top of page
Search

ရွေးကောက်ပွဲကို ကိုဗစ်ကြောင့် ရွှေ့သင့်သလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 19, 2020
  • 2 min read

ဒီကိစ္စဟာ ဒီအချိန်မှာ ရေးစရာမလိုတော့ဘူးလို့ ထင်ထားတဲ့ကိစ္စပါ။ ဒါပေမယ့် ဆရာဝန်ဆိုတဲ့ ဘွဲ့သာရှိပြီး ဟိုစင်ပေါ်တက် ဒီစင်ပေါ်တက်ပြီး တစ်ပူးက မြှောက်စားလို့ တောက်ကြွားလာတဲ့ ဆရာဝန်နာမည်ခံဆေးမကုစားသူ ဆယ်လီတစ်ယောက်က ရေးတင်ထားလို့ အချို့တွေဝေသူများအတွက် ရေးပါ့မယ်။အဆိုပါစာရေးသူက ကိုဗစ်ကိုထိန်းချုပ်နိုင်မှ ရွေးကောက်ပွဲလုပ်သင့်သလိုပုံစံရေးထားလို့ပါ။ စာရေးသူဟာ သူ့စာဖတ်ပုရိတ်သတ်မဟုတ်ပါ။ ယခုလဲ NLD ထောက်ခံသူများက သူ့စာဟာ အဆိပ်အတောက်ဖြစ်နိုင်တယ်လို့ တင်ပြလာလို့ တန်ပြန်ရေးလိုက်ပါတယ်။


ပထမက

၁။ ကိုဗစ်ကိုထိန်းချုပ်နိုင်တဲ့ အခြေအနေရှိမှ ရွေးကောက်ပွဲလုပ်ဆိုတဲ့ပုံစံမျိုး ပြောပါတယ်။

ယခုအထောက်အထားနဲ့ ပြတ်ပြောပြပါ့မယ်။

မြန်မာပြည်မှာက နိုဝင်ဘာ ၈ ရက်မိုလို့ မြန်မာပြည်နဲ့အတူ နိုဝင်ဘာ ၃ ရက်မှာ ရွေးကောက်ပွဲလုပ်မယ့်အမေရိကန်က သမ္မတရွေးကောက်ပွဲနဲ့ယှဉ်ပြီး ရေးပြပါ့မယ်။

အမေရိကန်မှာ ၁၉/၁၀/၂၀ အထိ ကိုဗစ်ရောဂါဖြစ်သူ ၈ သန်းကျော် ၈,၄၀၇,၆၃၆ ရှိပြီး သေဆုံးသူက၂၂၄,၉၄၄ ( နှစ်သိန်းကျော်ပါ)။ ဒါကြောင့်သေနှုန်း mortality rate က ၂.၆၇၅% ပါ။ ယူကေက ကိုဗစ်ရောဂါဖြစ်သူ ၇၄၁,၂၁၂ ( ၇ သိန်းကျော်ဖြစ်ပြီး) သေဆုံးသူက ၄၃,၇၂၆ ဦးပါ။ ဒါကြောင့် သူ့သေနှုန်းmortality rate က ၅.၈၉၉% ပါ။ ပြင်သစ်မှာ ကိုဗစ်ရောဂါဖြစ်သူ ၉၁၀,၂၇၇ ရှိပြီး သေဆုံးသူက၃၃,၆၂၃ ဦးပါ။ သူ့သေနှုန်းက ၃.၆၉၃% ပါ။


မြန်မာပြည်မှာ ၁၉/၁၀/၂၀ ညအထိ ရောဂါဖြစ်သူ ၃၇၂၀၅ (သုံးသောင်းကျော်) ရှိပြီး သေဆုံးသူက၉၁၄ ဦးပါ။ ဒါကြောင့် သေဆုံးနှုန်း mortality rate က ၂.၄၅၆% ပါ။ မြန်မာပြည်နဲ့ အမေရိကန်၊ ယူကေ၊ပြင်သစ် ဘယ်တိုင်းပြည်က ပိုချမ်းသာပြီး ကျန်းမာရေးစနစ်ပိုကောင်းလဲသိဖို့က ဒေါက်တာဘွဲ့မလိုပါ။ကလေးမေးရင်တောင်သိမှာပါ။ မြန်မာပြည်ဟာ ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံဖြစ်ပြီး အနောက်တံခါးဟာအစိုးရထိန်းချုပ်မှုအောက်မှာ မရှိပေမယ့် အများကြီး ထိန်းထားနိုင်သေးတာတွေ့ရပါတယ်။ ကမ္ဘာကျော်ဆရာဝန်တွေဟာ အမေရိကန်၊ ပြင်သစ်နဲ့ ယူကေမှာရှိပြှး မြန်မာပြည်မှာ သူတို့လို နည်းပညာမရှိပေမယ့် ပြည်သူ့ကျန်းမာရေးစနစ် public health နဲ့ အခက်အခဲကြားက ထိန်းထားတာဟာ ဂုဏ်ယူစရာပါ။


