ေရႀကီးမႈမွစဥ္းစားစရာမ်ား
ယခုျမန္မာျပည္မွာေရႀကီးတယ္။ေတာင္ၿပိဳတယ္။အဲ့ဒါကိုရာသီဥတုေဖာက္ျပန္လို႔ျဖစ္တာလို႔မျမင္ဘဲအခ်ိဳ႕ဘာသာေရးအျမင္က်ဥ္းသူ၊ပညာမတတ္သူကဆရာေတာ္ကိုေဝဖန္လို႔လို႔စဂ်င္းထည့္တယ္။ဘာမွမဆိုင္ဘူးဆိုတာဦးေႏွာက္ရွိသူဆိုရင္သိပါတယ္။ယခုျမန္မာျပည္မွာျဖစ္ေနခ်ိန္မွာအိႏၵိယမွာမိုးႀကီးေျမၿပိဳၿပီးလူ၁၅၀ေသတယ္။ျမန္မာျပည္ထက္လူမ်ားတယ္။ေနရာပိုမ်ားတယ္။အိႏၵိယတပ္မေတာ္ကကူေနရတယ္။သူ႔ျပည္သူကလခေပးထားလို႔ျပည္သူ႔ဝန္ထမ္းအေနနဲ႔ကူတာ။သူ႔မွာအာဏာရတာကBJP ပါတီ။သူ႔ပါတီမွာေျမတူးစက္တို႔ေလယဥ္ပ်ံတို႔မရွိဘူး။အိႏၵိယမွာဘယ္ဘုန္းႀကီးကိုမွမေဝဖန္ခဲ့ဘူး။သူ႔ဖာသာမိုးအမ်ားႀကီးရြာလို႔ေရႀကီးတာ။
ထို႔အတူယခုရက္ပိုင္းအတြင္းေလကီးမားတိုင္ဖြန္းမုန္တိုင္းတိုက္လို႔လူတစ္သန္းေက်ာ္ေရႊ႕ေျပာင္းရၿပီးလူ၅၀ေက်ာ္ေသတယ္။သူလဲဘယ္ဘုန္းႀကီးနဲ႔မွမဆိုင္ဘူး။တ႐ုတ္ကဘာသာေရးဖိႏွိပ္တာမာမူေတြေနတဲ့ဇင္က်န္ျပည္နယ္မွာ။ဒါဆိုရင္မာမူေတြကသူတို႔ဘာသာကိုေစာ္ကားလို႔ေရႀကီးတယ္ေျပာရင္ႀကိဳက္မလား? လက္ခံမလား။
အဂၤလန္ကအလယ္ပိုင္းမွာမိုးရြာလို႔ေဝလီတံတားၿမိဳ႕နားကဆည္က်ိဳးက်မလိုျဖစ္လို႔တစ္ၿမိဳ႕လံုးေရလြတ္ရာေရႊ႕ရတယ္။သူလဲဘယ္ဘာသာနဲ႔မွမဆိုင္ဘူး။
ဒါေတြေျပာျပရတာကအေတြးမတိမ္ဘဲေတြးေခၚတတ္ေအာင္ပါ။
ဒါဆိုဘာေၾကာင့္လဲ။ကမ႓ာႀကီးမွာလူေတြေၾကာင့္ရာသီဥတုေတြေဖာက္ျပန္လာခဲ့ပါတယ္။စာေရးသူတို႔လိုတိုင္းျပည္မွာက၁၉၈၈မွသည္၂၀၁၆အထိ၂၈ႏွစ္နီးပါးသစ္ခုတ္၊ေတာင္ၿဖိဳလုပ္လာလို႔သူမ်ားထက္ပိုခံရႏိုင္ပါတယ္။ဒီေနရာမွာအခ်ိဳ႕ကစီမံကိန္းေတြကိုဒီမိုအစိုးရနဲ႔လႊတ္ေတာ္ကဘဲခ်ေပးလို႔ျဖစ္သေရာင္ေျပာၾကျပန္ပါတယ္။အမ်ားစုကယခင္အစိုးရမဆင္းခင္ခ်ေပးခဲ့တာျဖစ္ၿပီးလက္ရွိအစိုးရကတာဝန္ဆက္ခံခဲ့ရတာပါ။ေရွ႕လူထိုးထားတဲ့စာခ်ဳပ္ကိုေနာက္အစိုးရကအေၾကာင္းျပခ်က္မခိုင္လံုဘဲဖ်က္လို႔မရပါဘူး။
ဒါဆိုစီမံကိန္းတိုင္းကိုသဘာဝပတ္ဝန္းက်င္ထိမွာစိုးၿပီးရပ္လိုက္ရမလားေမးစရာရွိလာပါတယ္။သင္လမ္းျဖတ္ကူးရင္ေတာင္ကားတိုက္သြားႏိုင္သလို၊ကားစီးရင္လဲမေတာ္တဆျဖစ္သြားႏိုင္ပါတယ္။ဒါေၾကာင့္သင္လမ္းေပၚလမ္းမေလွ်ာက္ဘဲအိမ္ထဲမွာတစ္သက္လံုးေနေနမွာမဟုတ္ပါ။အဂၤလန္မွာမိုးႀကီးၿပီးဆည္က်ိဳးက်မလိုျဖစ္မယ့္ဆည္ဟာေဆာက္ခဲ့တာႏွစ္ေပါင္း၁၅၀ေက်ာ္လို႔သိရပါတယိ။ဒါကိုဆည္က်ိဳးမွာစိုးလို႔မေဆာက္ခဲ့ရင္အဲ့ဒီေဒသကိုႏွစ္ေပါင္း၁၅၀ေက်ာ္အက်ိဳးျပဳခဲ့မွာမဟုတ္ပါ။ဒါေၾကာင့္စီမံကိန္းမ်ားကိုစဥ္းစားရာမွာအက်ိဳးအျပစ္ခ်င့္ခ်ိန္ၿပီးႏိုင္ငံေရးသမားမ်ားကဆံုးျဖတ္ရပါမယ္။ဒီေနရာမွာလူတစ္ဦးခ်င္းစီအေနနဲ႔အမိႈက္ကိုစနစ္တက်စြန္႔ပစ္ဖို႔ကၽြပ္ကၽြပ္အိပ္မသံုးဘဲျပန္သံုးလို႔ရတာေတြသံုးၿပီးအမိႈက္နည္းေအာင္ေနတာ၊သစ္ပင္စိုက္တာေတြနဲ႔ကမ႓ာႀကီးကိုကယ္တင္ဖို႔စဥ္းစားရမွာပါ။
ကမ႓ာေပၚကပင္လယ္ေအာက္ေရာက္ေနေပမယ့္ေရမႀကီးတဲ့နယ္သာလန္ဟာလဲဆည္ေျမာင္းေတြကိုဆယ္စုနစ္ေပါင္းမ်ားစြာလုပ္အားေပးၿပီးလုပ္ခဲ့ၾကလို႔ယခုလိုေနႏိုင္လာတာပါ။သူတို႔အဘိုးအဘြားေတြကအနစ္နာခံခဲ့လို႔ပါ။
အားလံုးကိုအက်ိဳးအေၾကာင္းအဆိုးအေကာင္းစဥ္းစားႏိုင္ေအာင္ပါ။ျမန္မာျပည္ကတစ္ဦးခ်င္းစီအေနနဲ႔အမိႈက္နည္းေအာင္ေနၿပီးအမိႈက္ကိုစနစ္တက်စြန္႔ပစ္ျခင္း၊အပင္စိုက္ျခင္းျဖင့္မိမိႏိုင္ငံကိုအက်ိဳးျပဳႏိုင္ပါတယ္။ေကာက္႐ိုးမီးလိုေတာ့ထမေတာက္သင့္ပါ။
အားလံုးလက္ေတြ႕က်က်လုပ္ေဆာင္ႏိုင္ပါေစ။
News Credit: BBC Burmese
Unicode version
ရေကြီးမှုမှစဉ်းစားစရာများ
ယခုမြန်မာပြည်မှာရေကြီးတယ်။တောင်ပြိုတယ်။အဲ့ဒါကိုရာသီဥတုဖောက်ပြန်လို့ဖြစ်တာလို့မမြင်ဘဲအချို့ဘာသာရေးအမြင်ကျဉ်းသူ၊ပညာမတတ်သူကဆရာတော်ကိုဝေဖန်လို့လို့စဂျင်းထည့်တယ်။ဘာမှမဆိုင်ဘူးဆိုတာဦးနှောက်ရှိသူဆိုရင်သိပါတယ်။ယခုမြန်မာပြည်မှာဖြစ်နေချိန်မှာအိန္ဒိယမှာမိုးကြီးမြေပြိုပြီးလူ၁၅၀သေတယ်။မြန်မာပြည်ထက်လူများတယ်။နေရာပိုများတယ်။အိန္ဒိယတပ်မတော်ကကူနေရတယ်။သူ့ပြည်သူကလခပေးထားလို့ပြည်သူ့ဝန်ထမ်းအနေနဲ့ကူတာ။သူ့မှာအာဏာရတာကBJP ပါတီ။သူ့ပါတီမှာမြေတူးစက်တို့လေယဉ်ပျံတို့မရှိဘူး။အိန္ဒိယမှာဘယ်ဘုန်းကြီးကိုမှမဝေဖန်ခဲ့ဘူး။သူ့ဖာသာမိုးအများကြီးရွာလို့ရေကြီးတာ။
ထို့အတူယခုရက်ပိုင်းအတွင်းလေကီးမားတိုင်ဖွန်းမုန်တိုင်းတိုက်လို့လူတစ်သန်းကျော်ရွှေ့ပြောင်းရပြီးလူ၅၀ကျော်သေတယ်။သူလဲဘယ်ဘုန်းကြီးနဲ့မှမဆိုင်ဘူး။တရုတ်ကဘာသာရေးဖိနှိပ်တာမာမူတွေနေတဲ့ဇင်ကျန်ပြည်နယ်မှာ။ဒါဆိုရင်မာမူတွေကသူတို့ဘာသာကိုစော်ကားလို့ရေကြီးတယ်ပြောရင်ကြိုက်မလား? လက်ခံမလား။
