top of page
Search

ယုံနေသူများသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 11, 2025
  • 1 min read

ယုံနေသူများသို့

ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီက ဂျူးတွေကိုဖမ်းပြီး သတ်ပစ်တာတွေလုပ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ မအလဟာ စစ်တပ်တွင်းမှာ လူသစ်လိုနေသည့်အတွက်ကြောင့် စစ်မှုထမ်းဥပဒေရှိပေမယ့် ထိုဥပဒေအတိုင်းမလုပ်တော့ဘဲ တွေ့သမျှလူကိုဖမ်းပြီး စစ်ထဲထည့်ဖို့ စနစ်တကျလုပ်လာပါတယ်။ မြန်မာပြည်ထဲမှာ လူငယ်သန်းပေါင်းများစွာရှိခဲ့ပါတယ်။ ဒါပေမယ့် အများစုက နိုင်ငံခြားကိုထွက်ပြီးပညာသင်တာ အလုပ်လုပ်တာ ဒါမှမဟုတ်ထော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်သွားတာတွေကြောင့်မို့လို့ မအလတပ်က ဆင့်ခေါ်ရာမှာ လူကထင်သလိုမရ ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ အထက်မှာ လူသစ်ပြောင်းပြီး မောင်မောင်အေးနဲ့ ကျော်စွာလင်းတို့က စစ်မှူးထမ်းအဖွဲ့မှာထိုင်ပြီး လူဖမ်းပွဲ စနေပါပြီ။ မောင်မောင်အေးက အမြဲယခင် ကာဝန်ကိုဝေဖန်ခဲ့သူပါ။

ပုံမှန်မှာက စစ်မှုထမ်းဥပဒေအရ အရပ်ထဲက ဆင့်ခေါ်ရင် ပိုက်ဆံပေးပြီးလာဘ်ထိုးတာ လူစားသွင်းတာဆိုလို့ရှိရင် လမ်းကြောင်းရှိရင်လွတ်နိုင်ပါတယ်။ ဒါပေမယ့် မအလက အင်မတန်လူလိုနေပါတယ်။ နေရာတိုင်းကတိုက်ပွဲတွေမှာ ခံစစ်အနေအထားသာတိုက်နေရတာပါ။ ရှမ်းပြည်တောင်ပိုင်းမှာသာ အောင်ခမ်းထီတပ်ကြောင့် အနည်းငယ်ထိုးစစ်ဆင်နိုင်တာပါ။ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ‌ ပေါ်တာဆွဲသလို အတင်းဝင်ဖမ်းသလိုစနစ်နဲ့ လူသစ်‌ တွေကိုစုဆောင်းဖို့ ညွှန်ကြားထားပါတယ်။ ဒါက အောက်ခြေက ထလုပ်နေတာမဟုတ်ပါ။ ယခင်က သူပုန်တွေလုပ်တယ်ဆိုပြီး ဝါဒဖြန့်ခဲ့တဲ့အတိုင်းသူတို့ကလိုက်လုပ်နေတာပါ။ ဘာကွာလဲဆိုတော့ ဥပမာ သင်ကရန်ကုန်မှာနေပြီး ရပ်ကွက်ထဲကအုပ်ကြီးနဲ့ညှိပြီး သင့်ကလေးက စစ်မှုထမ်းတာလွတ်တယ်ဆိုပါစို့။ သင့်ကလေးကအိမ်ထဲက အိမ်ပြင်မထွက်ဘဲနေနိုင်ပါ့မလား။ အပြင်ထွက်ရင် ခရီးသွားရင် လမ်းမှာဖမ်းစစ်ပြီး တပ်ထဲကို ထည့်လိုက်မှာပါ။ သူကဘာကြည့်မလဲဆိုရင်အသက်က စစ်မှုထမ်းဥပဒေထဲမှာရှိလားဆိုတာပါ။ ဒါတောင်မှ တချို့‌ ဒေသမှာ ၁၅နှစ် မပြည့်သူတွေကိုလည်း လူခေါင်ကြီးရင်ထည့်လိုက်မှာပါ။ စစ်တပ်ထဲမှာက အသက်ကိုပြင်လို့ရပါတယ်။ အိမ်ထဲမှာနေရင် လွတ်မလားဆိုတော့ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်ဖမ်းမှာပါ။

