ရင္နာမိပါတယ္
တပ္ကလႊတ္ေတာ္ထဲမွာကန္႔လန္႔တိုက္ေတာ့ျပည္သူကမုန္းတယ္။
တပ္သတင္းစာရွင္းလင္းပြဲမွာDASSK နဲ႔ဒီမိုအစိုးရကိုတိုက္ခိုက္သလိုေျပာေတာ့လူေတြကမုန္းတယ္။
တပ္လူႀကီးသားသမီးအခ်ိဳ႕ဘာေၾကာင့္မွန္းမသိခ်မ္းသာလာေတာ့လူေတြကမုန္းတယ္။
ဒါေတြဒီလိုျဖစ္ေနရတာက၂၀၀၈ေျခဥေၾကာင့္။
ဘယ္မွာအတိုက္ခံရခံရဘယ္သူမွအႀကီးအက်ယ္မျပဳတ္သြားဘူး။ဒါလဲ၂၀၀၈ေျခဥေၾကာင့္တပ္ခ်ဳပ္ကဘယ္သူ႔ကိုမွတာဝန္မခံရလို႔ပါ။
သူပုန္ရဲ႕Facebook အေကာင့္တုကလဲတပ္ကိုလဲမေကာင္းေျပာ၊ဒီမိုအစိုးရကိုလဲမေကာင္းေျပာၿပီးႏွဟ္ဖက္စလံုးကိုလူမုန္းေအာင္လုပ္တယ္။အခ်င္းခ်င္းတိုက္ေပးတာေပါ့။လူမ်ဳိးေရးမေျပာခ်င္ေပမယ့္ဗမာခ်င္းတိုက္ေပးတာ။သူတို႔ရဲ႕ဒီမိုအစိုးရကိုမေကာင္းေျပာတာကဗမာေတြၾကားမေအာင္ျမင္ေပမယ့္တပ္ကိုမေကာင္းေျပာတာကေအာင္ျမင္တယ္။သူမေျပာခင္ကထဲကလူေတြကမုန္းၿပီးသား။၂၀၀၈ေျခဥေၾကာင့္။
တပ္ထဲမွာဗိုလ္ခ်ဳပ္ေအာင္စိုးလိုယခင္ကိုးကန္႔မွာစစ္မတိုက္တတ္လို႔အရပ္ဖက္ကိုဒုဝန္ႀကီးအျဖစ္အပို႔ခံရသူေတြကနာမည္ႀကီးအမႈကိုမေပၚေအာင္စစ္လို႔စစ္ဆင္ေရးအထူးအဖြဲ႕မႉးနဲ႔ဒုဗိုလ္ခ်ဳပ္ႀကီးျဖစ္လာတယ္။ဒါေၾကာင့္ေနာင္ခ်ိဳလိုအျဖစ္ေတြကဆက္ျဖစ္လာမယ္။စစ္မတိုက္သူရာထူးႀကီးရတယ့္အက်ိဳးကယခုခံစားေနရတာ။စစ္တိုက္တာကဖားတိုက္လို႔မရဘူး။တံတားမေဆာက္တတ္သူကိုအင္ဂ်င္နီယာခန္႔ရင္တံတားၿပိဳမယ္။မခြဲတတ္သူကိုခြဲစိတ္ဆရာဝန္ခန္႔ရင္လူနာေသမယ္။
ယခုသူပုန္ကဝင္စီးရာမွာရဲနဲ႔စစ္သားအခ်ိဳ႕ကို႐ိုး႐ိုးပစ္သတ္တာမဟုတ္ဘဲမီး႐ိႈ့သတ္တာ။ဒါဟာပုံမွန္ဆိုစစ္ရာဇဝတ္မႈက်ဴးလြန္တာ။ဒါေပမယ့္တပ္ကိုအမုန္းမ်ားေနေတာ့သူမဟုတ္တာလုပ္တာကေပ်ာက္သြားတယ္။
