top of page
Search

ရိုက်စားထောင်သည့်ပါတီများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 23, 2020
  • 1 min read


မြန်မာပြည်မှာ စစ်အစိုးရလက်ထက် သူ့ကိုဝေဖန်တဲ့ နိုင်ငံရေးသမားတွေကို ထောင်ချခဲ့ပါတယ်။ သူတို့ဟာ ထောင်ကျပေမယ့် နိုင်ငံရေးအကျဉ်းသားပါ။ တချိန်ထဲမှာ စစ်အစိုးရဟာ သူနဲ့အဆင်ပြေရင်တော့ဘိန်းလုပ်လုပ်၊ အခွန်မဆောင်ဘဲနေနေ၊ ဖာခန်းထောင်ထောင်၊ ပြည်သူ့ထံက လိမ်လိမ် ကြိုက်တာလုပ်လွှတ်ပေးခဲ့ပါတယ်။


ဒီမိုနိုင်ငံတွေမှာတော့ နိုင်ငံရေးအကျဉ်းသားက မရှိသလောက်ပါ။ သူတို့မှာက အခွန်ရှောင်တာ၊ လိမ်တာတွေက ခိုးမှုထက်တောင် အပြစ်ကြီးတတ်ပါတယ်။ ဥပမာ အမေရိကန်လျှို့ဝှက်ချက်ပေါက်ခဲ့တဲ့Chelsea Manning ဟာ ထောင်ကျပေမယ့် နိုင်ငံရေးအကျဉ်းသားမိုလို့ အောက်လွှတ်တော်မှာ ဝင်ပြိုင်နိုင်ခဲ့ပါတယ်။ အမေရိကန်မှာတော့ ပြစ်မှုကြီးရင် Felony ဆိုရင် ပါတီထောင်ဖို့မပြောနဲ့ မဲပေးခွင့်တောင်မရပါ။


Myanmar Now က ရေးထားတဲ့ နှင်းဆီပါတီကိစ္စမှာ မေးခွန်းတွေအများကြီး ပေါ်လာပါတယ်။ သူဟာပြစ်မှုကျူးလွန်ပြီး ထောင်ဖောက်ပြေးခဲ့သူပါ။ နောက် နိုင်ငံရေးခိုလှုံခွင့်တောင်းပြီးနေခဲ့သူပါ။ သူ့ရဲ့ပထမပြစ်မှုရဲ့ ပြစ်ဒဏ်ကို ကျခံလို့ မပြီးသေးပါဘူး။ ဥပဒေအရကြည့်ရင် သူဟာ ဝရမ်းပြေးပါ။ ဒါကြောင့် သူ့ကို ပြစ်ဒဏ်လျော့လို့မရပါ။ နောက် ထောင်ဖောက်ပြေးမှုဟာလဲ အမှုတောင်မဖွင့်ရသေးပါ။သူ့အဓိကက ဘာတွေနဲ့ ဆက်နွယ်နေလဲဆိုတာ မေးခွန်းတွေရှိပါတယ်။ နောက် သူ့နောက်ကလိုက်သူတပ်ထွက်တွေရဲ့ အဆိုအရ သူ့ခြံထဲမှာ လက်နက်တွေရှိပါတယ်။ ဘယ်ကလိုင်စင်ရလဲ မဟုတ်ရင်လိုင်စင်မဲ့ပါ။ ယခင် ၁၉၉၀ ကျော်နှစ်တွေက ဝ တပ်ကဆို ရန်ကုန်မှာ သေနတ်ကိုင်လို့ရခဲ့ပေမယ့် ယခုက ၂၀၂၀ ပါ။ သူလဲ ဝ နဲ့မဆိုင်တော့ပါဘူး။



နောက်မိုက်ကယ်ကျော်မြင့်အမှုပါ။ သူက လိမ်လည်မှုတွေ ကျူးလွန်ခဲ့သူဖြစ်ပြီး မင်းမဲ့စရိုက်ကြောင့်တရားစွဲချိန်မှာ အဖမ်းမခံဘဲ ထွက်ပြေးခဲ့သူပါ။ သူဟာ ပထမပြစ်မှုအတွက်သာ ထောင်ကျခဲ့ပြီးဝရမ်းပြေးအတွက်က ဘာမှအကြီးအကျယ် ထောင်ချမခံလိုက်ရပါ။ အဆိုပါလူလိမ်ကလဲ ပါတီဥက္ကဌလုပ်နေတာက မှတ်သားစရာပါ။


ဒီနေရာမှာ NLD နဲ့ သူ့ကို ဆန့်ကျင်တဲ့ ပါတီများကို ယှဉ်ကြည့်ရာမှာ NLD နဲ့ တိုင်းရင်းသားပါတီ SNLD နဲ့ ALD လောက်သာ စစ်မှန်ပြီး ၈၀% သော အခြားပါတီများဟာ ရိုက်စားများနဲ့ ထောင်ထားတာ တွေ့ရပါတယ်။ ၂၀% လောက်ကတော့ အမှန်ရှိနိုင်ပါတယ်။


