top of page
Search

ရဲတပ်ဖွဲ့ကို ကိုင်သင့်ပြီလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 23, 2020
  • 1 min read

ရဲတပ်ဖွဲ့ဟာ ညွန့်ပေါင်းအစိုးရလိုပါ။ အောက်ကရဲအစစ် အထက်ကမိုးကျပေါ့။ ဒါပေမယ့် ဝန်ကြီး၊ ဒုဝန်ကြီးက တပ်က၊ အတွင်းဝန်နဲ့ အရာရှိအများစု ၆၀% က မိုးကျပါ။ ဒါကြောင့် မိုးကျ ၇၅%၊အရပ်သား ၂၅% လို့ပြောရင်ရပါမယ်။ တပ်ကတော့ ၁၀၀% တပ်ပေါ့။ ဒီမိုကရေစီ မရသေးတဲ့အဖွဲ့ပေါ့။


ပုံမှန်ရဲတွေရဲ့ ပြစ်မှုဆိုရင် ရဲတရားရုံးမှာစစ်ပြီး အမှုစွဲပါတယ်။ ပြီးရင် ပြစ်ဒဏ်ချပေါ့။ ဒီနေရာမှာ ဝီဝီ့အမှု မမိဘူး။ သမ္မတက အခြေအနေဘယ်လိုလဲ အစီရင်ခံစာ report တင်ခိုင်းလို့ရပါတယ်။ ဒါပေမယ့်မမိရင် ရာထူးချလို့မရပါ။ ထို့အတူပါဘဲ V အမှုက ရဲတွေကို အရေးယူပါဆိုရင်လဲ ညွှန်ကြားလို့သာ ရပါတယ်။ ဘယ်လိုအရေးယူမယ်ဆိုတာက ဝန်ကြီးက ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် ယခုလို ငွေကြေးကိစ္စကာမရယူတဲ့ကိစ္စတွေကတော့ သီးခြားစီပါ။ ဒီနေရာမှာ ဒုရဲမှူးမိုးရန်နိုင်ကို ဘယ်လိုအရေးယူခဲ့လဲအားလုံးသိမှာပါ။အားလုံးဟာ ရဲချုပ်၊ ဒုဝန်ကြီး၊ ဝန်ကြီးကသာ ဆုံးဖြတ်ပါတယ်။ ဒီ လုပ်ငန်းစဉ်process ကို ပြင်ချင်ရင် လွှတ်တော်ကနေ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ရပါမယ်။ ဒါကြောင့် စာရေးသူအမြဲပြောမေရတာပါ။ ဥပမာ တိုင်းအဆင့်ကို ဝန်ကြီးချုပ်တွေက ဖြုတ်နိုင်တာမျိုးပေါ့။


ဒီနေရာမှာ ဒေါက်တာလဲ့လဲ့မော်ကိစ္စနဲ့ နှိုင်းယှဉ်ရေးပြပါ့မယ်။ သူတင်ဒါငွေပေးတာဟာ ဝန်ကြီးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပါ။ ဥပမာ မျက်စိထဲမြင်အောင်ပြောပြရရင် iphone က ၁၀ သိန်းတန်တယ်ဆိုပါတော့ ဒါကို ကုမ္ပဏီက ၁၁ သိန်းတင်တယ်။ ဝန်ကြီးအဖွဲ့က ၁၁ သိန်းနဲ့ဝယ်ရင် ဝယ်စျေးများပေမယ့် သူမတစ်ယောက်ထဲ ဆုံးဖြတ်တာမဟုတ်ပါ။ ဒါလဲ ထောင်ချခဲ့ပါတယ်။ သူကဒီမိုဝန်ကြီးချုပ်ဖြစ်ပြီး လုပ်ပုံနည်းလမ်းမှားလို့ ထုတ်တယ်ဆိုတဲ့ ဗိုလ်မှူးချုပ်ဇော်ခင်အောင်ကိစ္စဟာ မိုးရန်နိုင်ကိုကိုင်တွယ်တာထက် အင်မတန် ညင်သာတာတွေ့ရပါတယ်။ ဒီမိုဝကခကို အပြစ်ပေးသလို မပေးခဲ့ပါ။


ယခုဟာက ရာထူးတိုးပေးမယ်ဆိုပြီး ကာမရယူခဲ့တာပါ။ ဒီဟာက အဂတိနဲ့လဲ ညှိပါတယ်။ လာဘ်ယူတာပါဘဲ။ နောက်ကာမလိမ်လည်ရယူမှုပါ။ မုဒိမ်းမှုလဲ မြောက်နိုင်ပါတယ်။ တစ်ယောက်ကို ၁၀ နှစ်ဆိုရင် ၁၈ ယောက်ဆို နှစ်ပေါင်း ၁၈၀ ပါ။ ဒါဟာ လာဘ်စားမှုတင်ပါ။ အခြားပြစ်မှုမပါသေးပါ။


ဒီဟာက ဒီမိုအစိုးရအတွက် အခွင့်အရေးပါ။ ယခုလိုရလာတဲ့ အခွင့်အရေးကနေ အထဲမှာရှိနေတဲ့ မိုးကျတွေကို တတ်နိုင်သမျှ ထုတ်ရပါမယ်။ ပြည်ထဲရေးကို ပြည်သူတွေက စောင့်ကြည့်နေပါတယ်။ ယခုအချိန်မှာ စာရေးသူနဲ့အတူ စာဖတ်သူပြည်သူများလဲ ပြည်ထဲရေးမှာ ဖြစ်နေတာတွေကို အားမရတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ ယခင် ၂၀၁၅ မတိုင်ခင်ကထက်တော့ ရဲကို ၂၅% ကျပ်လို့ရလာပါပြီ။ စာရေးသူတို့လိုချင်သလို ၁၀၀% တော့ မဖြစ်နိုင်သေးပါ။ ဒါပေမယ့် ဒီမိုအစိုးရသာ နောက်ငါးနှစ်သက်တမ်းအရွေးခံရရင် ရဲတပ်ဖွဲ့ဟာ ၂၀၂၁ နောက်ပိုင်းမှာ ယခုထက်ပိုပြောင်းလဲလာမယ်လို့ယုံကြည်ပါတယ်။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page