တကယ္ဆိုရင္သူပုန္ဟာဘိန္း၊ေဆးျပားလုပ္ငန္းကေငြမ်ားစြာရေနတယ္။ေဒသခံတပ္အခ်ိဳ႕ကလဲသယ္ရင္ျဖတ္ခရတယ္။ဒီစီးပြားေရးကသမၼတအသစ္တက္လာအၿပီးမူးယစ္စီမံကိန္းေၾကာင့္က်ပ္လာတာေတာ့အမွန္။ျငင္းမရတဲ့အခ်က္။ထိုင္းနဲ႔အျခားႏိုင္ငံေတြကျမန္မာျပည္ကေဆးျပားေတြအဝင္မ်ားလို႔ဖိအားေပးတာရွိေနတယ္။ဒါေၾကာင့္DASSK ကိုအာဏာကုန္ေပးေဆြးေႏြးတာေတာင္ဒီသူပုန္ေတြကသူတို႔ကိုယခင္ကဝကိုေပးတဲ့အခြင့္အေရးမ်ိဳးမရရင္ၿငိမ္းခ်မ္းေရးမထိုးဘူး။စာေရးသူေျပာတာမယံုရင္စာဖတ္သူမ်ားမွတ္သားထားပါ။လူမ်ိဳးေရးေျပာေနေပမယ့္အေမရိကန္ကဖယ္ဒရယ္ကိုကူးခ်ေပး။ဘယ္အဖြဲ႕မွေသေတာင္လက္မွတ္မထိုးဘူး။ဒီေကာင္ေတြကဘိန္း၊ေဆးျပားလုပ္တယ္။နယ္ေျမခံတပ္ကျဖတ္ခေကာက္တယ္။
တပ္ကလုပ္သင့္တာကေျခဥကိုျပင္။ဖြတ္နဲ႔ေပါင္းတာေလွ်ာ့။ဒီမိုေတြကိုလိုက္တိုက္တာရပ္။အာဏာရွင္ျဖစ္ခ်င္တဲ့ဘုန္းႀကီးအခ်ိဳ႕ကိုေျမႇာက္ေပးတာရပ္။အစိုးရေအာက္မွာေန။ၿပီးရင္ဖားတတ္သူေတြကိုရာထူးမတိုးေပးဘဲစစ္တိုက္တတ္သူေတြကိုသာရာထူးတိုးေပး။ၿပီးရင္အရပ္သားအစိုးရကဦးေဆာင္ေဆြးေႏြး။သူကတိုက္ဆိုတိုက္။ရပ္ဆိုရပ္။သူကတိုက္ဖို႔လိုရင္ျပည္သူေတြကိုစည္း႐ံုးလိမ့္မယ္။ဘာေၾကာင့္တိုက္ဖို႔လိုတယ္ဆိုတာႏိုင္ငံေရးအရသူကျပည္သူကိုခ်ျပပါလိမ့္မယ္။အေနာက္ကလဲဘိန္းနဲ႔ေဆးျပားကိစၥဆိုရင္ကူမွာပါ။အေမရိကန္နဲ႔အဂၤလိပ္ဒီေကာင္ေတြဘိန္းနဲ႔ေဆးျပားလုပ္တာသိပါတယ္။မအပါ။သူတို႔ကလိုရင္ကုလမွာတ႐ုတ္ကိုတားေပးပါမယ္။
ေျမာက္ပိုင္းကိုတိုက္ဖို႔ဆိုဓာတ္ခဲနဲ႔TNLA ကိုေထာက္ပံ့တဲ့KIA၊UWSA အထိသူ႔ေထာက္ပို႔လမ္းေၾကာင္းကိုတိုက္မွရပါမယ္။တပ္ကတိုက္ႏိုင္လို႔လား။UWSA အားေကာင္းသလိုတပ္ကလဲအားေကာင္းလာပါတယ္။အဓိကကUWSA ေနာက္မွာသူ႔ျပည္သူရွိႏိုင္ေပမယ့္တပ္ကျပည္သူနဲ႔အတူမေနလို႔သူ႔ေနာက္မွာကဖြတ္သာရွိေနပါတယ္။သူကျပည္သူတင္တဲ့အစိုးရကိုေလးစားရင္ ျပည္သူပါလာမွာျဖစ္ပါတယ္။တ႐ုတ္ျဖဴေတာင္တိုက္ခဲ့ေသးတာပါ။ကိုမင္းထင္ကိုကိုႀကီးတို႔ကိုတရားစြဲေနမယ့္အစားျပည္သူကိုမ်က္ႏွာမူပါ။
ဖြတ္ကိုမ်က္ႏွာမူရင္ေတာ့အဖားေတာ္သူေတြသာတပ္ခ်ဳပ္ျဖစ္ၿပီးတိုင္းျပည္ယခုထက္ပိုႏွစ္ပါမယ္။
Unicode version
