Myat Tun Oo
ရန်ငါပြတ်ကြပါ
မအလ ဘာကြောင့်အုပ်ချုပ်လဲဆိုတော့ သူက မြန်မာတွေ(တိုင်းရင်းသားအပါ) ခွင့်လွှတ်တတ်တယ်၊ပြီးရင် ပွဲလမ်းသဘင်လုပ်ပြလိုက် ဘဘုန်ကြီးက သီးခံကြ သီးခံကြပြောလိုက်ပြီး ဘုရားတည်ပြလိုက်ရင် သူတို့ကျူးလွန်ခဲ့တာ မေ့သွားမယ်လို့ မှတ်ယူထားပါတယ်။ ဒီနေရာမှာ စာရေးသူတို့အနေနဲ့ အခြေခံစိတ်ကို ပြင်ရပါမယ်။
ဒီနေ့ သာကေတကအဖွဲ့တွေက ဘယ်လိုသိသွားလဲမသိဘဲ KBZ ကို ကိုင်လိုက်တာ မြန်တယ်လို့ပြောရမှာပါ။ စိတ်မကောင်းပါဘူး။ ဝမ်းနည်းပါတယ်။ မိသားစုနဲ့ ထပ်တူဝမ်းနည်းပါတယ်😀။မိုင်တဲတာဝါတိုင်ကိစ္စလဲ စင်ကာပူက CNA မှာ တွေ့လိုက်ပါတယ်။ အာဆီယံထဲက မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံထားသူတွေက မအလကိုတင် မျက်နှာချိုသွေးလို့မရတော့ဘဲ သူတို့ရင်းနှီးမြုပ်နှံတာတွေကို အကာအကွယ်ပေးချင်ရင် ပြည်သူကိုလဲ မျက်နှာချိုသွေးရမယ်ဆိုတာ သိလာကြပါပြီ။ အချို့ကိစ္စတွေက sanctions ဆိုပြီး ကုလကိုပြောနေတာထက် ပြည်သူက လုပ်ပြတာက ပိုထိရောက်ပါတယ်။
ဒီနေရာမှာ စာရေးသူတို့ ပြည်သူတွေအနေနဲ့ ရန်ငါပြတ်ဖို့လိုပါတယ်။ ဥပမာ ဆေးလိပ်သောက်မယ်ဆိုရင်တောင် ငါသောက်တဲ့ဆေးလိပ်က မအလထံ ပိုက်ဆံရောက်မှာလဲ စ စဉ်းစားပါ။ ဒီထက်ဆိုးတာကကျွန်စိတ်ဖျောက်ပါ။ စစ်ကျွန်စိတ်ဖျောက်ပါလို့ ပြောပါရစေ။ ဘယ်လိုဖျောက်ရမလဲ? ငါတို့က မတိုက်လိုဘူး ဗုံးမခွဲလိုဘူး ဘာညာလက်ခံပါတယ်။ ထန်တလန်မှာ အမြောက်နဲ့အပစ်ခံရတာ မနေ့ကမှပါ။ မုဒုံမှာ စစ်ကားမှောက်ပြီး သေသေ သွားမကယ်ပါနဲ့။ မိမိက မတိုက်နိုင်ရင်တောင် သူစစ်ကားမှောက်ပြီးဒဏ်ရာရင် သွေးထွက်လွန်ပြီး သေရင်တောင်လွှတ်ထားလိုက်ပါ။ သွားကယ်တာ မလုပ်ပါနဲ့။ ဒီလိုမျိုးဒဏ်ရာရတာက မိမိတို့လက်နက်ရဖို့ အခွင့်အရေးပါ။ အရပ်ဖက်သူနာပြုယဉ်နဲ့ သွားကယ်တာက စစ်ကျွန်ခံရာကြပါတယ်။ သွားကယ်မယ်တွေးတိုင်း မိမိတို့ ပရဟိတသမားတွေကို ပါးရိုက်ထားတာသတိရပါ။ စိတ်ထားမြင့်မြတ်တာ ကောင်းပါတယ်။ ဒါပေမယ့် ရန်ငါတကယ်ပြတ်ပါ။ လေထဲမှာသာမပြတ်ပါနဲ့။ ကားမှောက်လို့ ကားနဲ့ ထပ်မတိုက်ချင်ရင်တောင် မပစ်ချင်ရင်တောင် သွားတော့မကယ်ပါနဲ့လို့ ပြောပါရစေ။ စစ်ကျွန်စိတ်ကို ဖျောက်ကြပါ။ ကျွန်စိတ်ဖျောက်နှိင်မှ သခင်ဖြစ်မှာပါ။
News Source: CNN, Khit Thit Media