ရွေးကောက်ခံနိုင်ငံရေးသမား၊ ဒီမိုတပ်နှင့် ပညာရှင် (Politicians ၊ Professional Army and Professionals)
စာရေးသူတို့ဟာ နေဝင်းစစ်ခွေးအုပ်ချုပ်ချိန် မဆလအောက်မှာလူဖြစ်လာသူနဲ့ ဘရွှေ၊ ဘစိန်လက်ထက် လူဖြစ်လာသူက အများစုပါ။ ထိုစနစ်က စာရေးသူတို့အများစုရဲ့ ခေါင်းထဲထည့်ပေးထားတာက နိုင်ငံရေးသမားကထောင်ထွက် ပညာမတတ်ဆိုတာပါ။ ဒါ့အပြင် အချို့ပညာရှင်ဆိုသူက နိုင်ငံရေးသမားက ငါတို့ကို လာမစွက်နဲ့ဆိုပြီး မာန်ထခဲ့တာပါ။ DASSK ဆရာဝန်တွေအကြောင်း ပြောချိန်ကဆို တပ်ကမိုးညိုတို့လဲ DASSK ကို ဖောင်းထုခဲ့ကြပါသေးတယ်။ အချို့ကလဲ လက်နက်ကိုင်တပ်က ရွေးကောက်ခံအစိုးရအမိန့်ကို နာခံရမယ်လို့ပြောရင် သူက မဟုတ်တဲ့အမိန့်ပေးရင် ဘယ်လိုလုပ်မလဲဆိုပြီး စောဒကတက်တာလဲ တွေ့ဖူးကြားဖူးပါတယ်။ ဒီနေရာမှာ မဟုတ်တဲ့အမိန့်ကို ဘယ်လိုဆုံးဖြတ်မှာလဲလို့ ပြန်မေးစရာကလဲ ရှိပါတယ်။ ကိုယ်နဲ့အမြင်မတူတာကို မဟုတ်တဲ့အမိန့် မတရားတဲ့အမိန့်လို့ ယူဆမလားပေါ့။ အဆိုပါ မဟုတ်တဲ့အမိန့်လို့ သုံးသပ်တဲ့ စစ်သားက ကွန်မြူနစ်ဆိုရင် ဒီမိုအစိုးရက ပြောသမျှကို မတရားတဲ့အမိန့်လို့ ထင်မှာပါ။ ထို့အတူ အဆိုပါစစ်သားက လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်ဆိုရင်လဲ သူက အမိန့်အချို့ကို မတရားတဲ့အမိန့်လို့ ထင်နိုင်ပါတယ်။
ဒီနေရာမှာ စာရေးသူက လက်နက်ကိုင်တွေက ရွေးကောက်ခံအစိုးရအမိန့်ကို နာခံရမယ်ဆိုတာက ဒီမိုစနစ်ရဲ့ အခြေခံပါ။ ယခုစာရေးသူတို့ တော်လှန်ရေးလုပ်နေတယ်ဆိုတာက လက်နက်ကိုင် မအလက ဒီမိုအစိုးရအမိန့်ကို မနာခံလို့ ယခုလို တော်လှန်နေရတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ မအလနဲ့ ဖွတ်ပါတီက သူတို့မဲရှုံးတာကို မတရားမဲရှုံးတယ်လို့ ထင်နေတာပါ။ ဒါကြောင့် သူက DASSK အမိန့်ကို မနာခံဘဲ အာဏာသိမ်းခဲ့တာပါ။ သူ့အတွက်က မတရားတဲ့ အမိန့်ပေါ့။
LPDF အချို့ဟာ NUG မပေါ်ခင်ပေါ်လာတယ်ဆိုတာ လက်ခံပါတယ်။ တန်ဖိုးလဲထားပါတယ်။ သူတို့က အစပိုင်းမှာ မအလကို ရရာလက်နက်နဲ့ တိုက်ခိုက်တာကလဲ ဂုဏ်ယူစရာပါ။ မွေးခါစကလေးက လေးဖက်ထောက်စသွားတာဟာ မိဘအတွက် ဂုဏ်ယူစရာပါ။ ဒါပေမယ့် ယခုအချိန်မှာ စစ်အရှိန်က ပြောင်းသွားခဲ့ပြီး NUG တပ်က PDF ပေါ်လာခဲ့ပါပြီ။ စာရေးသူတို့ဟာ စခန်းသိမ်းတဲ့အဆင့်ကို