top of page
Search

ရန်နိုင်မင်းက ကိုးကန့်ကိုဘာပြောလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 9, 2024
  • 1 min read

ရန်နိုင်မင်းက ကိုးကန့်ကိုဘာပြောလဲ

MNDAA က တရုတ်ဖိအားကြောင့် စာခဏထုတ်ပေးခဲ့ရပါတယ်။ သူစာထုတ်ပြီး ဖြုတ်ချတာမြန်သွားလို့ ကံကောင်းသွားတာပါ။ ယခုမအလက ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ MNDAA ကို အသေဖဲ့ပါတော့မယ်။ ဒါဆိုရင် ရန်နိုင်မင်းစစ်ဆင်ရေးကဘာလဲ။

ရန်နိုင်မင်းစစ်ဆင်ရေးရဲ့ ကျောရိုးမဟာဗျူဟာ နည်းပညာတွေက လွိုင်ကော်ကရင်နီစစ်ဆင်ရေးကို အခြေခံထားပါတယ်။  ယခုမအလတပ်ထဲမှာ လွိုင်ကော်စစ်ဆင်ရေးက အအောင်မြင်ဆုံးဆိုပြီး နည်းပညာမဟာဗျူဟာသင်ကြားမှုတွေ လေ့လာသင်ယူမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေကြပါတယ်။ ဘောမတွေကလည်း မအလက လွိုင်ကော်ကိုသွားနိုင်ခဲ့တာကို အင်မတန်ဂုဏ်ယူနေကြပါတယ်။

လွိုင်ကော်ကိုတိုက်ခဲ့တဲ့အခါမှာ မအလတပ် တစ်ခုတည်းမဟုတ်ဘဲ ပအို့တပ်က အောင်ခမ်းထီဟာလည်း အရေးပါတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ ဆီဆိုင်ကနေ လွိုင်ကော်အထိ တိုက်ခိုက်ရာမှာပါဝင်ခဲ့ပါတယ်။ ပျူစောထီးပေါ့။ အခြားအသုံးပြုသွားတာတွေကတော့ ဒရုန်းတွေ အမြောက်တွေပါ။ အဓိကလူအင်အားကတော့ အောင်ခမ်းထီဆီကလာပါတယ်။ ဒီနေရာမှာ ကရင်နီနဲ့ ဘာသာရေးမတူတဲ့အပေါ်မှာလည်း မအလစစ်တပ်က သွေးခွဲပြီးစည်းရုံးခဲ့ပါတယ်။

ရန်နိုင်မင်းကိုမတုံ့ပြန်ရင်ဘာဆက်ဖြစ်မလဲ။။

MNDAA က သူ့စာထဲကအတိုင်း တရုတ်စကားကိုနားထောင်ပြီး ရှေ့ဆက်မတိုက်ဘူးဆိုကြပါစို။ မအလက MNDAA က လားရှိုးကိုသိမ်းထားတာကို လက်မခံပါ။ သူက တရုတ်ပြောသလို စေ့စပ်ဆွေးနွေးနိုင်ပေမယ့် သူလားရှိုးပြန်ရပြီးမှပါ။ ဒါကြောင့် MNDAA အနေနဲ့ လားရှိုးကို မအလထံ ပြန်အပ်ပြီး လောက်ကိုင်ပြန်သွားမှသာ မအလက ဗုံးမကြဲဘဲ ရပ်ပေးမှာပါ။ MNDAA က NUG နဲ့ပေါင်းပေါင်း မပေါင်းပေါင်း လားရှိုးဝင်နေသရွေ့မအလက ဗုံးဆက်ကြဲနေမှာပါ။ MNDAA ဖမ်းဆီးလို့ရတဲ့ မအလတပ်တွေကို စစ်သုံ့ပန်းတွေကို အရေးကြီးတဲ့နေရာမှာ ထားထားနိုင်ရင်တောင် လေကြောင်းပစ်မှတ်က သက်သာနိုင်ပါတယ်။ ယခုတော့ ပြန်လွတ်ခဲ့လို့ မအလလေကြောင်းကို သူ့စစ်သားနဲ့သူ မအလဒဏ်ကိုပြန်ကာကွယ်နိုင်တော့မည်မဟုတ်ပါ။ မအလစစ်တပ်ရဲ့ စစ်ခွေးများကို အုပ်ချုပ်ရေးရုံးတွေမှာ ထားနိုင်ခဲ့ရင် ဆေးရုံတွေမှာ ထားနိုင်ခဲ့ရင် မအာလက လာဗုံးကြဲရင်တောင်မှ သူ့လူသူထိမှာပါ။ ဒါတွေက လေကြောင်းရန်ကာကွယ်ရေးထက် ပိုထိရောက်ပါတယ်။ ဂျနီဗာ ကွန်ဗန်းရှင်းနဲ့လဲ ညီပါတယ်။ သူကကြဲလို့ သူ့လူထိပြီး ဒဏ်ရာရခဲ့ရင်လည်း ဆိုက်ဝါးပြန်တင်လို့ အင်မတန်ကောင်းပါတယ်။ AA ကို အတုယူပါ။