အင်္ဂလန်ကအလယ်ပိုင်းမှာမိုးရွာလို့ဝေလီတံတားမြို့နားကဆည်ကျိုးကျမလိုဖြစ်လို့တစ်မြို့လုံးရေလွတ်ရာရွှေ့ရတယ်။သူလဲဘယ်ဘာသာနဲ့မှမဆိုင်ဘူး။
ဒါတွေပြောပြရတာကအတွေးမတိမ်ဘဲတွေးခေါ်တတ်အောင်ပါ။
ဒါဆိုဘာကြောင့်လဲ။ကမ႓ာကြီးမှာလူတွေကြောင့်ရာသီဥတုတွေဖောက်ပြန်လာခဲ့ပါတယ်။စာရေးသူတို့လိုတိုင်းပြည်မှာက၁၉၈၈မှသည်၂၀၁၆အထိ၂၈နှစ်နီးပါးသစ်ခုတ်၊တောင်ဖြိုလုပ်လာလို့သူများထက်ပိုခံရနိုင်ပါတယ်။ဒီနေရာမှာအချို့ကစီမံကိန်းတွေကိုဒီမိုအစိုးရနဲ့လွှတ်တော်ကဘဲချပေးလို့ဖြစ်သရောင်ပြောကြပြန်ပါတယ်။အများစုကယခင်အစိုးရမဆင်းခင်ချပေးခဲ့တာဖြစ်ပြီးလက်ရှိအစိုးရကတာဝန်ဆက်ခံခဲ့ရတာပါ။ရှေ့လူထိုးထားတဲ့စာချုပ်ကိုနောက်အစိုးရကအကြောင်းပြချက်မခိုင်လုံဘဲဖျက်လို့မရပါဘူး။
ဒါဆိုစီမံကိန်းတိုင်းကိုသဘာဝပတ်ဝန်းကျင်ထိမှာစိုးပြီးရပ်လိုက်ရမလားမေးစရာရှိလာပါတယ်။သင်လမ်းဖြတ်ကူးရင်တောင်ကားတိုက်သွားနိုင်သလို၊ကားစီးရင်လဲမတော်တဆဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်သင်လမ်းပေါ်လမ်းမလျှောက်ဘဲအိမ်ထဲမှာတစ်သက်လုံးနေနေမှာမဟုတ်ပါ။အင်္ဂလန်မှာမိုးကြီးပြီးဆည်ကျိုးကျမလိုဖြစ်မယ့်ဆည်ဟာဆောက်ခဲ့တာနှစ်ပေါင်း၁၅၀ကျော်လို့သိရပါတယိ။ဒါကိုဆည်ကျိုးမှာစိုးလို့မဆောက်ခဲ့ရင်အဲ့ဒီဒေသကိုနှစ်ပေါင်း၁၅၀ကျော်အကျိုးပြုခဲ့မှာမဟုတ်ပါ။ဒါကြောင့်စီမံကိန်းများကိုစဉ်းစားရာမှာအကျိုးအပြစ်ချင့်ချိန်ပြီးနိုင်ငံရေးသမားများကဆုံးဖြတ်ရပါမယ်။ဒီနေရာမှာလူတစ်ဦးချင်းစီအနေနဲ့အမှိုက်ကိုစနစ်တကျစွန့်ပစ်ဖို့ကျွပ်ကျွပ်အိပ်မသုံးဘဲပြန်သုံးလို့ရတာတွေသုံးပြီးအမှိုက်နည်းအောင်နေတာ၊သစ်ပင်စိုက်တာတွေနဲ့ကမ႓ာကြီးကိုကယ်တင်ဖို့စဉ်းစားရမှာပါ။
ကမ႓ာပေါ်ကပင်လယ်အောက်ရောက်နေပေမယ့်ရေမကြီးတဲ့နယ်သာလန်ဟာလဲဆည်မြောင်းတွေကိုဆယ်စုနစ်ပေါင်းများစွာလုပ်အားပေးပြီးလုပ်ခဲ့ကြလို့ယခုလိုနေနိုင်လာတာပါ။သူတို့အဘိုးအဘွားတွေကအနစ်နာခံခဲ့လို့ပါ။
အားလုံးကိုအကျိုးအကြောင်းအဆိုးအကောင်းစဉ်းစားနိုင်အောင်ပါ။မြန်မာပြည်ကတစ်ဦးချင်းစီအနေနဲ့အမှိုက်နည်းအောင်နေပြီးအမှိုက်ကိုစနစ်တကျစွန့်ပစ်ခြင်း၊အပင်စိုက်ခြင်းဖြင့်မိမိနိုင်ငံကိုအကျိုးပြုနိုင်ပါတယ်။ကောက်ရိုးမီးလိုတော့ထမတောက်သင့်ပါ။
အားလုံးလက်တွေ့ကျကျလုပ်ဆောင်နိုင်ပါစေ။
News Credit: BBC Burmese
Kommentare