ရင်နာမိပါတယ်
တပ်ကလွှတ်တော်ထဲမှာကန့်လန့်တိုက်တော့ပြည်သူကမုန်းတယ်။
တပ်သတင်းစာရှင်းလင်းပွဲမှာDASSK နဲ့ဒီမိုအစိုးရကိုတိုက်ခိုက်သလိုပြောတော့လူတွေကမုန်းတယ်။
တပ်လူကြီးသားသမီးအချို့ဘာကြောင့်မှန်းမသိချမ်းသာလာတော့လူတွေကမုန်းတယ်။
ဒါတွေဒီလိုဖြစ်နေရတာက၂၀၀၈ခြေဥကြောင့်။
ဘယ်မှာအတိုက်ခံရခံရဘယ်သူမှအကြီးအကျယ်မပြုတ်သွားဘူး။ဒါလဲ၂၀၀၈ခြေဥကြောင့်တပ်ချုပ်ကဘယ်သူ့ကိုမှတာဝန်မခံရလို့ပါ။
သူပုန်ရဲ့Facebook အကောင့်တုကလဲတပ်ကိုလဲမကောင်းပြော၊ဒီမိုအစိုးရကိုလဲမကောင်းပြောပြီးနှဟ်ဖက်စလုံးကိုလူမုန်းအောင်လုပ်တယ်။အချင်းချင်းတိုက်ပေးတာပေါ့။လူမျိုးရေးမပြောချင်ပေမယ့်ဗမာချင်းတိုက်ပေးတာ။သူတို့ရဲ့ဒီမိုအစိုးရကိုမကောင်းပြောတာကဗမာတွေကြားမအောင်မြင်ပေမယ့်တပ်ကိုမကောင်းပြောတာကအောင်မြင်တယ်။သူမပြောခင်ကထဲကလူတွေကမုန်းပြီးသား။၂၀၀၈ခြေဥကြောင့်။
တပ်ထဲမှာဗိုလ်ချုပ်အောင်စိုးလိုယခင်ကိုးကန့်မှာစစ်မတိုက်တတ်လို့အရပ်ဖက်ကိုဒုဝန်ကြီးအဖြစ်အပို့ခံရသူတွေကနာမည်ကြီးအမှုကိုမပေါ်အောင်စစ်လို့စစ်ဆင်ရေးအထူးအဖွဲ့မှူးနဲ့ဒုဗိုလ်ချုပ်ကြီးဖြစ်လာတယ်။ဒါကြောင့်နောင်ချိုလိုအဖြစ်တွေကဆက်ဖြစ်လာမယ်။စစ်မတိုက်သူရာထူးကြီးရတယ့်အကျိုးကယခုခံစားနေရတာ။စစ်တိုက်တာကဖားတိုက်လို့မရဘူး။တံတားမဆောက်တတ်သူကိုအင်ဂျင်နီယာခန့်ရင်တံတားပြိုမယ်။မခွဲတတ်သူကိုခွဲစိတ်ဆရာဝန်ခန့်ရင်လူနာသေမယ်။
ယခုသူပုန်ကဝင်စီးရာမှာရဲနဲ့စစ်သားအချို့ကိုရိုးရိုးပစ်သတ်တာမဟုတ်ဘဲမီးရှို့သတ်တာ။ဒါဟာပုံမှန်ဆိုစစ်ရာဇဝတ်မှုကျူးလွန်တာ။ဒါပေမယ့်တပ်ကိုအမုန်းများနေတော့သူမဟုတ်တာလုပ်တာကပျောက်သွားတယ်။
