top of page
Search

ရာထူးအသစ်ခန့်တာ ဘာထူးလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 18, 2021
  • 1 min read

နေပြည်တော်မှာ တိုင်းမှူးအသစ်ခန့်တာက ဘာထူးသလဲဆိုရင် ဘာမှမထူးဘဲ မိမိကို ဩဇာခံသူကိုစစ်တိုက်တတ်တတ် မတတ်တတ် ထိုးတင်ပေးတာပါ။ ကယားပြည်နယ်မှာ မွှေခဲ့သူတစ်ယောက်ပြီးပေါ့။ စာရေးသူကိုယ်တိုင် မသိသေးတာက ဒီနေရာခန့်တာကို ဘရွှေသဘောတူခဲ့သလား ဆိုတာပါ။

ယခုဟာက နာဂေးတစ်လို ဘာမှသိပ်တော်စရာမလိုဘဲ အဖားတော်သူတွေကို တင်ပေးနေပုံပါ။

ဒီမိုတွေကတော့ သူက ဘယ်သူ့ကိုခန့်ခန့် မိမိက ဘာလုပ်ရမယ်ဆိုတာ မျက်ချေမပြတ်ပါစေနဲ့။ အားလုံးလိုအပ်ရင် မိမိတို့ရဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ အသံကို နားစွင့်နေပါ။ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကရင်တို့က ဝန်ကြီးချုပ်တွေကို လိုအပ်ရင် ဝန်းရံပါ။

အမတ်များ ဘာမှ မရှယ်မိ မတင်မိပါစေနဲ့။ တရားစွဲခံရနိုင်လို့ပါ။

ပုံမှန်မှာက နေပြည်တော်က ဝရမ်းပြေးဆန္ဒပြပွဲလောက်နဲ့ ဘာမှ လုပ်မရပါ။ ထွေအုပ်ရွေးပွဲကိုသာဆန္ဒပြပွဲမဖြစ်အောင် မိမိထွေအုပ်ဝန်ကြီးကို ကြီးကြပ်ခိုင်းပါ။ ပုံမှန်မှာ သာဝ ဘာမှ မလုပ်ရဲပါ။ ထွေအုပ်ရွေးပွဲကနေ ဆူပွဲသာမဖြစ်အောင် NLD က ထိန်းထားပါ။ ရေးစရာရှိတာ သတိပေးစရာရှိတာတော့ရေးပြီး ပြောပြီးပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 19, 2021

ဦးမြတ်!!! နဂါး နီ

ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ မတဲ့ ကိန်း ဆိုက်မည်။

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည်။

လူမွဲတွေက မနှေး ခေတ်မီ၊ သူဌေးဖြစ်မည် ။ ဒို့ ! နဂါး နီ။

အတိတ်က ဖွင့်ခဲ့သော အပ်ကြောင်း ထပ် ဓာတ်ပြားဟောင်းကြီး။ တခါလာလဲ ဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲမဲပြာပုဆိုး။ မတိုးတက်ခဲ့။

ဆင်းရဲတွင်း နက်ခဲ့ကြပါသည်။

ဘိုးဘိုးအောင်နှင့် ရှင်အဇ္ဇဂေါဏ တို့က ချမ်းသာသွားကြပါသည်။

ဘိုးဘိုးအောင် ~ ဝ. လုံးပေါင်းများစွာ ဖန်တီးနိုင်စွမ်သူ။

ရှင်အဇ္ဇဂေါဏ ~ ဆိတ်မျက်လုံးတဖက် ၊ နွား မျက်လုံးတဖက်။

(အမြင် မညီ၊ လူ့အမြင် မရှိ)


ခေတ်တွေပြောင်းလာတော့ နဂါး နီသီချင်းဟာ စဥ်းစားစရာ တွေးစရာ ဖြစ်တည်လာခဲ့ရသည်။အမြင်တွေပြောင်းလာတာနဲ့ သီချင်းတွေလည်း ပြောင်းလဲလာခဲ့ရပါသည်။

~ ပျောက်ဆုံးနေသော နိဗ္ဗာန် ဘုံ(စိုင်းထီးဆိုင်)

(လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်အံ့)။

သိမ်မကြာပါ။ မျိုးကြီးသီချင်း!

~အပြစ်တစ်ခု ဖန်ဆင်းခြင်း

ချမ်းချမ်းကလည်း အားကျ မခံ

~မေ့တော့ မမေ့သေးဘူး

မျိုးကြီးက ထပ်ဆိုပါသည်။

~မလာပါနဲ့

သီချင်းတွေ ကောင်းလွန်တော့ လူကြိုက်များ နှစ်ခြိုက်ခဲ့ကြပါသည်။

နောက်မှာတော့

~ယုံကြည်ရာ တစ်ခုအတွက်

~ပင်တိုင်စံရဲ့ အလင်းရောင်

ဒီသီချင်းတွေထဲမှာ လူငယ်ထု အကြိုက်ဆုံး သီချင်းကတော့


**ကြယ်တွေ စုံတဲ့ ည**


ကြယ်တွေ စုံတဲ့ည၊ ကိုယ့်အိမ်မက်လေးရယ်

ကြယ်တွေ စုံတဲ့ ည၊ ဘဝမျှော်လင့်ခြင်းများရယ်

ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့ သီချင်းတွေနဲ့ ၊ ရင်တွေ ကွဲသွားအောင် ဆိုနေဦးမယ်။

ကြယ်တွေ စုံတဲ့ ည၊ ခရီးမိုင်တွေ ခြားစေ ၊ ဒါဏ်ရာတွေနဲ့ ရင့်ကျက်သွားတဲ့ နေ့တွေ ၊ ကျော်လွန် သွားခဲ့ရင် ၊ ပြန်ဆုံဦးမယ်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page