top of page
Search
  • Writer's pictureMyat Tun Oo

ရာထူးတက်သူတွေပျော်လား?

ရာထူးတက်သူတွေပျော်လား?

ယခင်က တပ်ထဲမှာ ရာထူးတက်ရင် လူတိုင်းပျော်ကြပါတယ်။ ယခုက ပြောင်းပြန်ဖြစ်လာနေပါတယ်။ အရန်အင်အားရောက်သူများက အချင်းချင်း Congratulations လုပ်ကြပြီး စစ်သံဖြစ်သွားသူက ထီပေါက်သလို ဖြစ်နေပါတယ်။ ရာထူးတက်ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်လောက်သာ ပျော်သူရှိပါတော့တယ်။ အများစုက ခိုးလိုသူများပါ။ အခြေအနေက ခိုးသားငါးရာကနေ ခွေးသားငါးရာဖြစ်နေပါပြီ။ နည်းပြရော၊ ကန်သူပါ မကောင်းတဲ့အသင်းက ရှုံးပွဲဆက်နေမှာပါ။ ယခုဆိုရင် တပ်ထဲက ခိုးထားသူတွေတောင် NUG Pay က ငွေလွှဲနှုန်းကြည့်လွှဲနေရတာ NUG ရဲ့ SDB ဘဏ်မှာ ငွေစုထားတာတွေလုပ်နေတာတွေ့ရ၊ သိရ၊ ကြားရလို့ မအလရဲ့ ဗဟိုဘဏ်က ဘာမှဦးဆောင်မှုမရှိတာဟာ မအလအတွက် ဒုက္ခအကြီးကြီးပါ။ မအလက ရှေ့သို့ချီတက်နေပေမယ့် နောက်မှာက သူခိုးနဲ့ခွေးသာ ကျန်ပါတော့တယ်။

138 views0 comments

Comments


bottom of page