တကယ်ဆိုရင်သူပုန်ဟာဘိန်း၊ဆေးပြားလုပ်ငန်းကငွေများစွာရနေတယ်။ဒေသခံတပ်အချို့ကလဲသယ်ရင်ဖြတ်ခရတယ်။ဒီစီးပွားရေးကသမ္မတအသစ်တက်လာအပြီးမူးယစ်စီမံကိန်းကြောင့်ကျပ်လာတာတော့အမှန်။ငြင်းမရတဲ့အချက်။ထိုင်းနဲ့အခြားနိုင်ငံတွေကမြန်မာပြည်ကဆေးပြားတွေအဝင်များလို့ဖိအားပေးတာရှိနေတယ်။ဒါကြောင့်DASSK ကိုအာဏာကုန်ပေးဆွေးနွေးတာတောင်ဒီသူပုန်တွေကသူတို့ကိုယခင်ကဝကိုပေးတဲ့အခွင့်အရေးမျိုးမရရင်ငြိမ်းချမ်းရေးမထိုးဘူး။စာရေးသူပြောတာမယုံရင်စာဖတ်သူများမှတ်သားထားပါ။လူမျိုးရေးပြောနေပေမယ့်အမေရိကန်ကဖယ်ဒရယ်ကိုကူးချပေး။ဘယ်အဖွဲ့မှသေတောင်လက်မှတ်မထိုးဘူး။ဒီကောင်တွေကဘိန်း၊ဆေးပြားလုပ်တယ်။နယ်မြေခံတပ်ကဖြတ်ခကောက်တယ်။
တပ်ကလုပ်သင့်တာကခြေဥကိုပြင်။ဖွတ်နဲ့ပေါင်းတာလျှော့။ဒီမိုတွေကိုလိုက်တိုက်တာရပ်။အာဏာရှင်ဖြစ်ချင်တဲ့ဘုန်းကြီးအချို့ကိုမြှောက်ပေးတာရပ်။အစိုးရအောက်မှာနေ။ပြီးရင်ဖားတတ်သူတွေကိုရာထူးမတိုးပေးဘဲစစ်တိုက်တတ်သူတွေကိုသာရာထူးတိုးပေး။ပြီးရင်အရပ်သားအစိုးရကဦးဆောင်ဆွေးနွေး။သူကတိုက်ဆိုတိုက်။ရပ်ဆိုရပ်။သူကတိုက်ဖို့လိုရင်ပြည်သူတွေကိုစည်းရုံးလိမ့်မယ်။ဘာကြောင့်တိုက်ဖို့လိုတယ်ဆိုတာနိုင်ငံရေးအရသူကပြည်သူကိုချပြပါလိမ့်မယ်။အနောက်ကလဲဘိန်းနဲ့ဆေးပြားကိစ္စဆိုရင်ကူမှာပါ။အမေရိကန်နဲ့အင်္ဂလိပ်ဒီကောင်တွေဘိန်းနဲ့ဆေးပြားလုပ်တာသိပါတယ်။မအပါ။သူတို့ကလိုရင်ကုလမှာတရုတ်ကိုတားပေးပါမယ်။
မြောက်ပိုင်းကိုတိုက်ဖို့ဆိုဓာတ်ခဲနဲ့TNLA ကိုထောက်ပံ့တဲ့KIA၊UWSA အထိသူ့ထောက်ပို့လမ်းကြောင်းကိုတိုက်မှရပါမယ်။တပ်ကတိုက်နိုင်လို့လား။UWSA အားကောင်းသလိုတပ်ကလဲအားကောင်းလာပါတယ်။အဓိကကUWSA နောက်မှာသူ့ပြည်သူရှိနိုင်ပေမယ့်တပ်ကပြည်သူနဲ့အတူမနေလို့သူ့နောက်မှာကဖွတ်သာရှိနေပါတယ်။သူကပြည်သူတင်တဲ့အစိုးရကိုလေးစားရင် ပြည်သူပါလာမှာဖြစ်ပါတယ်။တရုတ်ဖြူတောင်တိုက်ခဲ့သေးတာပါ။ကိုမင်းထင်ကိုကိုကြီးတို့ကိုတရားစွဲနေမယ့်အစားပြည်သူကိုမျက်နှာမူပါ။
ဖွတ်ကိုမျက်နှာမူရင်တော့အဖားတော်သူတွေသာတပ်ချုပ်ဖြစ်ပြီးတိုင်းပြည်ယခုထက်ပိုနှစ်ပါမယ်။
Comments