top of page
Search
  • Writer's pictureMyat Tun Oo
ရာထူးအပြောင်းအလဲများ
Unicode version
ရာထူးအပြောင်းအလဲများ
ယခုတလောမှာဖြုတ်တာတွေ၊ပြောင်းတာတွေနဲ့ရှုတ်နေပါတယ်။မိမိလူရောသူ့လူရောပေါ့။အားလုံးသိတဲ့အတိုင်းဘရွှေလက်ထက်ကခန့်ခဲ့တဲ့မိုးကျ သံအမတ်ကြီးဦးသစ်လင်းအုန်းကိုသမ္မတကတရုတ်ကနေကမေ႓ာဒီးယားကိုရွှေ့လိုက်ပါတယ်။သူ့ရဲ့နေရာမှာအရပ်သားစစ်စစ်ဖြစ်တဲ့ဦးမျိုးသန့်ဖေကိုတရုတ်ပြည်ဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ခန့်လိုက်ပါတယ်။ဒါဟာအရပ်သားသံအမတ်အများစု(အင်္ဂလန်မှာရှိတဲ့မြန်မာသံအမတ်ကလွဲရင်) လုံခြုံရေးကောင်စီနိုင်ငံတွေမှာဖြစ်လာတာဟာအရပ်သားဒီမိုအစိုးရလက်ထက်မှာပထမဆုံးဖြစ်လာတာပါ။သံအမတ်ကြီးတွေအနေနဲ့လဲမိမိကိုခန့်ထားတဲ့ဒီမိုအစိုးရကိုသစ္စာစောင့်သိပြီးခြေဥပြင်နေတဲ့အကြောင်းကိုမိမိတို့နေရာကနိုင်ငံတွေမှာရှင်းပြပြီးအကူအညီတောင်းပါ။ဒါမှဖိအားလျော့ကျသွားမှာပါ။ခြေဥကဘယ်လိုဆိုတာကိုမိမိတို့တာဝန်ကျရာနိုင်ငံကအစိုးရတွေကိုရှင်းပြပါ။
မလုပ်မရှုပ်မပြုတ်တော့မနေကြပါနဲ့။
NLD အစိုးရအနေနဲ့လဲခြေဥပြင်ဖို့ကြိုးစားမယ်ဆိုရင်နိုင်ငံခြားရေးကမိုးကျနဲ့သူ့အမျိုးများကိုအရပ်သားစစ်စစ်ဒါမှမဟုတ်နိုင်ငံရေးအရခန့်တဲ့အင်္ဂလိပ်စကားပြောတတ်တဲ့သံအမတ်ကြီးတွေနဲ့အစားထိုးဖို့စဉ်းစားပါလို့ပြောလိုပါတယ်။
သတိဆိုတာပိုတယ်မရှိပါ။
1,213 views0 comments
コメント
bottom of page