top of page
Search

ယုံအောင်လိမ်ပါ မအလ

Writer: Myat Tun Oo
Myat Tun Oo
Mar 23, 2021
1 min read

စာရေးသူ ယခင်ကရေးခဲ့သလိုပါဘဲ မအလဟာ စဖမ်းကထဲက NLD ရဲ့ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေအားလုံးရဲ့ ဘဏ့်အကောင့်များကိုစစ်သလို သူတို့ရဲ့ ကိုယ်ရေးအရာရှိတွေကိုလဲ ဖမ်းပြီးစစ်ပါတယ်။နောက် တိုင်း/ပြည်နယ် ထွေအုပ်တွေကိုလဲ ဖော်စရာရှိရင် ဖော်ဖို့ လမ်းခင်းပေးပါတယ်။ အချို့ဝန်ကြီးချုပ်တွေက ခဏပြန်လွတ်လာချိန်မှာ CDM အားပေးလို့ ချက်ချင်းအဖမ်းပြန်ခံခဲ့ရပါတယ်။အာဏာသိမ်းအပြီး အဖမ်းခံရသူတွေထဲ မအလအငြိုးထားတာက DASSK၊ သာဝန်နဲ့ ကွီးဖြိုးတို့ကိုပါ။

DASSK ဟာ သူ့ပါတီက CEC၊ လွှတ်တော်အမတ်နဲ့ ဝန်ကြီးချုပ်တွေကို လာဖမ်းရင်ပြန်မခုခံဘဲ အဖမ်းခံဖို့မှာခဲ့လို့ သူတို့အားလုံးဟာ သူမစကားနားထောင်ပြီး အဖမ်းခံခဲ့ကြပါတယ်။ ပုံမှန်မှာဆိုရင် ဘယ်သူ့ကိုမှ ပုဒ်မမတတ်ဘဲ ဖမ်းခွင့်မရှိပါ။ မအလက သူပုန်မိုလို့ ဥပဒေကို မလိုက်နာခဲ့ပါ။ ယခုကအားလုံးကိုဖမ်းထားခဲ့တာပါ။ ဒီနေရာမှာ မအလဟာ DASSK ကို လုပ်ကြံအကွက်ဆင်ဖို့ စရဖကို ဖိအားပေးပါတယ်။ စရဖဟာလဲ နှစ်လနီးပါး အကုန်စစ်ပေမယ့် ဘာမှသေချာမတွေ့ခဲ့ပါ။ ဒါကိုအထက်က ဖိအားပေးရာမှာတော့ ဇတ်အကွက်ဆန်းလေးတွေနဲ့ စဖန်တီးလာပုံရပါတယ်။

ပထမက မြေကိစ္စ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ရန်ကုန်မြေငှါးတာဟာ ရန်ကုန်တိုင်းနဲ့မဆိုင်ဘဲ မြေပိုင်တဲ့ ဝန်ကြီးဌာနနဲ့သာဆိုင်ပါတယ်။ နောက် ပိုက်ဆံကိစ္စနဲ့ ရွှေကိစ္စက အင်မတန်မှကို ကလေးဆန်တယ်လို့သာ ပြောပါရစေ။ ဘာလို့လဲဆိုတော့ DASSK ဟာ အလုပ်ကိစ္စကလွဲရင် အပြင်မှာ ပါတီကဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ တွေ့လေ့မရှိပါ။ ဒါက သူမလုပ်လေ့ကို မရှိတာပါ။ နောက်ပြီး ပေးသူကကွီးဖြိုး လက်ခံသူက DASSK ဖြစ်နေတာက ဘာမှ ယုံစရာမရှိတာ တွေ့ရပါတယ်။ နောက်ဗီဒီယိုဖိုင်ဟာလဲ သံသယဖြစ်စရာများစွာရှိတာ တွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်ထုတ်ဖို့ ရုရှားပြန်များနဲ့ ပူးပေါင်းလုပ်ခဲ့ရတာပါ။ သူကတော့ ဇတ်နာအောင် အကွက်ဆင်ပေမယ့် နောက်ဆုံးမှာက ပေါကားဖြစ်သွားခဲ့ပါတယ်။

နောက်ပြီး ဝန်ကြီးချုပ်အများစုဟာ သူတို့သာ အဖမ်းခံရပေမယ့် မအလဟာ ကွီးဖြိုးရဲ့မိန်းမ ဒေါ်ခင်မိမိကြွယ်ကို မတ်လ ၉ ရက်ည သန်းခေါင်ယံ မတ်၁၀ ရက်အကူးက ဖမ်းသွားခဲ့တာပါ။ ကွီးဖြိုးမိန်းမအပြင်မှာရှိရင် ဖော်မှာစိုးလို့ပါ။ မအလဟာ ပုံမှန်စည်းကို ကျော်သွားခဲ့လို့ မအလရဲ့ မိန်းမ၊ သူ့သား၊ သူ့သမီးနဲ့ မြေးများဟာ တရားဝင်ပစ်မှတ်ဖြစ်သွားပါပြီလို့ ပြောပါရစေ။

မအလနဲ့ ဇော်မဲလုံးရဲ့သမိုင်းကို လေ့လာကြည့်ရင် သူခိုးများသာဖြစ်လို့ ယခုလိုသူတို့ပြောတာဟာ သူခိုးက လူပြန်ဟစ်သလိုသာ ဖြစ်နေပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page