top of page
Search

ရခိုင်ပြည်ကြီး ကံကောင်းလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 21, 2023
  • 1 min read

ရခိုင်ပြည်နယ်ကို မိုခါက ဖြတ်သွားတာက ကံဆိုးတာပါ။ ဒါပေမယ့် အဆိုးထဲက အကောင်းလို့ပြောရမလား ဘာလားဆိုတာတော့ မသိပါဘူး။ ပထမက မုန်တိုင်းအပြီးမှာ ကုလက လှူဖို့ကြေညာသလို၊ တရုတ်ကလဲ သံရုံးကတဆင့်လှူဖို့ပြင်ခဲ့ပြီး ပစ္စည်းတွေကိုလဲ ပို့ဖို့ ပြင်ထားပါတယ်။ အချို့က နေပြည်တော်မှာ စရောက်နေပါပြီ။ အားကျမခံအိန္ဒိယကလဲ လှူဖို့ပြင်နေပါတယ်။ ရောက်လာသမျှ အလှူတွေက မအလတပ်ကတဆင့် သွားရမှာပါ။ ဂျပန်နဲ့ အာဆီယံကလဲ လှူဖို့ကမ်းလှမ်းထားပါတယ်။

မအလတပ်ဟာ စိုးဝင်းကို မုန်တိုင်းအတွက် အဖွဲ့ခေါင်းဆောင်ခန့်သလို AA ကလဲ သူ့ဒုချုပ်ကို အဖွဲ့ခေါင်းဆောင် ခန့်ထားပါတယ်။ ဘီဘီစီက မုတ္တမသင်္ဘောကြီးနဲ့ ကယ်ဆယ်ရေးတွေထွက်လာပြီဆိုပြီး ဘောမသလို ဗိုလ်ချုပ် ၂၀ရခိုင်ကို ကယ်ဆယ်ရေးအတွက် အဘက လွှတ်ထားတယ်ဆိုပြီး ဆက်ဘောမပါတယ်။ သူ့သီအိုရီက စစ်ဗိုလ်ချုပ်တွေက စီမံခန့်ခွဲရင် သဘာဝဘေးအန္တရာယ်က ပိုစီမံခန့်ခွဲနိုင်တယ်ဆိုတဲ့ ရူးကြောင်ကြောင် သီအိုရီကို အခြေခံပါတယ်။ ယခုအချိန်အထိ လေ့လာရာမှာ မအလတပ်တစ်ခုလုံး စစ်ဗိုလ်အားလုံးရဲ့ခေါင်းက NLD ဝန်ကြီးချေးလောက်တောင် သုံးမရတာ ယခုအချိန်ထိ တွေ့နေရပါတယ်။ ဒါပေမယ့် အဘဘုန်းကြီး ဆေကိန်ကတော့ ပုဇွန်ခေါင်းလောက်ရှိတဲ့ ဗိုလ်ချုပ်တွေက ကယ်ဆေးရေးလုပ်လို့ စိတ်ချပြီး မဝေဖန်တာလဲတွေ့ရပါတယ်။ ဗိုလ်ချုပ်တွေရဲ့ စီမံခန့်ခွဲမှု အသုံးမကိတာက သွပ်ပြားတစ်ချပ်ကို စစ်သား ၇ ယောက်မတာ သစ်ပင်အသေးကို ၄-၅ ယောက်မတာက ပြနေပါတယ်။

ယခုရိက္ခာတွေက ရခိုင်ကိုစတင်နေပြီး ဂျပန်၊ တရုတ်ပေးတာတွေထဲက မီးစက်တွေ၊ အကောင်းတွေက တပ်စစ်ဌာနချုပ်အတွက်ဖြစ်ပြီး အရန်ဆန်ကတော့ ရခိုင်ပြည်သူတွေအတွက် တပ်ရိက္ခာဖြည့်ပြီးရင် ရောက်လာမှာပါ။ရိက္ခာတွေဖြန့်ဝေရာမှာလဲ အဘနဲ့ရော AA နဲ့ပါအဆင်ပြေတဲ့ ဝေဟင်ယံတို့ ဝီဝီ့အဖွဲ့နဲ့ ဝေဋုကျော်တို့ကိုလဲ ထုတ်သုံးထားသလို အိမ်ျထာင်ကားထဲကလို လင်ဖောက်ပြန်တဲ့ မင်းသမီးတွေကလဲ ဒိန်းဒေါင်နဲ့အတူ ကားနဲ့ထွက်လာတာတွေ့ရပါတယ်။ ဝီဝီ့အဖွဲ့ဟာ ရိုဟင်ဂျာနဲ့ ရှော့ရှိထားလို့ ဘယ်လိုမြေပြင်မှာလုပ်မလဲတော့ စောင့်ကြည့်ရမှာပါ။ ရိုဟင်ဂျာတွေကို တိုက်ခိုက်ရာမှာ လူမျိုးရေး အစွန်းရောက် ဝေဟင်အောင်တို့ ဝီဝီ့အဖွဲ့တို့ပါနေလို့ ကယ်ဆယ်ရေးဟာ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ။

