top of page
Search

ရထားလမ်းလေးတော့ ပြီးစေချင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 23, 2020
  • 1 min read

စစ်အစိုးရလက်ထက်မှာ ငွေဘီလီယံချီသုံးစွဲခဲ့ပေမယ့် ရထားလမ်းတွေဟာ အင်္ဂလိပ်ခေတ်ကထက် ပိုတိုးတက်မလာခဲ့ပါ။ ရန်ကုန်က ရေပေးဝေစနစ် မိလ္လာစနစ် အားလုံးပါဘဲ။ ရထားလမ်းမကောင်းသလိုရထားတွဲတွေကလဲ အဆင်မပြေခဲ့ပါ။ အဘတို့လက်ထက်က ဝုန်းဖို့သာ စဉ်းစားခဲ့လို့ ရထားလမ်းတွေ၊ဘူတာတွေဟာ မြေပုံပေါ်မှာသာ ရှိခဲ့ပါတယ်။ စစ်အစိုးရလက်ထက် ရထားလမ်းနဲ့ ဘူတာတွေရဲ့အခြေအနေကို လေ့လာကြည့်ရင် ဦးသန်းဌေးနဲ့ ဘရွှေ၊ ဘစိန်တို့ရဲ့ ဦးဆောင်မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာဟာ ရထားသံလမ်းနဲ့ ဘူတာတွေက စကားပြောနေတာတွေ့ခဲ့ရပါတယ်။ ရထားလမ်းမကောင်းတဲ့အကျိုးဆက်ကြောင့် လူတွေက ကား၊ ဘတ်စကားများသုံးပြီး ရန်ကုန် မန္တလေးကို သွားလာရလို့ ယဉ်တိုက်မှုကြောင့် လူသေတာများသလို ကားကြောင့် လေထုညစ်ညမ်းတာတွေဖြစ်ပြီး ဒီလေထုညစ်ညမ်းတာကြောင့် လူတွေအဆုတ်ရောဂါရ သေတာတွေလဲ ရှိခဲ့ပါတယ်။ ကင်ဆာကိုတော့ ထည့်မပြောတော့ပါ။



ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပို့ဆက်ဝန်ကြီးနဲ့ ရန်ကုန်အစိုးရက ရန်ကုန်မြို့ပတ်ရထားလမ်း ပြင်တာနဲ့ ရန်ကုန်မန္တလေးရထားလမ်းကို ပြုပြင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ယခုဆိုရင် ရန်ကုန်ကမြို့ပတ်ရထားလမ်းနဲ့ ရန်ကုန်မန္တလေးရထားလမ်းပြင်တာဟာ အတော့်ကို ခရီးရောက်တာ တွေရပါတယ်။ ဒီမိုအစိုးရနဲ့ စစ်ဖွတ်အစိုးရ ဘာကွာလဲဆိုတာကို ရထားလမ်းမှာ သွားတွေ့ရပါတယ်။ခေါင်းဆောင်မှုကောင်းလို့ စီမံချက်ကို ရဲရင့်စွာအကောင်အထည်ဖော်နိုင်ခဲ့သလို စီမံခန့်ခွဲမှုကောင်းလို့ အလေအလွင့်နဲ့ ခိုးတာမရှိလို့ သံလမ်းများရဲ့ အရည်အသွေးဟာ အင်မတန်ကောင်းတာ တွေ့ရပါတယ်။


ပြည်သူတွေအနေနဲ့လဲ ယခုလိုသံလမ်းလေးတွေ မန္တလေးရောက်ပြီး မြစ်ကြီးနားအထိ ဖောက်နိုင်အောင်ရထားလမ်းလေးပြီးအောင် ဒီမိုအစိုးရကို ဆက်မဲပေးပါလို့ ပြောပါရစေ။ ရထားလမ်းတောင် မဖောက်နိုင်တဲ့အဖွဲ့ကို မဲပေးမိရင်တော့ အနာဂတ်ဟာ သူတို့ဖောက်ခဲ့တဲ့ ရထားလမ်းမျိုးနဲ့ အဆုံးသတ်သွားနိုင်ပါတယ်လို့ ပြောပါရစေ။

ရထားလမ်းဥပမာဟာ သင်ရွေးရမယ့် အနာဂတ်ပါဘဲ။ ပြည်သူတွေအနေနဲ့ အမှန်မြင်အောင် လေ့လာနိုင်ကြပါစေ။


Photo credit : Original uploader

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jun 24, 2020

ဦးမြတ် ဗဟုသုတပေါ့။ (ဝတ်စုံပြောင်း) စစ်ဆေးရေး အထူးအဖွဲ့ ထက်သွားပြီးနောက် အဲဒီလမ်းခွဲလိုင်းမှာ လူနာမည်နဲ့တွဲပြီး ဝိသေသထူး သုံးနှုံးခဲ့ကြပါသည်။

