top of page
Search

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 16, 2021
  • 1 min read

ကရင်က BGF နဲ့ မြို့သစ်ကိစ္စက နယ်စပ်ဖြစ်ပြီး လူတွေနဲ့ဝေးရာမှာလုပ်လို့ သတင်းသမားနဲ့ ဝေဖန်ရေးဆရာတွေ သိတာနောက်ကျခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါနေရာတွေမှာ သာဝအဖွဲ့က ရာထူးကြီးကြီးတွေ မပါဘဲ BGF တစ်ဖွဲ့ထဲ လုပ်မရပါ။ အဆိုပါနယ်မြေမှာ စစ်ကြောင်းတွေ၊ ဗျူဟာတွေ၊ စရဖတွေအများကြီးရှိပါတယ်။ မယုံရင် KNU က အဲ့ဒီလို့မြို့ သွားတည်ကြည့်ပါလား ဘာဖြစ်သွားမလဲဆိုတာ။ဒါ့ကြောင့် ဒီမြို့သစ်ကိစ္စဟာ စစ်ကြောင်းကအစ ဗျူဟာမှူး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးအထိလမ်းကြောင်းဝင်ထားမှ ရတာပါ။ ဒါက တပ်ရဲ့ တစ်ဖွဲ့ထဲသာရှိပါသေးတယ်။ တပ်ထဲမှာ အပြန်အလှန်ထိန်းကျောင်းမှုအရ စရဖကလဲ မသိဘဲမနေပါ။ နောက် နယ်ခြားစောင့်တပ်အုပ်ချုပ်ရေးညွှန်ကြားရေးမှူးရုံးကလဲ သိမှာပါ။ ဒါ့ကြောင့် ဒီဂွင်က ကြီးပါတယ်။

ယခု BGF ကို စီးပွါးရေးမလုပ်နဲ့ လုပ်ချင်ရင်တပ်ကထွက်ဆိုပြီး ပြောရာမှာ BGFက သူတို့လက်အောက်ခံ စစ်သည်တွေရဲ့ စားဝတ်နေရေးအတွက် လုပ်ရပါတယ်ဆိုပြီး အကြောင်းပြပါတယ်။ ဒီအကြောင်းပြချက်က ဦးပိုင်ထောင်ရတဲ့ အကြောင်းပြချက်အတိုင်းပါဘဲ။ အမှန်မှာက နိုင်ငံတော်ကBGF ရော တပ်ကိုပါ လိုအပ်တဲ့ လစာ၊ ရိက္ခာ၊ နေစရာ၊ လက်နက်အစုံ ထောက်ပံ့ပြီးသားပါ။ ဒါပေမယ့်သူတို့က မိမိတို့ကိုပေးတာထက် ပိုလိုချင် စားချင်လို့ ဒီပြဿနာ ဖြစ်လာရတာပါ။ ဒီလို မလောက်လို့လုပ်တာပါဆိုပြီး ကျောင်းဆရာ၊ ဆရာမတွေကလဲ ကျူရှင်ပြရမှာပါ။

ယခုဘဲ BGF က သူ့ဆရာကို မင်းကတော့် အပြောတစ်မျိုး အလုပ်တစ်မျိုး ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတာကို မီးမောင်းထိုးပြလိုက်ပါပြီ။

ဒီကိစ္စကနေ တိုင်းပြည်ရဲ့ အခြေအနေဟာ စည်းကမ်းမဲ့ အစိုးရ ထိန်းချုပ်မှု အောက်မှာမရှိတဲ့သက်တမ်းလွန် တရားမဝင် လက်နက်ကိုင်တွေကြောင့် တိုင်းပြည်ဘယ်လိုဒုက္ခရောက်နိုင်တယ်ဆိုတာကို ပြနေပါတယ်။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ BGF ကလဲ ဖြောင့်ဖြောင့်လိုက်မှာပါလို့ ပြောပါရစေ။

News Credit: Myanmar Now

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 16, 2021

ဦးမြတ်! အစ မကောင်းခဲ့သောကြောင့်ပါ။

ကြောင်ကြီးရယ်တဲ့ မြီးတံတို

အဆီကို စားပါလို့၊အသားကို မျို

ကြောင်ပျိုရွယ် ေသးသေး

စားချင်နဲ့လေး။

အတိတ်ကာလတချိန်မှာ စွဲလန်းစေသော ငရဲပန်းကို တော်ဝင်ပန်း

အမြင်နှင့် လက်ခံခဲ့သည်က စခဲ့ကြပါသည်။ စွဲလန်းကြသည့်အလျောက် တိုးတက်ကြီးပွား ဓနအင်အားနှင့်အတူ နယ်မြေတစ်ခု ယူ ထူ ခဲ့ကြပါသည်။ နယ်မြေကျယ်လာသည်နှင့် ရိုးသားသော နယ်မြေခံတိုင်းရင်းသားတို့ အစားအဝါးခံရကာ မငြိမ်းချမ်းတော့ပါ။

နုတ်ထွက် ချို ၊ အပေါ်ယံ သကာရည်လောင်း ၊ ငြိမ်းချမ်းရေးဆုတောင်းပွဲနှင့်အတူ အပေး အယူ

လဲလှယ် ယူခဲ့ရာက စတော့ပါသည်။

ဆင်သွားလျှင် လမ်းဖြစ်ပါ၏။

လမ်းဖုံလာတော့၊ သူလည်းလေ လောကီသားပေမို့ သွားကြ၊လာကြပါတော့သည်။ သူ့နယ်နှင့် သူ၊

ငါ့နယ်နှင့် နယ်၊ ပြိုင်ရာမှ ဆိုင်ဖို့အရေး ကျိုးစားကြရခြင်းဖြင့်!!!


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page