နောက်ပြီး ရောဂါပိုးတွေ့သူအချိုးဟာ စစ်သူအရေအတွက် နှစ်သောင်းနီးပါးရှိလာပေမယ့် ပိုးတွေ့သူဟာ တစ်ထောင်နားမှာ ငြိမ်လာတာတွေ့ရပါတယ်။ ဒါဟာ ရန်ကုန်မှာ စက်ရုံတွေဖွင့်တဲ့ကြားထဲကပါ။

အရေးကြီးဆုံးက စစချင်းမှာ DASSK က ပိုးတွေ့သူအားလုံးကို ရန်ကုန်မှာ ဆေးရုံခေါ်ကုပေးချင်တဲ့မေတ္တာစေတနာကြောင့် ရန်ကုန်အစိုးရ ကွီးဖြိုးနဲ့ကွီးစိုးက ခက်ခက်ခဲခဲ လှုပ်ရှားခဲ့ရပါတယ်။နောက်ပိုင်း ဧရာ၊ KBZ နဲ့ fortune plaza ကလှူတာတွေ ရိုးမရိပ်သာတွေ၊ အောင်မြင့်မိုလ်တွေနဲ့ We Love Yangon တို့ စေတနာ့ဝန်ထမ်းတို့ကြောင့် အဆင်ပြေလာချိန်မှာ အဘနဲ့ဖွတ်တွေရဲ့ အစိုးရကိုပုံရိပ်ချတာဟာ မမှီတော့ဘဲ လူနာအများစုဟာ သူတို့ရဲ့ ဆေးရုံကအခန်းတွေ စားစရာတွေ ဘယ်လိုကောင်းကြောင်း အပြန်အလှန်တင်လာကြတဲ့အထိပါ။ အချို့ သံသယလူနာများဆို တပ်က Q စခန်းကို မသွားချင်ကြတဲ့အထိ ဖြစ်လာပြီး အင်းလျားတွေ ရိုးမရိပ်သာတွေ အပြန်အလှန်လုလာတဲ့အထိ လက်ခံနေထိုင်လာကြတာတွေ့ရပါတယ်။


ယခု ကိုဗစ်ဟာ အမေရိကန်မှာ ဒုတိယလှိုင်းမဟုတ်ဘဲ တစ်နေရာအပြီး တစ်နေရာ အမြဲဖြစ်နေလို့ မစောင့်ဘဲ ရွေးကောက်ပွဲလုပ်နေသလို ဥရောပက ပြင်သစ်၊ အင်္ဂလန်၊ စပိန်တို့မှာ နေ့တိုင်း သောင်းချီဖြစ်နေလို့ မြန်မာပြည်က ထောင်ဂဏန်းကို မထိန်းနိုင်ဘူးလို့ ပြောလို့မရပါလို့ ဆရာဝန်မလုပ်တဲ့ ဒေါက်တာလေးကို ပြောပါရစေ။


ဒုတိယ

ရင်းမြစ်လုံလောက်မှုရှိမလားဆိုပြီး မေးခွန်းထုတ်ထားတာပါ။

မဲပေးတဲ့နေ့မှာ ကူးမလားဆိုတာပါ။ မဲပေးတဲ့နေရာဟာ နေ့တိုင်းဝယ်နေတဲ့ စျေးထက်ပိုပြီး လုံခြုံတယ်လို့ ပြောပါရစေ။ သေချာသိချင်ရင် စာများများဖတ်ပါ။ ကိုဗစ်ဟာ စက္ကူပေါ်မှာ အကြာကြီးမနေပါ။