ရောက်လာခဲ့ပါပြီ။ ဒါကြောင့် ယခင်က လေးဖက်ထောက်သွားတဲ့ LPDF ဟာ ယခုအချိန်မှာ လမ်းလျှောက်၊စကားပြောတဲ့ NUG အောက် အမိန့်နာခံတဲ့ PDF တပ်ရင်း ဖြစ်ရပါမယ်။ ယခုအချိန်မှာ LPDF က NUG နဲ့ မပူးပေါင်းဘဲ ကန့်လန့်လုပ်နေရင်တော့ သူက သုံးနှစ်ပြည့်ပြီး လမ်းမလျှောက်တတ်တဲ့ ကျပ်မပြည့်တဲ့ နဂါးလေးဖြစ်သွားမှာပါ။
အချို့ပြည်သူကလဲ ဘုံရန်သူကိုတိုက် ကျန်တာပြီးမှ ညှိယူမယ်ဆိုသူများလဲရှိပါတယ်။ လွတ်လပ်ရေးမရခင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကလဲ ယခုလို ပြောခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ ဒါပေမယ့် အာဏာကို ဖဆပလနဲ့ မဲရုံမှာ အဖြေရှာရမယ့်အစား လက်နက်ကိုင်တိုက်ခဲ့လို့ ခွေးနေဝင်းစစ်တပ်ကို အားကောင်းသွားစေခဲ့တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ သမိုင်းဆိုတာ မအအောင်သင်တာပါ။
ယခု ဒီမိုစနစ်ကို ပြန်သွားပါ့မယ်။ ဒီမိုစနစ်မှာ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရတွေနဲ့ သူတို့အုပ်ချုပ်ရတဲ့ အုပ်ချုပ်ခံ ပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ အမြဲသဘောထား မတိုက်ဆိုင်တတ်ပါ။ ဥပမာ ဗီယက်နမ်စစ်ပွဲကိုကြည့်ပါ။ အမေရိကန် အစိုးရက တိုက်ပေမယ့် သူ့ပြည်သူနဲ့ စစ်သားအချို့က မတိုက်လိုပါ။ ဒါပေမယ့် သာမန်ပြည်သူက ဆန္ဒပြလို့ရပေမယ့် အမေရိကန်စစ်သားတွေက စစ်ထဲဝင်တိုက်ခဲ့ရပါတယ်။ ဒီစစ်ပွဲကို ကျူးကျော်စစ်မိုလို့ မတိုက်ချင်သူရှိမှာပါ။ ဒါပေမယ့် ရွေးကောက်ခံသမ္မတအမိန့်အရ တိုက်ရပါတယ်။ ယခု တောင်ကိုရီးယားမှာ ဆရာဝန်များစွာ မွေးထုတ်ဖို့ အစိုးရကလုပ်တာကို ဆရာဝန်တွေက ကန့်ကွက်ပါတယ်။ ဒါပေမယ့် အစိုးရက ပြည်သူလိုအပ်ချက်အရ ဆက်လုပ်ပါတယ်။ ဆရာဝန်ပြောတာကို ပညာရှင်ဆိုပြီး အကုန်မနားထောင်ပါ။ အနည်းငယ်တော့ ညှိမှာပါ။ ထို့အတူ ပြင်သစ်သမ္မတက ၂၀၁၇ အာဏာရအပြီးမှာ သူ့ဝန်ထမ်းတွေ ပင်စင်ယူရနိုင်တဲ့ အသက်ကို ၆၂ ကနေ ၆၄ နှစ်ကိုပြင်လို့ ဝန်ထမ်းတွေ တစ်နိုင်ငံလုံး ဆန္ဒပြခဲ့ကြပါတယ်။ သူက ပြည်သူ့အသံဆိုပြီး အလျှော့ပေးခဲ့ပါ။ သူက သူ့မူဝါဒကို ဆက်လုပ်ခဲ့ပါတယ်။ သူ့တိုင်းပြည်က ပြည်သူအများစုက ထိုပင်စင်ယူရမယ့် အသက်ကိုပြင်ဖို့ သဘောတူပြီး ရွေးကောက်ပွဲမှာ ရွေးခဲ့တာပါ။ ယခု ၂၀၂၂ ရွေးကောက်ပွဲမှာ သူပြန်အရွေးခံခဲ့ရပါတယ်။ သူက စစ်စားရိတ်လျှော့မယ်ပြောချိန် သဘောမတူတဲ့ စစ်ဦးစီးအရာရှိချုပ် Gen Pierre de Villiers လဲ ရာထူးက ထွက်ခဲ့ရပါတယ်။ အချို့တိုင်းပြည်မှာ ရဲ၊ စစ်တပ်ကို ဆန္ဒမပြရဆိုပြီး ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ဥပမာ ဒီမိုဘိုးအေ အင်္ဂလန်မှာပါ။
လက်ရှိအမေရိကန် ပြည်ထောင်စုကိုကြည့်ပါ။ ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုပြီး တပ်က အာဏာမသိမ်းခဲ့ပါ။ သူကလဲ မတရားတဲ့အမိန့်ဆိုပြီး ပြောချင်ရင် ပြောလို့ရပါတယ်။ ထရမ့်ကို ဒီမိုကရတ်ရှေ့နေချုပ်တွေက အမှုများစွာနဲ့ဆွဲလဲ အားလုံးက သူ့ကို လူထုကြိုက် မကြိုက် မဲရုံကနေသာ အဆုံးအဖြတ်ပေးဖို့ ဖြစ်လာနေပါတယ်။ ငါပညာရှင်ဆိုပြီး လုပ်ချင်တိုင်း လုပ်မရပါ။
ယခုတော်လှန်ရေးမှာ လူတိုင်းက အကျင့်တွေပြင်ရမှာပါ။ ပထမ လူမျိုးကြီး ဝါဒကို ဖျောက်ရမယ်လို့ တိုင်းရင်းသားတွေက ပြောလေ့ရှိပါတယ်။ ပြီးရင် အသားအရောင်၊ လူမျိုး၊ ဘာသာခွဲခြားမှုပေါ့။ အဲ့ဒါတွေထက် အရေးကြီးတာက လက်နက်ကိုင်တွေရဲ့ အကျင့်ကို ယခုတော်လှန်ရေးကာလမှာကထဲက ပြင်ရမှာပါ။ ယခုကောင်းတာက စစ်သည်ကျင့်ဝတ်နဲ့ တော်လှန်ရေးတပ်အများစုက စလိုက်နာနေကြလို့ ဒါကအင်မတန်ကောင်းပါတယ်။ ဒါပေမယ့် NUG အောက်မရှိတဲ့ တပ်ချုပ်တွေက မိန်းမများစွာယူတာ၊ သင်တန်းမှူးအမျိုးသမီးနဲ့ မယုဘဲ အိပ်တာတွေက နေဝင်းနဲ့တူနေပါတယ်။ ဒါတွေကို ဘယ်သတင်းသမားကမှ မထောက်ပြပါ။ သူတို့က NUG ပအဖလောက်သာ ထောက်ပြပြီး အချိန်ကုန်နေပါတယ်။ ဒါထက်ဆိုးတာက အလွှာပေါင်းစုံက ပညာရှင်များက ရွေးကောက်ခံနိုင်ငံရေးသမားကို လေးစားဖို့နဲ့ အထူးသဖြင့် လက်နက်ကိုင်များက ရွေးကောက်ခံ နိုင်ငံရေးသမား အမိန့်ကိုနာခံဖို့ပါ။ သူတို့တွေက မအလစောက်ချိုးကို ဆက်မချိုးဖို့ အင်မတန်လိုပါတယ်။ မဟုတ်ရင် မအလကိုဖြုတ်ချနိုင်လဲ နောက်မအလ လက်နက်ကိုင်တွေ တက်လာမှာပါ။
ဒါဆို ရွေးကောက်ခံ နိုင်ငံရေးသမားက မမှားနိုင်ဘူးလား? သူ့ကို သူ့ပါတီက ဆုံးမမှာဖြစ်ပြီး မဆုံးမရင်လဲ သူ့ကို မဲပေးပြီး ရွေးကောက်ပွဲကြရင် ဖြုတ်ချလို့ရပါတယ်။ ဥပမာ ဘိုင်ဒင်လုပ်တာကို သူ့ဆန့်ကျင်ဖက်ပါတီက မကြိုက်နိုင်ပါ။ ဒါကို မိမိမူဝါဒကို ချပြ မဲဆွယ်စည်းရုံးပြီး မဲရုံကနေ မူဝါဒပြောင်းရမှာပါ။ သူ့ထက်မြင်သာတဲ့ ထင်ရှားတဲ့ ဥပမာက ဂါဇာမှာဖြစ်နေတာပါ။ ဒီကိစ္စကို အစ္စရေးတပ်ထဲက တပ်ဖွဲ့ဝင်တိုင်း သဘောတူချင်မှ တူမှာပါ။ ဒါပေမယ့် သူတို့ဟာ ဒီမိုရွေးကောက်ခံအစိုးရအမိန့်ကို နာခံပြီး အလုပ် လုပ်ရပါတယ်။ မတရားတဲ့အမိန့်ဆိုပြီး မလိုက်နာလို့မရပါ။ ဒါက ထင်ရှားတဲ့ ဥပမာပါ။ ဒါကို ဗမာပြည်ထဲက ကွန်မြူနစ်ဝါဒရှိသူ၊ ဘာသာစွဲရှိသူ၊ လူ့အခွင့်အရေးဆိုပြီး အလွန်အော်သူ NGO ဖွဲ့တဲ့တပ်က မတရားတဲ့အမိန့်ဆိုပြီး မနာခံလို့မရပါ။ သူတို့မကြိုက်ရင် လက်ရှိဝန်ကြီးချုပ်ကိုဖြုတ်နိုင်အောင် ရွေးကောက်ပွဲ(သို့) နိုင်ငံရေးအရ ဖိအားပေးပါ။ ရွေးကောက်ခံနိုင်ငံရေးသမားမဟုတ်တာလုပ်ရင် ထရမ့်နဲ့ ကလင်တန်လို လွှတ်တော်ကသာ တရားစွဲပြီး အပြစ်ရှိ မရှိ ဆုံးဖြတ်ရတာပါ။
အကျဉ်းချုပ်ရရင် တော်လှန်ရေးမှာ အဆုံးသတ်ကောင်းဖို့ ပြည်သူတွေက NUG အောက် အမိန့်နာခံတဲ့ တပ်တွေပေါ်လာအောင် မွေးထုတ်ပေးပါ။ မွေးခါစကလေး လေးဘက်သွားတာကောင်းပေမယ့် သုံးနှစ်မှာ အမိန့်နာခံ လမ်းလျှောက်တတ်အောင် သင်ပေးပါ။ ဂဏန်းလေးတွေ မဖြစ်ပါစေနဲ့။ ကွန်မြူနစ်ကို သတိထားပါ။ ပြည်သူက အဆိပ်ပင်ရေလောင်းပြီး တပ်တော်နောက်လိုက်ရင်တော့ မြန်မာပြည်ဟာ မအလပြုတ်ရင်တောင် ၁၉၄၈ ကို ပြန်ရောက်သွားနိုင်ပါတယ်။ ပြည်သူက အမျှော်အမြင်နဲ့ ပံ့ပိုးပေးနိုင်ပါစေ။ အကောင်းဆုံးက PRF အစီအစဉ်ပါ။ နောက်ဆုံးကတော့ ပြည်သူကသာ ဆုံးဖြတ်သွားမှာပါ။
Well don’t forget the voices from the people of Myanmar . One thing I will point out , ASEAN countries like Indonesia or Malaysia had many Ethnic diversity and differences. If you ask people from Indonesia where you from, they said from Indonesia. We must learn in Burma , that we all are from Burma. Burmar is one of ethnic group . No one is dominant. Unity is the key. It is time we need to revisit Pinlong historical agreement. One goal is to get rid of dictatorship and megalomaniacs. Next step is Unity , it involves listening, learning, respect and helping hand to each others. Unity is the key in this revolution. Well NUG is not the governing body.…