top of page
Search

ရင်ကြားစေ့ဖို့ စဉ်းစားရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 7, 2021
  • 1 min read

ဒီအကြောင်းရေးသင့်မသင့် စဉ်းစားပြီးမှ ရေးလိုက်ပါတယ်။ အာဏာမသိမ်းခင် DASSK က ရန်ကုန်ပြန်ခုခံတာတွေမလုပ်ဘဲ သူမရဲ့ ဝန်ကြီးချုပ်တွေ ဝန်ကြီးအဖွဲ့တွေ လွှတ်တော်အမတ်တွေကိုလဲ လာဖမ်းရင် မခုခံဖို့ ပြောထားလို့ အားလုံးနီးပါးက အဖမ်းခံခဲ့ပါတယ်။

ဖက်ဆစ်မအလကတော့ လူလိုသူလို မဆက်ဆံခဲ့ပါ။ ပြည်ထောင်စုဝန်ကြီးအများစုက အကျယ်ချုပ်ဖြစ်ပြီး သူရဦးအောင်ကို ကိုတော့ တန်းဖမ်းပါတယ်။ အဆိုပါညမှာ ဝန်ကြီးချုပ်တွေကို လက်ထိပ်ခတ်ဖမ်းပြီး ဆွဲလားရမ်းလားလုပ်ပြီး စစ်ဌာနချုပ်တွေထဲကို ခေါ်သွားခဲ့ပါတယ်။

တိုင်းဒေသဝန်ကြီးတွေကိုလဲ မျက်နှာကို စွပ်လက်ထိပ်ခတ်ပြီး စစ်ဆေးရေးကို တန်းခေါ်သွားခဲ့ပါတယ်။အချို့ကို ထမင်းမကျွေးတာ မအိပ်ခိုင်းဘဲ စစ်မေးတာတွေ လုပ်ပါတယ်။ ဒီလူတွေကို ၂၀၀၈ တည်ဆဲဥပဒေအရ ဝရမ်းနဲ့သာ ဖမ်းရမှာပါ။ ဒါ့အပြင် ယခုကဲ့သို့ ဖမ်းလို့လဲမရပါ။ ကွီးဖြိုးကိုလဲ ထမင်းမကျွေးပဲထားတာ တိုက်ပိတ်ထားတာတွေ လုပ်ပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုလဲ ထောင်ထဲမှာ အပြင်နဲ့ အဆက်အသွယ်ဖြတ်ပါသေးတယ်။ ဒေါက်တာအောင်မိုးညိုကိုလဲ တိုက်ပိတ်ခံရတယ်လို့ ကြားခဲ့ပေမယ့် သူကရှေ့နေကို ဘာမှမပြောသွားလို့ ဒါကတော့ မသေချာတော့ပါ။ မန်းဝန်ကြီးချုပ်ကိုလဲကျန်းမာရေးမကောင်းလို့ဆိုပြီး သူတို့မညှာခဲ့ပါဘူး။ သူ့ကိုလဲ မိသားစုပါ အစကဖမ်းထားပြီးမှာနောက်ပိုင်းမှသာ မိသားစုကို ပြန်လွှတ်တာပါ။ ကွီးဖြိုးမိိန်းမကိုယ်က ကွီးဖြိုးက သူတို့ခိုင်းတဲ့ စာကိုမဖတ်လို့ ဓားစာခံအနေနဲ့ ထပ်ဖမ်းတာပါ။ သူမကိုပြန်လွှတ်ရင် သူတို့မဟုတ်တာလုပ်တာ ပြောမှာစိုးလို့ဆက်ဖမ်းထားတာပါ။

ဒီဖမ်းဆီးပုံတွေက ဘာကိုပြသလဲဆိုရင် လက်စားချေလိုတဲ့ ဥပဒေမဲ့လုပ်ရပ်တွေပါ။ အချို့ဆိုရွေးကောက်ပွဲမှာတောင်ပြန် အရွေးမခံပါ။

