top of page
Search

ရန်သူရဲ့ အမြန်သင်္ဘောကို ဘယ်လိုတိုက်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 1, 2021
  • 1 min read

စာရေးသူတို့ ယခင်က စစ်ပွဲတွေဖြစ်ရင် မအလဖက်ဆစ်တပ်ဟာ စစ်ကူကို ပြဿနာမရှိဘဲ ပို့လို့ရခဲ့ပါတယ်။ ဥပမာ ရခိုင်ကစစ်ပွဲမှာဆိုရင် ပလက်ဝမြို့ကို သွားခါနီးမှ ရန်သူရဲ့ ပစ်ခတ်မှုကို ခံရတာပါ။ အဲ့ဒီအချိန်က ကျောက်ထု၊ မင်းတပ်အထိက သူ့ကိုဖြတ်တိုက်သူ မရှိခဲ့ပါ။

ကချင်မှာ KIA ကို စစ်ဆင်ရာမှာလဲ မန္တလေးကနေ မြစ်ကြီးနားအထိ အထက်ဝိုင်းမော်အထိ ဘယ်နေရာပို့ပို့ ကချင်ပြည်နယ်က ရန်သူ့စခန်းနားအထိ အေးဆေးစစ်ကူပို့လို့ရခဲ့ပါတယ်။

အာဏာသိမ်းအပြီးမှာ ဒါတွေဟာ အတိတ်မှာကျန်ခဲ့ပါပြီ။ KIA ကို တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ကူပို့ရာမှာ ခဏခဏဖြတ်တိုက်ခံနေရပါတယ်။ ဒါ့ကြောင့် မအလဖက်ဆစ်တပ်ဟာ ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ကနေ ထောက်ပို့လုပ်ဖို့ ရိက္ခာလက်နက်ပို့ဖို့ ကြိုးစားလာပါတယ်။ နောက် စစ်ကိုင်းမင်းကင်းနားမှာ PDF တွေကို နှိမ်နင်းဖို့ ရေတပ်ကို သုံးလာပါတယ်။ ရေတပ်ဟာ ကုန်းပေါ်တက်ရလောက်အောင် သတ္တိမရှိပေမယ့် သူ့ကိုလူသယ်ပေးတာ လက်နက်ကြီးပစ်ကူပေးတာ လက်နက်ခဲယမ်းသယ်တာတွေ လုပ်လို့ရပါတယ်။ AA က စက်သင်္ဘောအငယ်တွေနဲ့ စစ်သင်္ဘောတွေ ရိက္ခာသင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်လေ့ရှိသလို ကမ်းခြေကနေလဲ RPG နဲ့ ပစ်လေ့ရှိပါတယ်။

KIA နဲ့ PDF မှာက ရေတပ်မရှိသလို PDF မှာက လောလောဆယ် RPG မရှိသေးပါ။ ဒါဆို ရန်သူ့သင်္ဘောကို ဘယ်လိုတားမလဲ။ ပထမက ရန်သူ့သင်္ဘောဟာ အကြမ်းဖက်သင်္ဘောပါ။ အီရန်မှာတော့ အမေရိကန်သင်္ဘောတွေကို ကမ်းကပ်ချိန်မှာ ဗုံးခွဲလေ့ရှိပါတယ်။ မြန်မာလူမျိုးက ထိုအချိန်မှာ သနားနေလို့မရပါ။ ရန်သူ့သင်္ဘောမှန်သမျှကို ပစ်မှတ်ထားရမှာပါ။ ဒါက ပထမအချက်ပါ။

ပြီးရင် ဧရာဝတီနဲ့ ချင်းတွင်းမြစ်မှာ သစ်သားတုံးကို သင်္ဘောလာချိန်မီးရှို့ပြီး ဝင်တိုက်တာ၊ ဒါမှမဟုတ် သစ်ဖောင်ဝါးဖောင်ပေါ််မှာ ဗုံးတင်ပြီး အကြမ်းဖက်စစ်တပ်ကို အနီးကပ်ခွဲတာတွေကိုစဉ်းစားသင့်ပါတယ်။ ဒီနည်းက ပုံမှန် စင်သင်္ဘောကို ထိခိုက်မှု မကြီးမားနိုင်ပေမယ့် ဒီဇယ်သယ်လာရင်၊ ဓာတ်ဆီသယ်လာရင်တော့ ပွဲပြီးပါပြီ။ မင်းကင်းမှာ စစ်တိုင်းမှူးလာတာတောင် ရှပ်ပြေးယဉ်(speed boat) တွေနဲ့ လုံခြုံရေး ယူနေရတဲ့အထိ PDF က အားကောင်းနေပါတယ်။ ဘယ်သူများစစ်ကိုင်းက မင်းကင်းဟာ ယခုအချိန်မှာ ရခိုင်က မြောက်ဦးလို ဖြစ်လိမ့်မယ်လို့ အာဏာမသိမ်းခင်က ဘယ်နိုင်ငံရေးသမားကမှ ထင်ခဲ့မှာမဟုတ်ပါ။

တော်လှန်ရေးသမားများအားလုံး စဉ်းစားရမှာက ရေကြောင်းကို မိမိအတွက်ဘယ်လိုသုံးမလဲ ရန်သူ့ရေကြောင်း ထောက်ပို့စနစ်ကို ဘယ်လိုဖြတ်မလဲဆိုတာပါ။ ရန်သူက သင်္ဘောပေါ်ရောက်မှ လေယဉ်ပေါ်ရောက်မှတိုက်ရင် လက်နက်ကို ယှဉ်နိုင်ဖို့မလွယ်ပါ။ ရန်သူဟာ လေယဉ်ပေါ်မတက်ခင်၊သင်္ဘောပေါ်မတက်ခင် ကုန်းပေါ်မှာ နေရပါတယ်။ ရန်သူမှာ မိန်းမရှိပါတယ်၊ ကလေးရှိပါတယ်၊မိဘရှိပါတယ်။ ထောက်လှမ်းရေးဟာ အရေးကြီးပါတယ်။ အာဖဂန်မှာတော့ ရန်သူကို လေယဉ်ပေါ်မတက်ခင် ရှင်းပါတယ်။ စာရေးသူက ရေကြောင်းကျွမ်းကျင်သူမဟုတ်ပါ။ စာရေးသူထက်တတ်သူတွေရှိမှာပါ။ ဒီဟာက တွေးနိုင်အောင် မဟာဗျူဟာ ရေးပြတာပါ။ လိုလျှင်ကြံဆ နည်းလမ်းရအောင်ပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page