ယခုမအလက ရန်နိုင်မင်းအစအနေနဲ့ ရန်သူ့ပိုင်နက်တွေကို အတားအဆီးမရှိ ဗုံးတွေကြဲပြီး ပြည်သူတွေကို ထိတ်လန့်အောင်လုပ်နေတာပါ။ ပြည်သူတွေကိုအကာကွယ်မပေးနိုင်ရင် သိမ်းထားတဲ့အဖွဲ့တွေက သိက္ခာကျအောင်ပါ။ အချို့နေရာတွေက ဘယ်သူ့လက်အောက်မှာလည်းဝေဝါးနေနိုင်ပေမယ့် လားရှိုးတို့ ကရင်နီတို့ တိုင်းရင်းသားဒေသအများစုက ဖယ်ဒရယ်အရ NUG ရဲ့တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာမရှိပါ။

ဗုံးကြဲတာကို MNDAA အနေနဲ့ တရုတ်က သတိပေးထားလို့ ကြိတ်ပြီး အောင့်ခံခဲ့ရင်လည်း မအလက သူမြေပြင်တပ်တွေကို လူသစ်တွေနဲ့အင်အားပြန်ဖြည့်နေပြီး အင်အားပြည့်လာချိန်မှာ ရှေ့ဆက်တိုးတိုက်မှာပါ။ ဒါကြောင့် မအလတပ်ကို ရှေ့ဆက်မတိုက်ရင် နောက်ကြောင်းပြန်လှည့်ဖို့ အင်မတန်ခက်သွားမှာပါ။ ဒီအဖြစ်အပျက်ဟာ MNDAA  မှ မဟုတ်ဘဲ tnla AA အပေါ်မှာလည်း သဘောတရားတစ်ခုထဲ သက်ရောက်မှာပါ။

ရန်နိုင်မင်းမှာက လေယာဉ်နဲ့ ဆင်ဆက်မပြတ်ဗုံးကြဲတာ ဒရုံးနဲ့တိုက်ခိုက်တာတွေကိုသုံးပြီး ရန်သူအင်အားချည်နဲ့အောင်လုပ်မှာပါ။ ပြီးရင်တော့ မြေပြင်က အချို့သော လူမျိုးစွဲအဖွဲ့တွေနဲ့ပူးပေါင်းပြီး လူသစ်စုဆောင်းထားတဲ့တပ်တွေနဲ့  ဝင်တိုက်မှာပါ။ နိုင်တာမနိုင်တာက တပိုင်းဖြစ်ပြီး သူ့အောက်ကအားလုံး ဘောမရော အောက်ကလူတွေရော မြောက်ပေးနေတာက အဘက တကယ်တိုက်ရင် နိုင်မယ်ဆိုတာပါ။

ဆီဆိုင်မှာ အောင်ခန်းထီကိုသုံးသွားသလို ကချင်မှာစခုန်တိန့်ရင်း၊ ရှမ်းနီ၊  ရခိုင်မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့ မအလက လက်တွဲအလုပ်လုပ်ပြီး ဆက်ထိုးစစ်ဆင်မှာပါ။

ဒါကြောင့်မို့လို့ MNDAA အနေနဲ့ ဆက်မတိုက်ပဲနားခဲ့ရင် မအလကတန်ပြန်ထိုးစစ်နဲ့ လုံးပါးပါးမှာပါ။ ဒါအပြင် သူ့ဘက်ကတိုက်ပေးခဲ့တဲ့ အဖွဲ့တွေကလည်း ဆက်တိုက်ပေးမပေး မေးခွန်းထုတ်စရာဖြစ်လာမှာပါ။။ မအလက ၁၀၂၇ ဒုတိယပိုင်းမှာ ဆုံးရှုံးခဲ့တဲ့ မိုးကုတ် လားရှိုးအထိ ပြန်သိမ်းဘို့ ပြင်ထားတာပါ။

ဒါကိုဘယ်လိုတုန့်ပြန်မလဲဆိုရင် MNDAA နဲ့အနေနဲ့ မတိုက်ချင်ရင်လည်း အခြားနာမည်နဲ့ အခြားအဖွဲ့တွေနဲ့လက်တွဲပြီး တောင်ကြီးသို့မဟုတ် မန္တလေးအထိဆင်းတိုက်မှသာ AA အနေနဲ့လည်း ဧရာဝတီအထိဆင်းတိုက်မှသာ ကချင်ကလည်း စစ်ကိုင်းနယ်စပ်အထိ တိုက်မှသာ မန္တလေး၊ ပြင်ဦးလွင်ကိုသိမ်းနိုင်မှသာ မအလက စစ်ရှုံးတယ်ဆိုတာကိုလက်ခံမှာပါ။ ဘောမတွေပြောသလို ဟ ပေးတယ်ဆိုလဲ နေပြည်တော်အထိပေါ့။

အဖွဲ့အားလုံးဟာ ရောင်နီလာချိန်မှာ ရှေ့သို့ရှေ့သို့သာ တိုးတိုက်ရုံမှလွဲပြီး မှတပါး အခြားမရှိပါလို့ပြောပါရစေ။ ပြည်သူ့အားကိုယူပါ။ ပြည်သူက NUG နောက်မှာရှိတယ်ဆိုတာ မမေ့ပါနဲ့လို့သာ ထပ်ပြောပါရစေ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page