top of page
Search

ရဟတ်ယဉ်ကို ဘယ်လိုတိုက်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 29, 2021
  • 1 min read

လူသယ်ရဟတ်ယဉ်က Mi8, Mi 26 နဲ့ Mi 38 က ရုရှားထုတ်ပါ။ တရုတ်ထုတ်တာက Z18 ပါ။ကျန်တဲ့ King Stallion (USA)၊ CH-47F Chinook (USA) ၊ V-22 Osprey (USA) တို့က အမေရိကန်ပါ။ မအလတပ်မှာက ရုရှားလုပ်သာရှိပါတယ်။ Mi 17 က အများဆုံးပါ။ ၂၄ ယောက်ကနေ ၃၀ အထိ တင်နိုင်ပါတယ်။ ဒါပေမယ့် ရဟတ်ယဉ်အများစုက အိုနေပါပြီ။ ရဟတ်ယဉ်တွေဟာ အမြင့်ကြီးကို ပျံရခက်သလို တောတောင်ထူထပ်ရင်လဲ ရန်သူကို တိုက်ရခက်ပါတယ်။

ပထမဆုံးအနေနဲ့ PDF တွေရဲ့ စခန်းဟာ တောထဲမှာ တောင်ကုန်းတွေထဲက ဂူတွေထဲမှာဆိုရင်တော့ အကောင်းဆုံးပါ။ ချင်းပြည်နယ်နဲ့ အလောင်းတော်ကဿဖနားက ဖြစ်နိုင်ပေမယ့် မြေပြန့်က ဗမာနယ်တွေကတော့ သစ်ပင်ထူတဲ့နေရာ သစ်တောထူတဲ့နေရာတွေကို အခြေစိုက်စခန်းအဖြစ်ရွေးထားရပါမယ်။ မိမိစခန်းဟာ သစ်တောထဲမှာ တောင်ကြားထဲမှာဆိုရင်ရဟတ်ယဉ်ဝင်ရ ခက်ပါတယ်။ ဝင်ခဲ့ရင်လဲ သူ့သေတွင်းသူ ဆင်းသွားတာပါ။ ရဟတ်ယဉ်ကိုပစ်တဲ့အခါမှာ တူမီးနဲ့က အလုပ်မဖြစ်ပါ။ ဒါပေမယ့် သစ်ပင်ပေါ်/ တောင်ပေါ်ကနေ ရဟတ်ယဉ်မောင်းသူ ဒါမှမဟုတ် ရဟတ်ယဉ်အမြီးကို ထိအောင်ပစ်နိုင်ရင် ရဟတ်ယဉ်က ပျက်ကျဖို့များပါတယ်။ ရဟတ်ယဉ်ရဲ့ အမြီးဟာ ရဟတ်ယဉ်ကို မယိုင်အောင်ထိန်းတဲ့ အဓိကနေရာပါ။ နောက် မောင်းသူမဲ့ လေယဉ်လေးတွေနဲ့ ရဟတ်ယဉ်ရဲ့ အမြီးထဲကို ဝင်တိုက်တာပါ။

ယခင့် ယခင်ကရေးခဲ့သလိုပါဘဲ ဒီရဟတ်ယဉ်တွေ ကောင်းကင်ပေါ်ရောက်မှ ပစ်ချဖို့ကလက်ရှိလက်နက်နဲ့ ခက်ပါတယ်။ သူတို့တွေ မြေပြင်မှာရှိချိန်မှာ မုန့်ဟင်းခါး များများကျွေးနိုင်အောင် ကြိုးစားကြပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page