ဒါဆိုရင်မိခင်ကြီးကိုလုပ်ကျွေးနေသူ မိန်းမနဲ့ကလေးတွေကိုလုပ်ကျွေးနေသူရော ပါမှာလားဆိုရင် ဘယ်သူ့ကိုမှ ဘာမှဂရုမစိုက်ဘဲ ဖမ်းထည့်မှာပါ။ လူလိုနေတာက မအောင့်နိုင်မအီးနိုင်ဖြစ်နေပါပြီ။

ဒါဆိုရင်အမျိုးသမီးတွေကရော လွတ်မှာလား။ အတိုချုပ်အဖြေက မလွတ်ပါ။ စစ်မှုထမ်းနိုင်တဲ့အရွယ်ရှိတဲ့ အမျိုးသမီးစာရင်းကိုကောက်ခိုင်းထားပါတယ်။ သူတို့ကလည်း သန်းကျော်ရှိပါတယ်။ မကြာခင်သုံးလေးလအတွင်းစလာပါမယ်။ ရည်ရွယ်ချက်ကဘာလဲဆိုတော့ မိမိလူမျိုးကိုမိမိဖမ်းပြီး နာဇီဂျာမနီကဲ့သို့ သေအောင်လုပ်နေတာပါ။ ဒီစုဆောင်းထားတဲ့ကလေးအသစ်တွေနဲ့ ရခိုင်မှာတန်ပြန်ထိုးစစ်ဆိုပြီး စစ်ကြောင်းတွေထိုးနေပါတယ်။ ကချင်မှာ အားဖြည့်နေပါတယ်။ တိုက်လိုက်ပြုတ်လိုက်ပါ။ တပ်ရင်းလိုက်သေပါတယ်။ တပ်ရင်းလိုက်ပြုတ်ပြုတ်ပြုံးပြီးသေပါတယ်။ ရခိုင်က AAမှာ လက်နက်‌ကောင်းတွေရှိ‌နေလို့ ကလေးတွေကလည်း ဘာစစ်ပညာမှသိပ်မတတ်တော့ သတ်ကွင်းထဲပို့လိုက်သလိုပါပဲ။ ကလေးတွေကိုဆေးကျွေးပြီးတိုက်ခိုင်းတော့ အရူးထပြီးတက်တော့ သေတာပါပဲ။ အားလုံးကဘယ်အချိန်မှာသိသာသလဲဆိုရင် ဗျူဟာမှူးအဝိုင်းခံရချိန်မှာ ရဟတ်ယာဥ်ရင်နဲ့လာ‌ ခေါ်ခိုင်းတာက မိမိလူကို လူအများကြီးနဲ့လွတ်လိုက်လို့ မသေနိုင်ဘူးထင်ထားချိန် လူရာကျော်တစ်ခါတည်းသေသွားပြီးအဝိုင်းခံရမှ ကြောက်ပြီးလာခေါ်ခိုင်းတာပါ။

ရခိုင်ဘက်မှာက ဒဏ်ရာရသူနဲ့သေသူဆိုရင် သေသူကပိုများနေပါတယ်။ ဘာလို့လဲဆိုတော့ ဆေးသုံးပြီး ကြောင်တောင်တောင်နဲ့တက်သွားလို့ပါ။ ဒါတွေက စစ်ရာဇဝတ်မှု ကျူးလွန်နေတာပါ။ ဘယ်သူတွေကကျူးလွန်သလဲဆိုလို့ရှိရင် မအလကစလို့ စစ်ကောင်စီတစ်ဖွဲ့လုံးပါ။

အချို့နိုင်ငံခြားကပြန်ပြီး မိသားစုအတွက် စစ်မှုထမ်းရမှာလား ‌လာမေးသူများ သေချင်ရင်ပြန်ပါလို့ပြေညပါရစေ။


ယခုအချိန်အထိမအလပြောတာကို ယုံနေတဲ့နွားများကတော့ ဆက်ပြီးယုံကြည်လိုက်ပါ။ နာဇီဂျာမနီနဲ့ကွာတာက သူကိုယ်တိုင်မီးလောင်တိုင်မပို့ဘဲ သင်တို့ကိုဆေးထိုက်ပြီးအသေခံတိုက်ခိုင်းတာပါ။ ဆုံးဖြတ်ချက်မှန်နိုင်ကြပါစေ။ ယုံကြည်နေရင်တော့ သေရွာကို သွားရပါမယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page