top of page
Search

ရဟတ်ယဉ်မှပေးသောအသိ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 1, 2020
  • 1 min read

NLD အစိုးရလက်ထက်မှာ ပြည်သူတွေအတွက်နဲ့ နိုင်ငံ့ခေါင်းဆောင်များလိုအပ်ရင်သုံးဖို့ အီတလီကဝယ်ယူထားတဲ့ ရဟတ်ယဉ်ကြီးကို ဒီနေ့မှာ DASSK သွားစစ်တာတွေ့လိုက်ရပါတယ်။ ဒါမျိုး အရပ်သားအစိုးရကဝယ်ထားတာ အင်မတန်မှ ကောင်းပါတယ်။

ဒီရဟတ်ယဉ်ဟာ လူ ၁၅ ယောက်ခန့်ဆန့်ပါတယ်။ သူက အီတလီက ထုတ်တာပါ။ အချို့ကိုလဲ ရုရှားနဲ့ဖက်စပ်ထုတ်ပါတယ်။ သူ့ရဲ့ AW139M က အမေရိကန်စစ်တပ်မှာ သုံးပါတယ်။ ၂၀၂၁ မှာ စပါမယ်။သူ့မှာ ဓာတ်ဆီတိုင်ကီကို ကာကွယ်တဲ့စနစ် self sealing fuel system နဲ့ ရာသီပေါင်းစုံ မောင်းလို့ရတဲ့အထူးစနစ်တွေပါရှိပါတယ်။

ဒီလိုမျိုးကောင်းမွန်တဲ့ ရဟတ်ယဉ်အသစ်ကို စနစ်တကျဝယ်ယူအသုံးပြုနိုင်တာဟာ မြန်မာပြည်ရဲ့အရပ်သားအစိုးရအတွက် အင်မတန်ကောင်းပါတယ်။ နောက်ပိုင်းရဲတပ်ဖွဲ့ကိုလဲ အင်အားချဲ့ပြီးလုပ်နိုင်ရင် ပိုတောင်ကောင်းလာမှာပါ။ ဂဏန်းထံကတောင်းစရာမလိုဘူးပေါ့။

NLD အစိုးရကတော့ စာရင်းစစ်ခံပြီးဝယ်တာက ပိုလို့ တောင်ကောင်းပါတယ်။ ပြည်သူတွေအနေနဲ့စာရင်းစစ်ခံတဲ့ အစိုးရကို မဲပေးမလား စာရင်းစစ်မခံဘဲ လက်ဆောင်ရတာကို ဂျင်းထည့်ပြီး စာရင်းပြခိုးတဲ့သူတွေကို မဲပေးမလား? စဉ်းစားကြပါ။

ရဟတ်ယဉ်နဲ့ ရေငုပ်သင်္ဘောကို ကြည့်ပြီးမဲပေးကြပါ။


Photo credit: Myanmar State Counsellor Office, US Airforce, Chez Airforce

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page