top of page
Search

ရန်ကုန်ကိုတော့ အဘရှုံးပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 20, 2019
  • 1 min read

ရန်ကုန်ကိုတော့ အဘရှုံးပြီ

ကွီးဖြိုးတက်လာချိန်မှာ သူ့ကိုဘယ်သူမှန်းမသိခဲ့ပါ။ နောက်ပိုင်း သင်္ကြန်ကိစ္စ၊ အထပ်မြင့်တွေဆောက်တာရပ်ပြီး စစ်ဖို့လုပ်တဲ့ကိစ္စတွေနဲ့ သူ့ကိုသိလာခဲ့ပါတယ်။ မဘသ မရှိသင့်တော့ဘူးပြောချိန်မှာ ပိုကြိုက်လာခဲ့ပါတယ်။ နောက် မထသကနေ YBS ပြောင်းချိန်မှာ သူ့ရဲ့ ဒီစနစ်ဟောင်းက အရှုတ်ထုတ်ကြီးကို အလျှင်အမြန် ပြောင်းလဲ နိုင်ခဲ့တာကို အားကျခဲ့ပါတယ်။ ဒီနေရာမှာ သူ့ရဲ့ ကားအသစ်နဲ့ပြောင်းမှုကြောင့် ပြည်သူကို သွေးစုတ်ခြယ်လှယ်ခဲ့တဲ့ ဦးပိုင်ဟာ ကားအသစ်တွေ ဝယ်ခဲ့ရသလို နေဝင်းမြေးဟာလဲ ကားအသစ်တွေဝယ်ခဲ့ရပါတယ်။ ယခင်က အဘတို့နဲ့ပေါင်းပြီး လိုင်းစွဲခွင့်ရကာ ပြည်သူ့ထံကအမြတ်များစွာယူခဲ့တဲ့ အဘနွယ် တပ်နွယ် မထသစနစ်ဟောင်းက ယဉ်ပိုင်ရှင်များဟာ အမြတ်မရလို့ငါးစိမ်းသည်လို အော်နေကြတာလဲ YUPT အစည်းအဝေးမှာ အားလုံးတွေ့မှာပါ။ သူတို့က ပြည်သူဆီကမတရားစားခဲ့လို့ ယခုကွီးလက်ထက်မှာ ပြန်ပေးဆပ်နေရတာပါ။ သူတို့က မကြိုက်ပေမယ့် ပြည်သူကတော့ ကွီးပါ။

သူဟာ မဘသ၊ နောက်မထသကနေ နောက်ဆုံး မအလကို ညွှန်ချုပ်ပြောချိန်မှာ သူ့ကိုနိုင်ငံရေးအရ လူကြိုက်အများဆုံးဖြစ်ခဲ့ပါတယ်။ သူ့ကိုမပြောသင့်ဘူးလို့ဝေဖန်သူတွေရှိခဲ့ပေမယ့် အဲ့ဒီလိုသူထုတ်ပြောတာကို တပ်ကပြဿနာရှာလို့ ကမ္ဘာက အစိုးရနှစ်ဖွဲ့ရှိတာကို ပိုသိသွားတာပါ။ သူက DASSK ကိုနိုင်ငံရေးအရ ကယ်လိုက်တယ်ဆိုလဲ မမှားပါဘူး။

သူ့ရဲ့နောက်အရည်အချင်းက ရန်ကုန်ကအလုပ်သမားပြဿနာတွေကို ကင်မရာတွေကြားထဲက ရှင်းနိုင်ခဲ့တာပါ။ အဲ့ဒီကိစ္စမှာတော့ တပ်ထဲမှာ အသိအမှတ်ပြုရလောက်အောင်ကို ကိုင်တွယ်နိုင်ခဲ့တာပါ။ ပုံမှန်မှာက အလုပ်သမားတွေက လက်ဝဲယိမ်းပါတယ်။ အဘတို့က ကာလုံအကြိမ်ကြိမ်ခေါ်ပြီး ဒီလိုဆန္ဒပြပွဲတွေကို ရှင်းဖို့ကြိုးစားခဲ့ရတာပါ။ ဒီလိုအဘခေါင်း ဆယ်ခေါင်းလောက်လုပ်ခဲ့ရတာကို DASSK က လာမရှင်းဘဲ သူမရဲ့ ရန်ကုန်တိုင်းဝကခက အလုပ်သမားတွေပြောတာနားထောင်ပြီး ရှင်းသွားတာကိုတော့အားလုံးက အံ့ဩခဲ့ကြပါတယ်။ ဒါမျိုးအရည်အချင်းက MBA တို့ MA(Defence) တို့မှာ မသင်ပေးလိုက်ပါ။ ဒါကြောင့်အလုပ်သမားနေ့မှာ အလုပ်သမားများက ကွီးဖြိုး ကွီးဖြိုးဆိုပြီး အော်ဟစ်အားပေးခဲ့တာပါ။ သူက အလုပ်သမားတွေရဲ့မဲကို ရနိုင်တာတော့ သေချာသွားခဲ့ပါပြီ။

ဘာသာရေးမှာလဲ တရားပွဲတွေလုပ် ဘုန်းကြီးကျောင်းတွေကို အပတ်စဉ်ဝင်ထွက်ထားလို့ အဘတို့ ခြေထိုးဖို့ ကျောင်းနည်းခဲ့ပါတယ်။ ဒါကြောင့် အင်းစိန်ရွာမကိုမြှောက်ပေးဖို့ အဘတို့က ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါ။ သူက အဘတို့ရဲ့ ဘာသာရေးကစားကွက်ကို ပိတ်ကစားနိုင်ခဲ့ပါတယ်။ လူမျိုးအထာသိတယ်လို့လဲ ပြောလို့ရပါတယ်။

