top of page
Search

ရင်နာရသော မင်းကင်းသတင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 5, 2020
  • 1 min read

စာရေးသူက NLD ပါတီဝင်မဟုတ်ပါ။ မနေ့က သတင်းနှစ်ခုကိုကြားပြီး ရင်နာမိတာလေးတွေရှိပါတယ်။


ပထမက တပ်မိသားစုဝင်ကို ၅၀၅ နဲ့ တရားစွဲပြီးထောင်ချတာပါ။ သူဟာ အမှန်တရားအတွက် ထောင်ထဲဝင်သွားခဲ့ရတာပါ။ သူ့အဖေက တပ်ထဲကမိုလို့ နားလည်ပါတယ်။ အစိုးရကလဲ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် သူမပြောခဲ့တာက အမှန်တွေပါ။ အားလုံးကို နုတ်မိန့်နဲ့ တပ်မှာ လုပ်နေတာပါ။ ရှမ်းပြည်ကတပ်တွေမှာ ပိုစိုးပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်မှာ ဖွတ်တွေနိုင်ခဲ့တာကတပ်မဲခိုးပြီးတော့ပါ။ ရွေးကောက်ပွဲဟာ တရားမမျှတရင် တပ်ကမဲခိုးလို့သာပါ။ နိုင်အပြီးမှာ စစ်ရုံးကလူကြီးတွေ ရှမ်းပြည်ကတပ်စခန်းတွေကို လာပြီး ကျေးဇူးတင်ကြောင်းလာပြောကြပါတယ်။ ဒါ့အပြင်စာရေးသူက စစ်တပ်ကစက်ရုံတွေမှာ မဲခိုးတာတင်တော့လဲ Facebook ကနေ ဖြုတ်ချခဲ့တာ မှတ်မိကြမှာပါ။ ဒါက တပ်ထဲမှာဖြစ်တာမိုလို့ NLD က လုပ်နိုင်တာဟာ အကန့်အသတ်ရှိနေတယ်ဆိုတာ လက်ခံပါတယ်။


ဒုတိယ မင်းကင်းသတင်းကတော့ စာရေးသူဘယ်လိုမှ လက်မခံနိုင်ပါ။ စာရေးသူ ကြားခါစမှာ RFA ကသတင်းမှားတင်သလားလို့ ထင်ခဲ့ပါတယ်။ အပြန်ပြန်အလှန်လှန်သတင်းကို ဖတ်ကြည့်ပါတယ်။ NLD မင်းကင်းက NLD ရဲ့ ဥပဒေအကြံပေး ဦးကျော်မင်းထွဋ်က “လူစုလူဝေးဖြစ်ပြီး အကြမ်းဖက်မှု ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ အပြင်မထွက်ပဲ တံခါးပိတ်နေကြပါဆိုပြီး အောက်တိုဘာ ၂၅ ရက်နေ့က သူ့ရဲ့ဖေ့ဘွတ်မှာ ပြန်လည် ရေးသားခဲ့ပါတယ်။” အဆိုပါအရေးအသားကို တရားစွဲတာပါ။ စာရေးသူဖတ်ရာမှာ ဘာမှ နိုင်ငံတော်အကြည်ညိုပျက်စရာမပါပါ။ ဒီလိုရေးတာက မင်းကင်းမောင်မြင့်က အမျိုးသားရေးသမားတွေကို သူ့ကိုထောက်ခံသူတွေ ရုံးထုတ်ရာမှာ လာဝန်းရံဖို့ ရေးလို့ပါ။ သူကသာ ဆူပူမှုဖြစ်အောင် လုပ်သူပါ။


ဦးကျော်မင်းထွဋ်ကို အရေးယူပေးဖို့ဆိုပြီး ဖွတ်ကတိုင်တယ်ဆိုပါတယ်။ သူ့က စွဲချင်လို့ သူ့ပုဒ်မနဲ့ စွဲတာမဟုတ်ဘဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲတာက ပထမဆုံး ဒေါသဖြစ်စရာပါ။ သူက ဖွတ်ပါတီကသာဖြစ်ပြီး ဘာမှနိုင်ငံတော်ရာထူးမယူထားပါ။ မင်းကင်းမောင်မြင့်ဟာ လွှတ်တော်အမတ်ဖြစ်ပေမယ့် သူဟာဆူပူမှုဖြစ်အောင် လုပ်နေသူပါ။ သူ့ကိုသာဖမ်းပြီး အရေးယူရမှာပါ။ ယခုဖွတ်ကတိုင်အပြီးမှာ ဒါကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဥပဒေအကြံတောင်းရာမှာ ၅၀၅ နဲ့ တရားစွဲနိုင်တယ်ဆိုပြီးမြို့နယ်ဥပဒေအကြံပေးကပြောတယ် ဒါကို တိုင်းအစိုးရက အတည်ပြုတယ်လို့ အုပ်ချုပ်ရေးမှူးက ထည့်ပြောသွားတာပါ။

တိုင်းအစိုးရဟာ ဘာအခြေခံနဲ့ မိမိလူကို ပြန်အရေးယူဖို့ ခွင့်ပြုခဲ့သလဲဆိုတာ စာရေးသူ စဉ်းစားလို့မရပါ။


ဒီနေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ထွေအုပ်နဲ့ ဥပဒေအကြံပေးက ဖွတ်နဲ့ပေါင်းပြီး အစိုးရကို ဂျင်းထည့်တယ်လို့ ထင်ပါတယ်။ ယခုလို NLD ထောက်ခံသူကို တပ်ကတရားစွဲတာ မကာကွယ်နိုင်ပေမယ့် ဖွတ်ကိုတော့ ကာကွယ်ပေးပါလို့ ပြောပါရစေ။ အဆိုပါ NLD ကလူက ဘိန်း၊ ဓားမြ၊ လူသတ်မှုလုပ်လို့ တရားဥပဒေအရသွားတာ လက်ခံနိုင်ပေမယ့် ယခုလို ဆူပူမှုမဖြစ်အောင် မိမိလူတွေကို သတိပေးတာကို အကြည်ညိုပျက်စေမှု ၅၀၅ နဲ့အစွဲခံရတာကတော့ ရင်နာစရာကောင်းပါတယ်လို့ ပြောပါရစေ။


News Credit: RFA

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 05, 2020

ဦးမြတ်! ငယ်စဥ်ကလေးဘဝက

ကစားစဥ်သုံးခဲ့တဲ့ အသုံးလေးပါ။

"" ဟေ့! အဲဒီကောင် မပါစေနဲ့၊ ဒီကောင်က**အထိမခံ ကြွေပန်းကန်**၊ အဲဒီကောင်ပါရင် ငါတို့ မကစားတော့ဘူး။""

ကစားပွဲအရ တွန်းမိ တိုက်မိတတ်တာ သဘာဝ။ သူ့ထိလို့ လဲကျတာနဲ့ အာဗြဲကြီးနဲ့ငို သူ့မိဘတွေဆီ ​ပြန်ပြေးတိုင်တတ်လွန်းလို့ အဲဒီကောင်လာရင် ပွဲ ရပ်ပြီး ၊နားကြပါသည်။ သူနဲ့ ဘယ်သူကမှ မကစားချင်ကြ။ ပွဲဖျက်သူ အမြင်နဲ့ မကြည်ဖြူကြတော့။


**************************


ကြွေပန်းကန်တို့သည် အစွန်းအထင်း မခံ ၊ ပွန်းပဲ့ ကျိုးကြေလွယ်၏။ တယုတယ တမြတ်တနိုး တန်ဘိုးထားသုံးသူများအတွက်တော့ အသုံးဝင်ပါသည်။

သာမန် လူနေမှု ဘဝထဲမှာတော့ မဝင်ဆန့် ၊ မသုံးစား။ အကြမ်းခံသော ဒန် စတီး ပန်းကန်များသာသုံးကြပါသည်။

ကြွေထည်ထုတ်တဲ့ မူလဇစ်မြစ်ကလည်း မကောင်းပါ။ အစွန်း အတင် မခံပါ။ အသာစံ ရလိုမှု ငါတကော ကောတဲ့သူတွေ။

မနေ့ကသတင်း။ နှစ်ပေါင်း သုံးဆယ်အတွင်း ဖရဲစျေးများ အဆမတန် မြင့်တက်၍ အဝယ်လိုက် ဟူသော သတင်းကိုဖတ်လိုက်ရပါသည်။ အရှေ့အလယ်ပိုင်းသို့ မြန်မာဖရဲစျေးကွက် မိတ်ဆက်ရုံရှိသေး။အရင်ကတော့ လမ်းဘေး ပုံရမလိုလို၊ ပြောင်းဖူးတွေဆို မြစ်ထဲ ပုံခဲ့ရ။

ဆန်ကားတန်းကြီးတွေဆို သူတို့အကြိုက်။ မလိုတမျိုး လိုတမျိုး။

ဒီမှာ ပိုးတွေ့လူနာများတာနဲ့ မြန်မာပြည်ကဆို အဝင်မခံရတာနဲ့။ မိန်းခလေးများတော့ လာခဲ့ ။


**************************


ဓာတ်ကူးတာလား၊ တူရာတူရာ စုတာလား။ အထိမခံ ကြွေပန်းကန် ချည်းပဲ။

ကာဘိုးဖြစ်စဥ် လူစုလူဝေးနဲ့ ဖြစ်သွားခဲ့ရပါသည်။

သည်အခြေမြင်၍ ဖွားစုက အိမ်မှာပဲ အလံထောင်၍ အောင်ပွဲခံပါ။

လူစုလူဝေး မလုပ်ပါနဲ့ဟု အခင်း မဖြစ်ခင် ကြိုတင် သတိပေးထုတ်ပြန်ပြီးဖြစ်ပါသည်။

ကျားနာတွေ နာ ခဲ ၊ ခဲ တတ်သော သဘောသဘာဝ သိတတ်၍…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page