ပုံမှန် မဲရုံအများကြီးထားပြီး နှာခေါင်းစည်းတပ်ထား၊ လက်ကို မဲပေးအပြီး Hand gel နဲ့ဆေးရင် ပိုးသေပါတယ်။ စက္ကန့် ၂၀ ဆေးရုံပါ။ ရွေးကော်ကမှာထားတဲ့ ပစ္စည်းတွေလဲ အလုံအလောက်ရောက်လာပါပြီ။ ဒါကြောင့် ဒီမဲရုံမှာ မဲပေးတာဟာ သာမန်စျေးဝယ်တာထက်ပိုလုံခြုံပါတယ်လို့ ပြောပါရစေ။


တတိယ

သူထောက်ပြတဲ့ တတိယအချက်ကတော့ “နိုင်ငံရေးဝန်းကျင် political environment’ ကောင်းဖို့လိုတယ်။ မြန်မာပြည်မှာက ပါတီတွေမညီဘူး ယုံကြည်မှုသိပ်နည်းနေတယ်၊ ရွေးကော်က ရွေးကောက်ပွဲမလုပ်ဖူးလို့ တိုင်းရင်းသားဒေသတွေမှာ ကြေညာလို့ အစာမကျေဘူး ဒါကြောင့် ရွေးကောက်ပွဲမလုပ်သင့်ဘူးလို့ ရေးပါတယ်။ အဲ့ဒီနေရာမှာ သူ့ရဲ့အတွေးအခေါ် နှိမ့်ကျမှုကို ပြသွားပါတယ်။ မြန်မာပြည်ကိုထားလိုက်ပါ။ မြန်မာပြည်နဲ့ တချိန်ထဲနီးပါး မဲပေးမယ့် ၂၀၀၈ မရှိတဲ့အမေရိကန်ကိုကြည့်ပါ။ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲကို ငြင်းကြပြီး ယခုတိုင် ငြင်းခုံနေဆဲပါ။ ဒါ့အပြင် လူမဲလှုပ်ရှားမှု Black Lives Matter ဟာလဲ ဖြစ်နေဆဲပါ။ ဒီကြားထဲကနေ ရွေးကောက်ပွဲလုပ်ပါတယ်။ နောက်ပြီး တရားသူကြီးအသစ်ကို ဒီမိုကရက်က မရွေးဖို့ပြောပေမယ့် ထရမ့်ကရွေးပြီး အထက်လွှတ်တော်က သူ့ပါတီက ဒီမိုကရက်ကန့်ကွက်တဲ့ကြားက အတည်ပြုဖို့ လုပ်နေပါတယ်။ မြန်မာပြည်ကရွေးကော်ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ပါ။

ဒါပေမယ့် အဆိုပါစာဖတ်နည်းတဲ့ ဆရာဝန်မလုပ်တဲ့ ဆရာဝန်လေး မသိသေးတာက အမေရိကန်မှာ ထရမ့်တက်တက် Joe Biden တက်တက် အဆင်ပြေပြီး ၂၀၀၈ ခြေဥရှိမနေတာပါ။ မြန်မာပြည်မှာက၂၀၀၈ ခြေဥရှိနေပြီး တစ်ပူးရဲ့အဘ မအလက အာဏာယူဖို့ ချောင်းနေတာပါ။

အမေရိကန်က စာရေးသူတို့တိုင်းပြည်အနေနဲ့ ဝေးနေပါတယ်။ ထိုင်းကိုကြည့်ပါ။ အာဏာရှင်စနစ်အပြီးသတ်ဖို့ ထိုင်းကပြည်သူတွေဟာ ကိုဗစ်ကိုမကြောက်ဘဲ ထောင်ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။


အချို့လူများဟာ စာတွေတတ်ပါတယ်။ ဥပမာ ဒေါက်တာမောင်မောင်လိုပေါ့။ သူကတတ်ပေမယ့် နေဝင်းကျွန်ပါ။ ဒေါက်ခိုင်က မအလကျွန်ပေါ့။


စာရေးသူတို့တိုင်းပြည်မှာ ကိုဗစ်ဟာ ကြောက်ဖို့ကောင်းပေမယ့် စစ်အာဏာရှင်စနစ်ဟာ ကိုဗစ်ထက်ပိုဆိုးလို့ စာရေးသူတို့ ပြည်သူတွေအနေနဲ့က ကိုဗစ်ကိုမမှုဘဲ မဲထွက်ပေးရမှာပါလို့သာ ပြောပါရစေ။ မဲထွက်မပေးရင် နောက်မှ ထိုင်းမှာလို ဆန္ဒပြနေရပြီး ၈၈ လို အသက်တွေ ထပ်စတေးရပါလိမ့်မယ်လို့ထပ်ပြောပါရစေ။