နောက်သူ့ရဲ့အားသာချက်က ကိုင်စရာရှိသူကို ကိုင်ရဲတာပါ။ အခြားဝန်ကြီးချုပ်တွေက အထက်အမိန့်စောင့်ပေမယ့် သူကမှန်တယ်ထင်ရင် ကိုင်လိုက်ပါတယ်။ ဝီဝီတို့ လှဆွေတို့ဟာ အစိုးရကို ဒုက္ခပေးခွင့်နည်းသွားခဲ့သလို မိုက်ကယ်ကျော်မြင့်ဟာလဲ သူနဲ့ထိုက်တန်တဲ့ ထောင်ထဲရောက်ခဲ့ပါပြီ။ DASSK ကိုပိတ်ဆို့ဆန္ဒပြသူကျောင်းသားတွေကိုလဲ အခြားပြည်ထောင်စုဝန်ကြီးတွေ မရှင်းရဲချိန်မှာ သူဝင်ရှင်းခဲ့ပါတယ်။

ဒီနေရာမှာ သူ့ကိုမကြိုက်သူလဲရှိပါတယ်။ စာရေးသူရဲ့အမျိုး မယားညီအစ်ကိုပါ။ သူ့ကိုဘာမကြိုက်တာလဲလို့မေးရင် သေချာမဖြေနိုင်ပါ။ သူ့ရဲ့အဖြေက မန္တလေးလို မဖြစ်လို့ လို့ ဆိုပါတယ်။ ဒါဆိုရန်ကုန်က ယခင် ၂၀၁၅ ထက်စာရင် တိုးတက်လာတာကိုလက်ခံလားဆိုတော့ သူကလက်ခံတယ်လို့ပြောပါတယ်။ သူရဲ့ မကောင်းမြင်တာက ယခင်ဘမြင့်ဆွေလက်ထက်ကထက် ရန်ကုန်ကကောင်းပေမယ့်မန္တလေးလောက်မကောင်းဘူးလို့ပြောပါတယ်။ ဒါနဲ့စာရေးသူက မန္တလေးနဲ့ရန်ကုန် လူဦးရေကအစထားခဲ့တဲ့မိုးကျအဆုံးမတူညီတာကိုရှင်းပြခဲ့ပါတယ်။ သူပြောတဲ့ အခြားမီးကိစ္စက သူ့ရဲ့ လျှပ်စစ်မီးကိုဗဟိုကကိုင်လား တိုင်းကကိုင်လား မသိတဲ့ ပြဿနာပါ။

သူကအမြဲထောက်ပြခဲ့တာက ကျူးကိစ္စကို တက်လာထဲက စမတ်ကတ်ပြောပြီး မရှင်းနိုင်သေးကြောင်းပါ။ ဒါပေမယ့် မနေ့က ကွီးက ကျူးတွေအတွက် ဆောက်ထားတဲ့ အိမ်တွေကို သွားကြည့်တာပုံတက်လာချိန်မှာ ကွီးဖြိုးရဲ့ ကျူးတွေကို အိမ်ဆောက်ပေးမယ့်ကတိကို လက်တွေ့လုပ်ပြလိုက်နိုင်လို့ သူ့ကိုဝေဖန်သူတွေ အသံတိတ်သွားပါတော့မယ်။

ဒီနေရာမှာ နိုင်ငံရေးသမားဆိုတာ ကြိုက်သူ မကြိုက်သူရှိပါမယ်။ စာရေးသူအနေနဲ့ကတော့သူဟာလက်ရှိအနေအထားမှာ အကောင်းဆုံးကို ရန်ကုန်အတွက်ရော အဘတွေရဲ့ အကွက်တွေကိုဖျက်ပြီး အဘတွေကို ဒုက္ခရောက်အောင် လုပ်ထားနိုင်သူမိုလို့ ထောက်ခံပါတယ်။ ဒါ့အပြင် DASSK ရဲ့ ပြဿနာကိုကမ္ဘာကသိအောင် မိမိရာထူးထိခိုက်နိုင်တဲ့ကြားက မီမောင်းထိုးပြနိုင်ခဲ့လို့ ပိုထောက်ခံပါတယ်။

ကျူးတွေ အိမ်အသစ်ပေါ်တက်နိုင်ခဲ့ရင် အဘတို့အတွက် ဆန္ဒပြပွဲတွေဟာ လူပိုနည်းလာတော့မှာပါ။

ပြည်သူတွေအနေနဲ့ စဉ်းစားရမှာက မိမိအိမ်ကိုဖျက် မိမိမြေကိုသိမ်းပြီး တရားစွဲတဲ့ ကျူးဖြစ်အောင်လုပ်တဲ့ အစိုးရကိုလိုချင်လား ကျူးကို လူသားဆန်ဆန် အိမ်ဆောက်ပေးတဲ့ အစိုးရကိုလိုချင်လားဆိုတာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Nov 20, 2019

ကွီးဖြိုးဟာ တဘက်အသင်းကို အလုပ်ရှုပ်စေတဲ့ အထောင်တိုက်စစ်မှူးပါ။ 😍

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page