ဥပမာ (ဦးမြတ်အမည် ခဏ ယူသုံးပါရစေ)

ရေဖတ် မြတ်ထွန်းဦး

တံမြက်စည်း မြတ်ထွန်ဦး

ဒီရထား တမြက်စည်းမြတ်ထွန်းဦး တက်လှည်းသွားပြီ။

ဒီတွဲ ရေဖတ် မြတ်ထွန်းဦး တိုက်သွားလို့ ပြောင် ပေါ့။

ကုန်စည်ပို့ဆောင်ရေးအပိုင်းမှလည်း ရေးစရာတွေရှိပေမယ့် ဖတ်ရတာ ရှည်သွားပြီး ကျီးပေါင်းကလည်း နာ လာပြီမို့

ဤမျှသာ

Like

Myint Soe Oo
Myint Soe Oo
Jun 24, 2020

ဦးမြတ်! သင်ဘူးခဲ့မှာပါ။

လူအများ စုဝေးနေကြပြီ

မီးရထားက မလာသေး

ခရီးဝေးသွားမည့်သူလည်းပါသည်

ရထားခ ပေး၍ စီးကြပါ။


တရံတခါဆီက•••ရာဇဝင် ရထားဇာတ်လမ်းလေးဟာ•••မှတ်တမ်းတင်ခဲ့•••မင်းကျန်ရစ် ခုခါ•••နားမလည်နိုင်ရှာသော•••အသိမှာ•••ယခုထိ မသိရှာ ••••••••••••••


မြန်မာ့မီးရထားမှာ လမ်းခွဲသွားရထားအများစုသည်

စက်ခေါင်းက အိုအို

အတက်အဆန်မို့

ယက်ကန်ယက်ကန်နဲ့

နေပူပူမှာ ရေဆူလေပြီ။

သံလမ်းမဖြောင့်

ဇလီဖား အဖောက်အပေါက်နှင့်အတူ

တံတားအဝင် ဆင်ခြင်နိုင်ရေး

မိုင်နှုံးအရေးက. ၁၀

သတိပေး ဆိုင်းပုတ်ကလေးနဲ့။

ရှေ့တွဲက ညာသို့ ယိမ်း

နောက်တွဲက ဘယ်သို့ ယိုင်

လမ်း လှိုင်းခံ

ကျောက် မရှိ

မြက် ပေါ

သည်လမ်းကြောအတွက်

၂၀ အခံ အစိတ်နှုံး

ကြိတ်နှုံးနဲ့ ပြေးနေရသမို့


လမ်းခွဲသွား ရထားစီးနင်သူများ ခေါ်ဝေါ်သည်ကား **မြင် မှ မီးရထား **။

သည်အရည်အသွေးများကြောင့် ဝင်ငွေကျဆင်း ဖျင်းအ ခဲ့ရပါသည်။ဝင်ငွေတိုးအောင် (ဝတ်စုံပြောင်း) လက်မှတ်စစ် အထူးအဖွဲ့ ကာလတစ်ခုမှာပေါ်ခဲ့ဘူးပါသည်။

လမ်းခွဲလိုင်းမှာ တက်လာကာစကတော့ တိတိကျကျ မှန်မှန်ကန်ကန်။

၄ - ၅ ကြိမ်လောက် ဝင်ရောက်စစ်ဆေးပြီးသောအခါ ရုံပိုင်လေး ခါတိုင်းလို လက်မှတ် မရောင်းရတော့။ ယခင် လက်ဆွဲတန်ဆာလုပ်သူများ ရုံပိုင်ကြီးကို သတိမရတော့။ကျေးလက်နေ လူရည်လည် ခရီးသွားတစ်ချို့ ရုံပိုင်လေးထံမှ ရိုးရိုးတန်းလက်မှတ် မဝယ်ပဲ တစ်ခါတလေ အထက်တန်းတွဲပေါ်တက်သွားကြသည်။ သြော် သူလည်းလေ လောကီသားပေမို့။

လမ်းခွဲသွား ရထားလမ်းတလျောက် ကျေးလက်နေ ရိုးသားသော ခရီးသွားများ လက်မှတ်ဝယ်ရန် သတိ မမူနိုင်ကြတော့။

ရက်ပိုင်းအတွင်းတက်လာသောပို့စ်တစ်ခုမှာ မြစ်ကြီနားလမ်းပိုင်းမှာ

ရထားခပေး၍ စီးချင်သော်လည်း လက်မှတ်ရုံမှာ လက်မှတ် ကုန်ပါပြီတဲ့။ ဒါပေမယ့်လည်း သူရထားစီးခဲ့ရပါသည်တဲ့။

လမ်းပန်းခရီး သည်တစီးရှိတာကိုး။ လွယ်ကူ ချောမွေ့တဲ့ နေရာမှာတော့! လာထား အဝေးပြေးကွင်း!

အကြီး နဲ့ အသေး ဘယ်စျေးလည်း။…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page