top of page
Search

ယာယီသမ္မတနဲ့ ဒုသမ္မတ ဘယ်မှာလဲ?

Writer: Myat Tun OoMyat Tun Oo

ဖက်ဆစ်မအလ အာဏာသိမ်းချိန်မှာ မြင့်ဆွေကို ယာယီသမ္မတတင်တယ်လို့ သူတို့က ကြေညာပါတယ်။ ဒါဆိုရင် သူ့စကားအရ မြင့်ဆွေဟာ ယာယီသမ္မတပါ။ ထို့အတူ ဒုသမ္မတ (၂) က ဦးဟင်နရီ ဗန်ထီးယူပါ။ ယခု DASSK နဲ့ သမ္မတကို ရုံးထုတ်ချိန်အထိ သူ့ကိုဘာအမှုနဲ့ဖမ်းတယ်ဆိုတာကို မကြေညာသေးပါ။ သူက NLD CEC ထဲမှာ မပါလို့ သူ့ကို NLD CEC ကြေညာချက်နဲ့လဲ ဖမ်းလို့မရပါ။ ထို့အတူသူ့ကိုပြစ်မှုစုံစမ်းစစ်ဆေးနေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လဲ့ ကြိုဖမ်းထားလို့မရပါ။

ဒီနေရာမှာ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအရ မြင့်ဆွေက မအလအာဏာသိမ်းတဲ့ ၂၀၀၈ ခြေဥအရ ယာယီသမ္မတဖြစ်လို့ သူကသာ ဝန်ကြီးအဖွဲ့အစည်းအဝေးတွေ နိုင်ငံခြားကလာတဲ့ ဧည့်သည်တွေနဲ့ တွေ့ရမှာပါ။ ယခုကတော့ သူ့ကို အာဏာသိမ်းတဲ့နေ့ကသာ တွေ့ခဲ့ရပြီး နောက်ပိုင်းလုံးဝမတွေ့ရပါ။ သမ္မတရုံးမှာလဲ အလုပ်လာမတက်ပါ။ ဒါက သူ့လူကို သူပြန်စိတ်မချလို့ ခေါက်ထားပုံပါ။ ဒါ့ထက်အရေးကြီးတာကဒုသမ္မတ(၂) ကို ဘာမှ တရားဝင်ထုတ်ပြန်ကြေညာချင်းမရှိဘဲ ဖမ်းထားတာပါ။

ဒီနေရာမှာ မအလအလိုတော်ရိ စားဖားများက အာဏာသိမ်းရတာဟာ မဲစာရင်းကြောင့် ဘာညာဆိုပြီးဖာလေ့ရှိကြပါတယ်။ မအလဟာ မိမိဥပဒေကို မိမိမလိုက်နာသလို မိမိလူကိုတောင် သမ္မတပေးမလုပ်ရဲလောက်အောင် ကြောက်နေတာဟာ နောက်ကြောမလုံတာကို ပြနေတာပါ။

ပြည်သူတွေက တိုက်စရာရှိတာကို လုပ်နေပါပြီ။ ဒီပွဲကတော့ စကားမတည်တဲ့ မအလဂျပုရဲ့ နောက်ရွေးကောက်ပွဲကို မမျှော်နေဘဲ တိုက်ပွဲအတွက်သာ ပြင်ဆင်ကြပါလို့ ပြောပါရစေ။ သူ့စကားတောင်ရှေ့နောက်မညီသူရဲ့ ရွေးကောက်ပွဲကို မျှော်နေရင် သင်ဟာ အာဏာရူးသာ ဖြစ်မှာပါ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

1 Comment


Myint Soe Oo
Myint Soe Oo
Jun 07, 2021

ဦးမြတ်!!!ဆောင်းပါးထဲမှပါသောနောက်ကျော မလုံမှုသည် အောက်ခြေအထိ ဆိုးရွားနေကြောင်း မြို့လယ်ခေါင် လမ်းမကြီးပေါ်ရှိ ကတတ ရဲစခန်း ပုံရိပ်က သိသာလှပါသည်။

မလုံမယ် ဆိုလျှင်လည်း မလုံစရာပါ။

~သာကေတမှာ ပစ်ခတ်ခဲ့သောဖြစ်စဥ်

~လော်လီဖောက်ပြား လော်ဘီအကြီးစားကြီး အပစ်ခံရမှု။ ရက်ပိုင်းအတွင်း တဆက်တစပ်တည်း ဖြစ်ခဲ့ပါသည်။

အနုပညာဥက္ကဌကြီးလည်း လူသိရှင်ကြား စာမျက်နှာပေါ်တက်၍ နုတ်ထွက်ကြောင်း ပြသမှုသည် နောက်ကျော မလုံမှုကို ဖော်ကျုးရာ ရောက်ပါသည်။

လက်နက်ရှိပါလျက် အကြောက်တရား ရရှိခံစားနေရပြီဖြစ်ကြောင်း ထင်ရှားပါသည်။

အကြောက်တရားပေါ်လာရခြင်းမှာ စိတ်စွမ်းရည်များ ကျဆင်းလာမှုကို အခြေခံပါသည်။

ညက ကရင်ပြည်နယ်မှာ ရင်ပြင်ကျောက်တိုင်တွေကို ဖြိုဖျက်မှုကလည်း ကရင် မြန်မာ စည်းလုံးမှု ပိုမြဲစေကြောင်း လူမှုကွန်ယက်သတင်းများအရ သိရပါသည်။

မွန်ပြည်နယ်မှာ ဖြိုခွဲသော်လည်း အမြင်မှန်နေကြသောကြောင့် ပြိုလဲမသွားပါ။

လုပ်သမျှ လုပ်ရပ်မှန်သမျှ အလွဲလွဲအချော်ချော်။

အနည်းငယ်သော မိတ်ဆွေတွေကို အားကိုးပါပြီ။ မိတ်ဆွေတွေက သာတုန်းပေါင်းပြီး ညာစားတတ်သည့်သူများသာ။ အရေးအကြောင်းရှိက မိတ်ဆွေစစ်မှ အားကိုးရပါသည်။

တကယ့်မိတ်ဆွေစစ် ပြည်တွင်းအားကို အလွဲ သုံးစားခဲ့ခြင်းကြောင့် အပူမီးတောက်နေပြီ ဖြစ်ကြောင်း ထင်းရှား​ေနပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page