top of page
Search

ရန်ကုန်တိုင်းအစိုးရကို တရားစွဲသူ၏နောက်ကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 31, 2020
  • 1 min read

စာရေးသူတို့ တပ်မတော်မှာ အကောင်းဆုံးထောက်လှမ်းရေးအဖွဲ့ကြီး စရဖဖြစ်ပါတယ်။ စရဖအောက်မှာ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေ တိုင်းနှင့် ပြည်နယ်အခြေခံအဖွဲ့တွေရှိပါတယ်။ အဖွဲ့တစ်ခုကတော့တန်ပြန်ထောက်လှမ်းရေးအဖွဲ့ပါ။ ဘာနဲ့တူလဲဆိုတော့ ဟိုကိုရီးယားဗိုလ်ကြီးကားထဲက သူ့အမျိုးသမီးကို တောင်ကိုရီးယားမှာထားထားတဲ့ မြောက်ကိုရီးယား သူလျှိုလိုပေါ့။ အချို့တွေက မိမိတို့အလုပ်ကိုလုပ်ပြီးသတင်းပို့တာပါ။ သူ့လူကိုယ့်ဘက်သားလဲ ရှိပါတယ်။ အင်္ဂလိပ်လို double agent လို့လဲ ခေါ်ပါတယ်။

ကွီးဖြိုးက ဗိုလ်တထောင်ဘုရားကို ပြန်ပြင်တဲ့လုပ်ငန်းခွင်ပြန်စပါတယ်။ ဒါက ပြင်သစ်မှာလဲ Notre Dame Cathedral ကြီး ပြုပြင်တာ ပြန်စတာကို ဥပမာပေး ပြောခဲ့ပြီးပါပြီ။ ပြင်သစ်က construction site ဆောက်လုပ်ရေး လုပ်ငန်းခွင်က လူနှစ်ထောင်ပါ။ ထားလိုက်ပါ။ ဒါကို တပ်ချုပ်မအလ ညောင်ရေသွန်းပွဲလုပ်တုန်းက မဟရဲသော မီဒီယာများ မဝေဖန်ရဲသော ဒီမိုသူရဲကောင်းများက တရားမျှတမှုအတွက်အော်ကြပါတယ်။ ရန်ကုန်အစိုးရက ရှင်းပြပါတယ်။ Myanmar Now က သူဖွပေမယ့် ရန်ကုန်အစိုးရကပြန်ရှင်းတာကိုလဲ ပြန်ထည့်ပေးပါတယ်။ ဘယ်တပ်ကအကောင် ကွီးလိုရှင်းဖူးပါသလဲ? ဒါလဲထားလိုက်ပါ။

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေကို တရားစွဲဖို့လုပ်တာပါ။ သူတရားစွဲတာကလဲ ထားလိုက်ပါ။ ဒါပေမယ့် တပ်နောက်ခံ News Watch ကလဲ အဆိုပါလူ တရားစွဲမယ်ဆိုတာကို ကိုဗစ်ကာလ အလုပ်များနေတဲ့ကြားကသိပြီး တရားရုံးရှေ့ ရောက်နေခဲ့ပါတယ်။ တရားစွဲသူရဲ့ ဓာတ်ပုံမှာ ဖုန်းနှစ်လုံးတွေ့မှာပါ။ တစ်လုံးက သာမန် mobile ဖုန်းဖြစ်ပြီး နောက်တစ်ခုက စရဖထောက်လှမ်းရေးတွေ၊ ရဲထောက်လှမ်းရေးတွေမှာသာသုံးတဲ့ စကားပြောစက်ပါ။ သူကဘယ်သူလဲ?

အဆိုပါလူကတော့ စည်သူမြင့် မှတ်ပုံတင်အမှတ် ၉/ရမသ(နိုင်)၁၁၈၂၉၀ ပါ။ သူဟာ တောင်ဒဂုံက ၂၄ရပ်ကွက် မြစံပယ်လမ်း၊ အမှတ် ၄၈ ၊ ၆ လွှာ ဝဲမှာ နေပါတယ်။ သူ့အဖေနာမည်က ဦးတင်မြင့်ဖြစ်ပြီး အမေနာမည်က ဒေါ်တင်မေလို့ ခေါ်ပါတယ်။ သူဟာ အမျိုးသားရေး မဘသ လှုပ်ရှားမှုတွေကိုလုပ်ပြီး မဘသဆရာတော် ဦးပါမောက္ခကို သူ့တက္ကစီနဲ့ ပို့ပေးလေ့ရှိပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုအတွက်ငွေလိုရင်လဲ သူ့ထံကို မြဝတီဘဏ်ကနေ ငွေတွေလွှဲပေးလေ့ရှိပါတယ်။ သူရဲ့ ကိုယ်ရေးရာဇဝင်ဟာ စရဖရဲ့ တန်ပြန်ထောက်လှမ်းရေးဖိုင်ထဲမှာရှိပါတယ်။ သူဟာ မဘသ လှုပ်ရှားမှုမှာ မြုပ်ထားသူပါ။ ဒါဆို မဘသက ကွီးဖြိုးနဲ့ ရန်ကုန်တိုင်းအစိုးရက ဘုရားကိစ္စ ဘာသာရေးအတွက် ဘုရားပြင်တာကို ဘာလို့အမှုဖွင့်တာလဲ။ မဘသဆိုတာ အမျိုးဘာသာဆိုတော့ ပုံမှန်ဆို ဘုရားပြင်တာကြိုက်ရမှာပါ။ အဖြေကအဘက ဖွင့်ခိုင်းလို့ပါ။ အထက်အမိန့်အရပါ။ ဦးပါမောက္ခကတော့ သွားအမှုဖွင့်မခိုင်းပါ။ ဒါဆို ဦးပါမောက္ခတို့ကို အသွားအပြန်ကြိုပေးနေတာကလဲ ဘာကြောင့်လဲဆိုတာ အားလုံးသဘောပေါက်လောက်ပါပြီ။ ဒီကောင်က တရားမျှတမှုကို လိုလားတာလား? ဒါဆိုရင် ဘာကြောင့် တပ်ချုပ်မအလညောင်ရေသွန်းပွဲကို လူစုကျင်းပတာကို အမှုမဖွင့်လဲ? ရှင်းပါတယ်။ ဘယ်ခွေးမှ မိမိကို ထမင်းကျွေးထားတဲ့လက်ကို မကိုက်ပါဘူး။ သူ့သခင်က ကိုက်ခိုင်းသူကိုသာ ကိုက်တာပါ။

NLD က CEC များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများလဲ စဉ်းစားပါ။ သူတို့နဲ့ အဘမီဒီယာ၊ ခရိုနီမီဒီယာပေါင်းခေါင်းစဉ်တင်တိုင်း လိုက်မယောင်ပါနဲ့။ အချို့ကိစ္စတွေက အဘရဲ့ စရဖက ပြဿနာဖြစ်အောင် လိုက်ဖွနေတာပါ။ ဒီလောက်ပါဘဲ။ အဘတို့ စရဖက AA ရဲစခန်းဝင်တိုက်တဲ့သတင်းကလွဲရင် ကျန်တာအကုန်သိပါတယ်။

Photo credit: News Watch

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page