေကို ဓားစားခံဖမ်းစရာမရှိပါ။ဒါဆိုဘာရည်ရွယ်ချက်လဲ။ သူ့ရည်ရွယ်ချက်က အဖမ်းခံထားရတဲ့ ဓာတ်ခဲခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ အမျိုးတွေနဲ့ အလဲအထပ်လုပ်ဖို့လား အခြားဘာရည်ရွယ်ချက်ရှိလဲ သူသာသိမှာပါ။

ဒီနေရာမှာ ၂၆ ရက်နေ့ မှာ ရဲတွေ၊ GEတပ်ကလူတွေကို သင်္ဘောနဲ့သွားဖို့ ခွင့်ပြုခဲ့တာကိုကအထက်လူကြီးတွေအမှားပါ။ တပ်မှာ ထပြီးသွားချင်သလို သွားလို့မရပါ။ ဒီနေရာဟာ ရန်သူ့နယ်မြေပါ။ နောက်တန်းကိုပြန်တာမဟုတ်ပါ။ နောက်သတင်းပေါက်တာပါ။ ရဲအတွင်းလူနဲ့ သင်္ဘောကလူပေါင်းပြီးသတင်းပေါက်တာပါ။

နောက်နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့် တွင် ရသေ့တောင်မြို့နယ် ကျောက်တန်းချောင်း၀နှင့် ပြိန်းတောင်ကျေးရွာကြားရေမျက်ကျေးရွာဖောင်ဆိပ်ကနေ ဓာတ်ခဲက ပစ်ပြီးဖမ်းတာကိုခံခဲ့ရပါတယ်။ အဖမ်းခံရတာကိုသိချိန်မှာ ရဟတ်ယဉ်က ကယ်မယ့်တပ်ကို လိုက်ပို့ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က တပ်ကိုသယ်lift လုပ်ပြီး ထောက်လှမ်းရေး surveillance လုပ်ရုံပါ။ ဘယ်သူကမှ ဓာတ်ခဲဓားစားခံသယ်လာတဲ့လှေကိုမပစ်သေးပါ။ ဓာတ်ခဲရဲ့ ဓားစားခံထဲမှာ တပ်က ၁၄ ယောက်ပါပါတယ်။ ဘယ်သူမှ မိမိရဲဘော်အချင်းချင်း ပစ်လောက်အောင်မမိုက်ပါ။ တပ်ဖွဲ့တွေ ဆင်းမယ့်မြေပြင်ကရော ရေထဲကပါ ဓာတ်ခဲကသူ့မှာ နိုင်ကွက်ရှိလို့ ပစ်တာပါ။ ပထမရဟတ်ယဉ်ဟာ ပို့ဆောင်ရေး အဓိကလုပ်တဲ့ ရဟတ်ယဉ်ဖြစ်လို့စစ်ကူတပ်ကိုသာတင်ပြီး ရန်သူကိုရှာတွေ့ချိန်မှာ အဲ့ဒီနေရာနားမှာသာ ပျံသန်းပြီး (confined area flying) နဲ့ အနိမ့်ပျံ(low passes) လုပ်ပြီးသာ တပ်ကိုချဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ရန်သူဟာ ဓားစားခံကိုအကာအကွယ်ယူပြီး ပစ်ခဲ့ပါတယ်။ မိမိတပ်က ရဟတ်ယဉ်ကို အနည်းငယ်ထိသိတိုင် အစပိုင်းမှာ မတုန့်ပြန်ခဲ့ပါ။

