top of page
Search

ရခိုင်ရွေးကောက်ပွဲအတွက် ဆွေးနွေးစရာလိုလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 18, 2019
  • 1 min read

ရခိုင်ရွေးကောက်ပွဲအတွက် ဆွေးနွေးစရာလိုလား

တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တွေနဲ့ ဆွေးနွေးဖို့လိုတာကို လက်ခံပါတယ်။ ဒါကြောင့်လဲ အစိုးရက ဆွေးနွေးဖို့ကြိုးစားနေတာပါ။

ဓာတ်ခဲခေါင်းဆောင်က ရခိုင်မှာ ရွေးကောက်ပွဲလုပ်ချင်ရင် သူ့ကိုဆွေးနွေးရမယ် ခွင့်တောင်းရမယ် ထလုပ်ပါတယ်။ နောက်အခွန်လဲ ဆောင်ရမယ်ပေါ့။ အခွန်ကတော့ စီးပွါးရေးသမားတွေကသာ ဆုံးဖြတ်ရမှာပါ။ ဒါကိုတကယ်လုပ်လို့ စီးပွါးရေးသမားတွေမလာရင် ယခုထက်ပိုဆင်းရဲသွားနိုင်ပါတယ်။ ဒါကမိမိလုပ်ရပ်က မိမိထံ ပြန်လာနိုင်တာကို ပြောပြတာပါ။

ဒီနေရာမှာ ဓာတ်ခဲပြောတာကို ANP ပါတီ ဥက္ကဌကပါ သံယောင်လိုက်လာတာ တွေ့ရပါတယ်။ ရခိုင်မြောက်မှာ ရွေးကောက်ပွဲလုပ်ရင် နိုင်နိုင်တာက ANP ပါ။ ရွေးကောက်ပွဲသာ မလုပ်ရရင် ANP ကိုယ်စားလှယ်သာ လွှတ်တော်ကိုယ်စားလှယ်မဖြစ်မှာပါ။ နောက်ပြီး အဲ့ဒီနေရာမှာ ရွေးကောက်ပွဲလုပ်တဲ့နေ့ ပစ်တာရပ်ရုံနဲ့လဲ တရားမျှတမှုမရှိနိုင်ပါ။ အနည်းဆုံး ၆ လ လောက် ပစ်တာရပ်ထားမှ ရပါမယ်။ဓာတ်ခဲနဲ့ ဆက်ပစ်နေပြီး တပ်တွေအဲ့ဒီဒေသထဲကိုဝင်လာရင် ဒေသခံတွေထွက်ပြေးရရင် ဘယ်သူမဆိုနိုင်သွားနိုင်ပါတယ်။ ဒီနေရာမှာ ဓာတ်ခဲနဲ့သဘောထားတူတဲ့ ANP သာ နိုင်နိုင်တဲ့နေရာမိုလို့ ဘာမှဆွေးနွေးစရာမရှိပါဘူး။ တိုက်ပွဲဖြစ်နေရင် ပျော်ပျော်ကြီး ရွေးကောက်ပွဲမလုပ်ဘဲ ထားခဲ့ရုံပါ။ ဒါကလဲကိုယ့်ရှုး ကိုယ်ပတ်တာပါ။

နောက်ဘင်င်္ဂါလီကိစ္စမှာလဲ ဓာတ်ခဲတပ်ချုပ်ကြီးရဲ့ သဘောထားက အဘတို့နဲ့ အဘနောက်လိုက်တွေထက် ပျော့ပြောင်းတာကို တွေ့ရပါတယ်။ သူ့ပြည်နယ်ကလူတွေက သူနဲ့သဘောထားတူတယ်ဆိုရင်စာရေးသူတို့က သူတို့ထဲ ကန့်လန့်ဝင်ပါစရာ မလိုတော့ပါ။ သူ့ပြည်သူတွေသိအောင်တော့ ချပြသင့်ပါတယ်။

အကျဉ်းချုပ်ရရင် ရွေးကောက်ပွဲအတွက်တော့ ဓာတ်ခဲကို ဆွေးနွေးစရာမလိုပါ။ ရွေးကောက်ပွဲ ရခိုင်မြောက်ပိုင်းမှာမဖြစ်ရင် လွှတ်တော်ထဲမှာ ဂဏန်းတွေအတွက် အဖော်နည်းသွားတာသာ ရှိပါမယ်လို့ပြောပါရစေ။

၂၀၂၀ အထိတော့ ဒီအတိုင်း ဆက်သွားမှာပါ။ အိပ်ရွေ့မပျော်သောညတွေမှာ အိမ်မက်ဆိုတာ မက်တတ်ပါတယ်။ အိမ်မက်ထဲမှာ နိုင်ငံထူထောင်လိုသူတွေရှိသလို သမ္မတရူးတွေလဲ ရှိပါတယ်။ တချိန်ချိန်မှာ အိမ်မက်ကနေတော့ နိုးထရစမြဲပါ။

News Source: Myanmar Now & Irrawaddy

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page