(စာကြွင်း၊ ဤဆောင်းပါးအတွက် ဆေးပညာဆိုင်ရာ အချက်အလက်များကို US, UK နှင့် စင်ကာပူမှလက်ရှိ ဆရာဝန်အလုပ်လုပ်စားနေသော Consultant in Infectious Disease, General Internal Medicine, Public Health and Intensive Care Medicine ဆရာဝန်ကြီးများမှ ပေးပို့ပါသည်။)

Reference: NEJM, MOHS, Worldometers

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Oct 20, 2020

ဘော်လခဲက အဆုံးအဖြတ်ပါ။

Like

Myint Soe Oo
Myint Soe Oo
Oct 20, 2020

ဦးမြတ်! ငယ်စဥ်ကာလက. ကြားဘူး၍ နားဝခဲ့သော ဦးအံ့ကြီး၏ သီချင်း။**လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာ မြှင့်တင်**

လူချွန် လူကောင်း

လူ ရည် ချွန် =>လူ့ အရည်အသွေးများ ချွန် ေနသူ။

ဉာဏ်အရာ နှင့် စာရိတ္တအရာ ။

အရည်အသွေး ကောင်းများ ပြည့်စုံနေသူ။

ဤခြင်းရာ နှစ်ရပ်ပြည့်စုံမှ သာ

လူချွန် လူကောင်း ဖြစ်ပါမည်။

ပညာရပ်တခုမှာ တော် ၊ ချွန်ပါရဲ့။ စာရိတ္တအရာမှာ မကောင်း ခဲ့လျှင်?

သို့ပါ၍ တောင်မြို့ မဟာဂန္ဓာရုံ စာသင်တိုက်ကြီး၏ စည်းကမ်း ဆယ်ချက်တွင်

***စိတ်ကောင်းရှိဖို့ ပထမ**ဟုချမှတ် ကျင့်သုံးပါသည်။


**************************


မန်းက ဦးချစ်စရာ ၊ လူရွှင်တော်။

ဟာသရသဖြင့် တဖက်လူ ပျော်ရွင်အောင် ပြောရာတွင် တော်သလို ချွန် ပါသည်။ ကောင်းလည်း ကောင်းပါသည်။​ ခန္ဓာအောက်ပိုင်းနှင့် လွတ်ကင်းသော အပြောအဆိုများသာသုံးပါသည်။

လူရွှင်တော် နယ်ပယ်မှာတော့

***လူချွန် လူကောင်းပါ***


ဟာသစုံတွဲ နှစ်ယောက်။ ဦးချစ်စရာထက် ဓန အင်အားတောင့်သလို ဦးချစ်စရာထက်လည်း အောင်မြင်မှုရရှိပါသည်။အများစုက သဘောကျကြပါသည်။ဒါပေမယ့်သူတို့ရဲ့ ဟာသအများစုက ယဥ်ကျေးမှုနှင့် ဖီလာဖြစ်သော ခန္ဓာအောက်ပိုင်းနှင့် တမျိုးတဖုံ(အနိမ့်ဆုံး သွယ်ဝိုက်သောအားဖြင့်တော့)ဆက်စပ်နေပါသည်။

မတော် သလို၊ မကောင်းလည်း မကောင်းပါဘူး။ရွှင်အောင်ပြောရာမှာ မတော်ပါ။ဒါပေမယ့် လူရွှင်တော် ခေါင်းစဥ်အောက် ရောက်နေပါသည်။


**************************


မည်သည့်နယ်ပယ်အတွက် မဆို၊ လူချွန် လူကောင်းများ အထူးလိုပါသည်။

ချွန်သောသူ ကောင်းရန် အကျင့်စာရိတ္တ အရေးကြီးပါသည်။ချွန်သောသူ ကျင့်သုံးရမည့် ကာယကံ ၊ ဝစီကံ ၊ မနောကံ။ မနောကံမှာ အရေးကြီးပါသည်။ မနောမှာအဆိုးမြင် နှလုံးသွင်း ရှိနေသမျှ

ဝစီကံ ၊ ကာယကံ မကောင်းနိုင်ပါ။ ဝစီကံမှာလည်း

#ပိသုဏဝါစာ#

ညီညွတ်နေသူများအား သွေးကွဲအောင် သွေးခွဲစေမည့် စကား။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page