နောက်ပိုင်းမှာ တိုက်ခိုက်ရေးရဟတ်ယဉ်နဲ့ ထွက်ပြေးဖို့ကြိုးစားတဲ့ ဓာတ်ခဲလှေတွေကို ကမ်းကပ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့လှေသွားနေတဲ့ လမ်းကြောင်းကို ခြောက်ပစ်တာပါ။ ဒါပေမယ့် ဓာတ်ခဲကဖမ်းထားသူများဟာ စစ်ပညာတတ်သူများဖြစ်လို့ ဓာတ်ခဲက တိုက်ပွဲဖြစ်ချိန် သတ်ဖို့ကြိုးစားပါတယ်။ သူတို့ဟာ သုံ့ပန်းကို အကာအကွယ်ယူပြီး ပစ်နေတာမိုလို့ ဟိုကလဲ ပြန်ချ ဓာတ်ခဲက ဓားစားခံတွေကို စပစ်ချိန်မှာ ရဟတ်ယဉ်က မိမိလူတွေရဲ့အသက်ကို ကယ်တင်ဖို့ ပစ်ရပါတော့တယ်။ ရဟတ်ယဉ်ဟာ အမြင့်ကြီးကနေ ရမ်းပစ်နေတာမဟုတ်ဘဲ အနိမ့်ပြန်ပြီး ရန်သူ့ကိုသာ ပစ်ခဲ့တာပါ။ မိမိရဲ့တိုက်ခိုက်ရေးရဟတ်ယဉ်လဲ အနည်းငယ်ထိခဲ့ပါတယ်။ ၁၄ ယောက်ကတော့ ကယ်နိုင်ခဲ့ပါတယ်။နောက်လွတ်တာတွေ ရှာနေပါတယ်။

ဒါဆို ဓားစားခံလွတ်အောင် ညှိပါလားလို့ မေးစရာရှိပါတယ်။ အမေရိကန်၊ အင်္ဂလိပ်ရော ရုရှားပါအကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းလေ့မရှိပါ။ မိမိလူမျိုး အရပ်သားကိုဖမ်းရင်တောင် တိုက်ပါတယ်။ရုရှားက ချီချင်ညှာက ခွဲထွက်ရေးသမားတွေ ပြဇတ်ရုံတိုက်တုန်းကလဲ အရပ်သားတွေ သေပေမယ့် ဝင်စီးခဲ့ပါတယ်။ ၂၀၁၀မှာ အင်္ဂလိပ်လူမျိုး ကယ်ဆယ်ရေးဝန်ထမ်း Linda Norgrove နဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ဦး အာဖဂန်မှာ အဖမ်းခံရပြီး သူမကို အမေရိကန် ကွန်မန်ဒိုတပ်က ဝင်ကယ်ချိန်မှာ သေသွားခဲ့ပါတယ်။ ထို့အတူ ၂၀၁၄ ယီမင်မှာ အမေရိကန်က သူ့လူမျို့ ဓာတ်ပုံသတင်းထောက်Luke Samers နဲ့ တောင်အာဖရိကက ကျောင်းဆရာ Karrie ကို ကယ်ဖို့ကြိုးစားရာမှာ ဓားစားခံအပါအဝင် လူ ၁၂ ယောက် သေခဲ့ပါတယ်။ ဒါအမေရိကန်တပ်ပါ။

စာရေးသူတို့ရဲ့တပ်မှာ အစိုးရကို ကန့်လန့်တိုက်နေတဲ့ သက်တမ်းလွန် ရှိနေတာမှန်ပါတယ်။ ဒါပေမယ့်သူပုန်ဟာလဲ အမြင်မတူရင် မိမိလူမျိုးကိုတောင် သတ်သူပါ။ ရဲတွေ၊ စစ်သားတွေဆိုရင်တော့ သတ်ဖို့ဝန်မလေးသူပါ။

အမြင်မတူတာတွေ ရှိနိုင်ပါတယ်။ စာရေးသူလဲ မိမိတပ်ချုပ်မကောင်းကြောင်း ရေးလေ့ရှိပါတယ်။ ဒီနေရာမှာတော့ သူခိုးက လူဟစ်ပြီး သူက လူကောင်းလို ပြောနေတာကိုတော့ အမှန်အတိုင်း ပြောပြရပါမယ်။ ဖွတ်တွေကိုပြောလိုတာက ဒီကိစ္စဟာ အစိုးရနဲ့ မဆိုင်ဘဲ ခြေဥအရ တပ်နဲ့ တိုက်သူ ဓာတ်ခဲမှာသာတာဝန်ရှိကြောင်းပါ။

352 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page