top of page
Search

ရွှေတိဂုံဘုရားမှ သိလိုက်ရသော အသိ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 13, 2019
  • 1 min read

ရွှေတိဂုံဘုရားမှ သိလိုက်ရသော အသိ

စာရေးသူက ဒေါက်ခိုင်ရဲ့ ပုရိတ်သတ်မဟုတ်တာ စာဖတ်သူများသိမှာပါ။ ဘုရားဂေါပကမှာ မိုးကျတွေကြီးစိုးထားတာကိုလဲ ရေးပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ရွှေတိဂုံဘုရားမှာ ဖြစ်သွားတာကနေ မြန်မာပြည်ရဲ့အနေအထားအချို့ကို သိခွင့်ရခဲ့ပါတယ်။

ဒေါက်ခိုင်အမျိုးသားက ဘုရားအထက်ပစ္စယံကိုတက်တယ်။ သူကလဲ ခရိုနီသူဌေး။ နောက်ပြီးအဘလေးတွေနဲ့ အဆက်အသွယ်ကောင်းသူဆိုတော့ ပေးတက်တယ်။ ဘာမှပြဿနာလို့မမြင်ပါ။ ဒါကိုသူက ကျား မဟုတ်လို့ ပေးမတက်ရဆိုတဲ့ ဒီသူရဦးတင်လှလေသံက မဘသလေသံနဲ့ တူနေပါတယ်။ဒါမျိုးကို ရွှေစက်တော်မှာထဲက ပြောချင်နေတာပါ။ သူက ကျား ဖြစ်ဖြစ် မ ဖြစ်ဖြစ် သူ့ကို တရားဝင်မှတ်ပုံတင်ပေးထားသလို ဆေးကျောင်းတက်စဉ်ကလဲ ဆေးစစ်ထားပြီးသားပါ။ ဒါကိုအထင်နဲ့ ပြောဆိုတာဟာ လူ့အခွင့်အရေးချိုးဖောက်တာသာမက ခွဲခြားဆက်ဆံတာ(discriminate) လုပ်တာလို့လဲ ပြောလို့ရပါတယ်။ နောက်မိန်းမတွေကို အထင်သေးတဲ့ (misogyny) ဝါဒရှိသူလို့လဲ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒေါက်ခိုင်တို့လင်မယားဟာ အဲ့ဒီလို လူတွေကြား မကောင်းတဲ့ လူအချင်းချင်းခွဲခြားတာကိုအားပေးတဲ့ မဘသဆရာတော် ဝီဝီကို လှူခဲ့ဖူးတာပါ။ အဲ့ဒီလို ဆရာတော်ဆိုသူတွေရဲ့ သင်ကြားမှုနဲ့ဂေါပကဖြစ်လာသူက သူ့ယောင်္ကျားကို လာပြီး ပြန်ခွဲခြားတာပါ။

စဉ်းစားရမှာက ဒီလူသူရဦးတင်လှဟာ အငြိမ်းစားသွားပြီး ဘုရားလူကြီးလုပ်နေချိန်မှာတောင် လောဘဒေါသတွေများပြီး လူလူချင်း ခွဲခြားဆက်ဆံနေတတ်သေးတာပါ။ သူသာ လက်နက်ကိုင်ချိန်ကဆိုဘယ်လောက်များ ဆိုးမလဲ ဆိုတာပါ။ နောက်ဒီနေရာမှာ ဒီကိစ္စက ဝကခကိစ္စလောက် ဘယ်သမ္မဂကမှမဝေဖန်တာပါ။ နောက်သူက စစ်ခိုင်းရင်တောင် ကျန်ဂေါပကတွေက ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သလို တရားတော်နဲ့ မညီလို့တားရမှာပါ။ သူတို့က မတားဘဲ ခုံဖွဲ့စစ်တာကိုက မှားနေပြီးအလိုတူ အလိုပါဆိုတာကို ပြနေပါတယ်။ ဒီလူဆဲတာကတော့ သာမန်လူဆိုရင်တောင်မကောင်းပါ။ဂေါပကဆိုတော့ ပြောစရာမလိုပါ။

ဒါတင်လားဆိုတော့ သူတို့ချင်းတိုက်ပွဲကသိလိုက်ရတာက ဥပဒေအထက်မှာ Mytel ရှိနေတာရယ်၊ဘုရားကို ဂေါပကအပြင် တပ်နဲ့ရဲကပါ အုပ်ချုပ်နေတယ်ဆိုတာပါ။ ဒီကနေဘာကိုပြသလဲဆိုတော့ သာဝန်အနေနဲ့ ဘုန်းကြီးတွေမရှင်းခင်မှာ ဂေါပကတွေကို အရင်ဆုံး လူ့အခွင့်အရေးလိုက်နာတတ်အောင်လူကိုလူလိုမြင်တတ်သူတွေနဲ့ နေရာလဲရမယ်ဆိုတာပါ။

ဆဲတတ်သူက ဂေါပက၊ သူခိုးက ဂေါပက၊ လူသတ်သမားက ဂေါပကဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဟာဝန်ကြီးချုပ်တစ်ယောက် စကားပြောမှားတာထက် ပိုဆိုးစေပါတယ်။ ဒါကြောင့် ဒါကိုသာဝန်အနေနဲ့ကြီးကြပ်ပေးပါလို့ ပြောပါရစေ။ မြန်မာပြည်က ဂေါပကတွေကို ပြန်လည်စီစစ်သင့်ပြီး ပြောင်းလဲချိန်တန်နေပါပြီလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page