အစိုးရအနေနဲ့ အဆိုပါလူလိမ်တွေကို ဘယ်လိုအရေးယူမလဲ စဉ်းစားသင့်ပါတယ်။ နှင်းဆီပါတီဥက္ကဌထံမှာ ငွေဆုံးသွားသူတွေ အများကြီးပါ။ ဒါဟာ တရားဥပဒေစိုးမိုးမှုအတွက်အရေးကြီးပါတယ်။နောက်ကနေဒါက ဖမ်းဝရမ်းထုတ်ရင် မိမိတိုင်းပြည်က လူဆိုးတွေ ဝရမ်းပြေးတွေကို လက်ခံထားတဲ့တိုင်းပြည်လို့ ကမ္ဘာမှာ အထင်ခံရနိုင်ပါတယ်။


ရိုက်စားဆိုတာဟာ ရုပ်ရှင်ထဲမှာ ကြည့်လို့ကောင်းပေမယ့် ရိုက်စားတွေ ပါတီထောင်ရင်တော့ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နိုင်ပါတယ်လို့ ပြောပါရစေ။


Photo and News source: Myanmar Now

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Sep 24, 2020

ဦးမြတ် ! ဗုံး =သက်မဲ့ ၊ အဖျက်အမှောက် လုပ်ငန်းသုံး ပစ္စည်း။

လူသား = သက်ရှိ / အသက်ဝင်လှုပ်ရှား အသိဉာဏ် ရှိသူ။

လူတွင် ~~~လောဘ ၊ ဒေါသ ၊ မောဟ

အလောဘ ၊ အဒေါသ ၊ အမောဟ

တိရိစ္ဆာန်များတွင် လောဘ ၊ ဒေါသ ၊ မောဟ. ၃. မျိုးသာရှိပါသည်။

လူများက ပိုသည်က

အလောဘ = ပယ်စွန့် လှုဒါန်းခြင်း

အဒေါသ =မေတ္တာ ၊ ကရုဏာ သနားကြင်နာတတ်ခြင်း

အမောဟ =မိမိလုပ်ဆောင်ချက် အကြောင်း အကျိုးသည် ကောင်းမကောင်း ဝေဖန်စိစစ်ဆုံးဖြတ်နိုင်ပြီး ကောင်းကျိုးပေါ်အောင်သာ ဖော်ဆောင်စေတတ်သည့်**အသိ*

**ဉာဏ် **/**ပညာ**

ကောင်းမွန်သော သတ္တိစွမ်းရည်များ အလုံးစုံပြည့်စုံသူကို **တိဟိတ်**/ဉာဏ်ပညာ မပါသူကို**ဒွိဟိတ်**/ဉာဏ်ပညာလည်း မရှိသောကြောင့် မေတ္တာ ကရုဏာတရားများ ခမ်းခြောက်သော သတ္တဝါကို **% အ. ဟိတ် %**


****************************


ဗုံး = ဆိုင်ရာဝန်းကျင်ကို ပျက်ဆီးစေ၏၊ သက်မဲ့ ။ အသိ မရှိ ၊ ဉာဏ်မပါ (မေတ္တာ ကရုဏာနဲ့ ဘယ်နည်းနဲ့မှ ဆက်သွယ် ပတ်သက်လို့ မရတဲ့ ရုပ်ဝတ္ထု ပစ္စည်း)

လူသား ဆန်သော ဗုံး }}>>သုံးနှုံးပြီဆိုကတည်းက ထိုသူ၏ ရင်မှာ မေတ္တာ ကရုဏာ အကြင်နာ ပျောက်ခြင်းနှင့် အတူ**%%အကြောင်းအကျိုး၊အကောင်းအဆိုး ဉဏ်စွမ်းရည်များ%%**မရှိတော့ပါ။

ဉာဏ်မပါသောသူ၊ လူဆန်သော အဆံ မပါသည့် သူ ???


အဖျက်စွမ်းအားသက်သက်ကိုသာ ပေးစွမ်းသော ဗုံး ကို ငြိမ်းချမ်းမှုကို လိုလားသော လူ့အသိုင်းအဝိုင်း(လူမျိုး ဘာသာ အသားအရောင် မရွေး)လူသားအားလုံးက ရွံရှာကြောက်ရွံကြပါသည်။

အလားတူစွာ လူအဝန်းအဝိုင်းအတွက် ဓနဥစ္စာဉာဏ်နှင်…


Like

Albert Wint
Albert Wint
Sep 24, 2020

မြန်မာနိုင်ငံတရားစီရင်ရေးစံနစ်နဲ့ ဒီလူနဲ့တော့ကမ္ဘာကျေ်ပြီပေါ့

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page