မနေ့ကလဲ DASSK ကိုယ်တိုင်က ဖက်ဆစ်မအလကျွေးတာမစား သူတို့နဲ့ ကင်းကင်းနေတယ်ဆိုတာကိုပြခဲ့ပြီးပါပြီ။ ပြည်သူများက DASSK အတွက် လှူလိုတာကိုလဲ လေးစားပါတယ်။ ဒါပေမယ့် ဒီဖက်ဆစ်ကို အမြစ်ပြတ်တိုက်ဖို့ လက်နက်အတွက် ငွေလိုပါတယ်။ PDF တွေကို ကျွေးဖို့ ငွေလိုပါတယ်။ CDM တွေကို ထောက်ပံ့ဖို့ ငွေလိုပါတယ်။ ဒါ့ကြောင့် DASSK ကို လှူလိုရင် NUG ကို လှူလိုက်ပါလို့ တိုက်တွန်းပါရစေ။ ပြည်တွင်းပြည်ပက ညီအစ်ကိုမောင်နှမများလဲ မိမိရတဲ့ ငွေထဲက လှူပေးကြပါ။ စစ်တိုက်တာဟာ ငွေကုန်ပါတယ်။ ဒါ့ကြောင့် DASSK က ငြိမ်းချမ်းတဲ့လမ်းစဉ်ကို ရွေးခဲ့ပါတယ်။ ဒါပေမယ့်အာဏာရူးဖက်ဆစ်မအလက မရပါ။ ဒါ့ကြောင့် ဖက်ဆစ်အာဏာရူးကို တိုက်ထုတ်ဖို့ NUG ကို ငွေလှူကြပါစို့လို့ တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 08, 2021

ဦးမြတ်!!! အလှူအကြောင်းပါလာ၍ ခုနွေဦးတော်လှန်ရေးမှာ ဘာသာဝင်အများစု အမြင် အကြီးအကျယ် ပြောင်းလဲမှု ရရှိခြင်းက အမြတ်တစ်ခုပါ။

ယခင်က စေတီပုထိုးနှင့် သံဃာတော်များကို လှူဒါန်းမှသာ အလှူဟုခံယူထားကြပါသည်။

ဘုန်းတော် ကြီး လိုသော ဘုန်းတော် ကြီး နှင့်

ရဟန်းသံဃာအပေါ်မှာလည်း ခဲွဲခြား မြင်နိုင်သွားကြပါပြီ။ ရဟန်း သံဃာ ကိုသာ ကိုးကွယ်ဆည်းကပ်သင့်ကြောင်း အမြင်ကောင်းလည်း ရရှိသွားခဲ့ပါပြီ။

ခုဆို ကလင်းရန်ကုန်(Clean Yangon )သည် အလှူဒါနပြုစရာအတွက် အားထားရကောင်းမှန်း သိ သွားကြပါပြီ။လိုလျှင် ယူ၊ ပိုလျှင် ယူ

အစီအစဥ်သည်ပြည်သူတို့ အလှူ လှူတတ်နေပြီဖြစ်ကြောင်း ပုံရိပ်ကောင်း တစ်ခုပါ။

သည်နောက်ပိုင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမို လှူဒါန်းလာကြပါလိမ့်မည်။ မျှဝေ ခံစားမှုသဘောတရားကို ကျေညက်သွားကြပါပြီ။ အရင်ကအလှုနဲ့ ပတ်သက်လာလျှင် ပကာသန ဖက်၍ ဇာတ်ပျက်ခဲ့ရသည်ကို ခုခါ ကောင်းကောင်းကြီး

သည်နောက်ပိုင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမို လှူဒါန်းလာကြပါလိမ့်မည်။ မျှဝေ ခံစားမှုသဘေအာတရားကို ကျေညက်သွားကြပါပြီ။ အရင်ကအလှုနဲ့ ပတ်သက်လာလျှင် ပကာသန ဖက်၍ ဇာတ်ပျက်ခဲ့ရသည်ကို ခုခါ ကောင်းကောင်းကြီး

သိမြင်သွားကြပါသည်။

မသန့်စင်သောနည်းဖြင့် ရှာဖွေရရှိလာကြောင်း

သိလျက် နှင့် လှူဒါန်းလာသော အလှူကို လက်ခံခြင်းသည် တတိယ ပါရာဇိက ကံ ထိုက်၏ ဟူ၍ ဆရာတော်ကြီး ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဆရာတော်ကြီးမှ မိန့်ကြားတော်မူခဲ့ပါသည်။

ဖွားစုသည်လည်း စကစ အလှူကို မခံယူခြင်းသည် (သီလ သမာဓိ ပညာ သိက္ခါ အရ)ပညာ

ကိန်းသောကြောင့် ဖြစ်ပါသည်။

ဘုရားရှင် အလိုတော်ကျ ပညာ ကိန်းသော ပုဂ္ဂိုလ်တို့သည် သီလ နှင့် အသက် ယှဥ်လာ၍

ရွေးချယ်ရာတွင် သီလ ကိုသာ ဦးစားပေးရွေးချယ်ကြပါသည်။

အသက်သာ အသေခံမယ်

သီလတော့ အပျက်မခံနိုင်ကြပါ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page