top of page
Search

ရခိုင်မှာ အဘကို ဓာတ်ခဲက ထောင်ဖမ်းခဲ့လား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 31, 2019
  • 1 min read

ရခိုင်မှာ အဘကို ဓာတ်ခဲက ထောင်ဖမ်းခဲ့လား

ရခိုင်မှာ ရဲနဲ့တပ်သားတွေ အရပ်ဝတ်နဲ့အဖမ်းခံရပြီးချိန်မှာ ဝင်ကယ်ဖို့ကြိုးစားတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီအချိန်မှာဘဲ ဓာတ်ခဲက သူတို့ဖမ်းထားတဲ့ ဓားစားခံတွေဟာ တပ်ကပစ်ရာမှာ သေတယ်ဆိုပြီး ကြေညာချက်ထုတ်ခဲ့ပါတယ်။ စာရေးသူအနေနဲ့ သိသလောက်အဲ့ဒီဟာက မမှန်ဘူးဆိုတာ ရေးခဲ့ပြီးပါပြီ။ ဒါကအဲ့ဒီကယ်ဆယ်ရေးမှာ ပါသူတွေပြောချက်ကို အခြေခံထားတာပါ။ အဲ့ဒါအပြီးမှာဘဲအရပ်သားတစ်ယောက်ကို ဓာတ်ခဲဝတ်စုံ ဝတ်ထားသူများက သတ်လိုက်တဲ့ ဗီဒီယိုဖိုင်တက်လာခဲ့ပါတယ်။ စ တက်လာတာက တပ်နွယ်အကောင့်တွေကဖြစ်လို့ စာရေးသူအနေနဲ့ စောင့်ကြည့်လေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာသိလာတာက ဒီဖိုင်ကို ဓာတ်ခဲတွေရိုက်ထားတာကို တပ်ကရသွားရာက လိုင်းပေါ်ရောက်လာတယ်ဆိုတာပါ။ ပုံမှာ အဖမ်းခံရသူကို လက်ပြန်ကြိုးတုတ်ပြီး သူ့ကျင်းထဲကို ရိုက်သတ်တာပါ။ အင်မတန် လူမဆန်တဲ့ လုပ်ရပ်ပါ။ စစ်ရာဇဝတ်မှု ကျူးလွန်ထားတာပါ။ ဒါက ရှင်းပါတယ်။

ဒီနေရာမှာ ဘာကိုသွားသတိရသလဲဆိုတော့ အင်းဒင်လူသတ်မှုတွေနဲ့ အခြားအမှုတွေမှာ တပ်ကစုံစမ်းရာမှာ ဘင်္ဂါလီကို သတ်သူများဟာ ဓာတ်ခဲအမျိုးများဖြစ်နေပြီး တပ်ကအဲ့ဒီလိုကျူးလွန်သူတွေကိုတားဖို့ပျက်ကွက်တယ်လို့ ဆိုထားပါတယ်။ နောက်စစ်ဆင်ရေးအပြီးမှာ ဘီဘီစီသတင်းထောက်လာချိန်မှာ သူကရွာနားက အရပ်သားတွေက ဘင်္ဂါလီအိမ်တွေမှာ ပစ္စည်းတွေယူတာ၊ မီးရှို့တာကို တွေ့တယ်ဆိုပြီးလဲ ပြောထားပါတယ်။ တပ်ကမလုပ်ဘူးလို့ပြောချိန်မှာ အနောက်တိုင်းကလဲ လုပ်တယ်လို့စွပ်စွဲပါတယ်။ ဓာတ်ခဲကလဲ သူ့မှာ အထောက်အထားတွေရှိတယ် ပေးလိုက်မယ်လို့ ခဏခဏပြောလေ့ရှိပါတယ်။

ရိုက်တာသတင်းထောက်တွေရသွားတဲ့ပုံဟာလဲ သူတို့ဓာတ်ခဲလူမျိုးထံကပါ။ သူတို့က လက်စားချေသတ်နေချိန်မှာ ဓာတ်ပုံ (သို့) ဗီဒီယိုရိုက်တာကို သိမ်းထားပြီး လူမျိုးအချင်းချင်းထုတ်ပြရာကနေ ရိုက်တာကရသွားတာပါ။ ယခုကလဲ သူတို့အချင်းချင်းပြဖို့ ရိုက်ထားတာကို တပ်ကရသွားပုံပါ။

ဒီကိစ္စကနေ ဘယ်လောက်အထိ အချင်းချင်းဖော်မလဲဆိုတာကတော့ သူတို့ချင်းသာ သိပါလိမ့်မယ်။ယခင်ကိစ္စမှာလဲ အဘကို ကိုအေးမောင်ကလာဖို့ခေါ်ပြီး ယခုတင်တဲ့ ဗီဒီယိုဖိုင်မျိုးတွေကို သူ့လူတွေနဲ့ရိုက်ပြီး ထောင်ဖမ်းခဲ့သလား သူတို့သာ သိပါမယ်။

စာရေးသူတို့တိုင်းပြည်မှာက လူမျိုးပေါင်းစုံနေပါတယ်။ တရုတ်မိုလို့ချလိုက်၊ မာမူမိုလို့ချလိုက်ဆိုတာကို အားပေးနေရင် ပြီးရင် တိုင်းရင်းသားအချင်းချင်းလဲ သူက ဗမာမိုလို့ ချတယ်လုပ်လာနိုင်ပါတယ်။အမုန်းကနေ ပြည်နယ်တည်ဆောက်ရင် ပူလောင်နေမှာပါ။ ရေတိုမှာတော့ မိမိလူမျိုးက ကြိုက်သလိုရှိပေမယ့် ရေရှည်မှာက အမုန်းသံသယာရှည်နိုင်ပါတယ်။

အားလုံးအမြင်မှန်ရနိုင်ပြီး အမုန်းတရားတွေ ကင်းဝေးနိုင်ပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page