ယခုလို ဓာတ်ပုံတွေထဲမှာ ပြင်ဆင်တာတွေ တွေ့နေရပေမယ့် လက်တွေ့မြေပြင်မှာတော့ ကယ်ဆယ်ရေးကရောက်လာသလားဆိုတာကတော့ ရခိုင်ပြည်သူတွေကသာ အသိဆုံးဖြစ်မှာပါ။ လက်ရှိတပ်အင်အားဟာ အဘလုံခြုံရေးအတွက်လား ရခိုင်ကယ်ဖို့လားဆိုတာက မသဲကွဲသေးပါဘူး။ ဒီထက်စိတ်ဝင်စားစရာကောင်းတာက ရိုဟင်ဂျာအသေအပျောက်စာရင်းပါ။ သတင်းအများစုမှာ ၄၀၀ လောက်သေတယ်လို့ စာရင်းတက်ပေမယ့် ဘီဘီစီမြန်မာပိုင်းနဲ့အဘက တစ်ရာလို့သာ ပြောနေပါတယ်။ ဒီကိစ္စကိုတော့ ဘီဘီစီမြန်မာပိုင်းနဲ့ ရိုဟင်ဂျာခေါင်းဆောင်တို့လန်ဒန်မှာ စာရင်းပြန်စစ်သင့်ပါတယ်။ အဘကတော့ ၄၀၀ ပြောသူကို ဖမ်းမယ်လို့ ပြောထားပါတယ်။

ဘီဘီစီသတင်းမှာတော့ မုတ္တမသင်္ဘောကြီးနဲ့ ကယ်ဆယ်ရေးလုပ်ပြီဆိုပြီး ဘောမထားတာ တွေ့ရပါတယ်။ စာရေးသူသိတာကတော့ ပစ္စည်းသွားတဲ့ တပ်စခန်းတွေကို ပြန်ပြင်ဖို့က အဓိကပါ။

ဘာပဲပြောပြော ရခိုင်ပြည်ကြီးကတော့ ကယ်သူတွေ ဝိုင်းဝိုင်းလည်နေတာ မုဒိတာပွါးစရာပါ။ ရ မရကတော့ စီမံခန့်ခွဲနေတဲ့ မအလတပ်နဲ့ AA အပေါ်သာ မူတည်မှာပါ။ စာဖတ်သူများလဲ မုန်တိုင်းထိတဲ့ ပြည်သူနဲ့အတူ တိုက်ပွဲဝင်နေတဲ့ သွေးချင်းတို့ရဲ့ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးတို့ကိုလဲ ထောက်ပံ့ပေးနိုင်အောင် နိုင်ငံခြားကနေ ကြိုးစားပေးပါလို့ မေတ္တာရပ်ခံပါရစေ။ မင်းတပ်ကအိမ်တွေ၊ မတူပီကရွာတွေ၊ ယင်းမာပင်၊ ခင်ဦး၊ ဆားလင်းကြီးက ရွာတွေကိုထောက်ပံ့ဖို့လဲ NUG ကိုလှူပြီး ကြိုးစားပေးပါလို့ တောင်းပန်ပါရစေ။ သူတို့ကို အိန္ဒိယ၊ တရုတ်၊ ကုလ၊ အာဆီယံ၊အမေရိကန်က မထောက်ပံ့နေပါ။ ပြည်သူမှသည် ပြည်သူသို့သာ ထောက်ပံ့ပေးကြပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page