top of page
Search
  • Writer's pictureMyat Tun Oo

ယူနီကုတ်တောင်မပြောင်းနိုင်ခဲ့သူအဘ


ယူနီကုတ်တောင်မပြောင်းနိုင်ခဲ့သူအဘ

စာရေးသူက လက်ရှိအစိုးရ ဘယ်လိုကောင်းကြောင်းပြောရင် အဘတသူ၊ တပ်နွယ်၊ ခရိုနီနဲ့ ခရိုနီနွယ်များက လူတွေထင်ယောင်ထင်မှားဖြစ်အောင် လုပ်လေ့ရှိပါတယ်။ အချို့က အပေါ်မှာရေးထားတဲ့ စာမဖတ်ဘဲ လာငြင်းသူများလဲရှိပါတယ်။

ယခု ကွန်ပျူတာ ယူနီကုတ်ဟာ ပေါ်တာကြာပေမယ့် အဘတွေလက်ထက် မပြောင်းနိုင်ခဲ့ပါ။ ယခု အမလက်ထက်မှသာ ပြည်သူကိုပြောင်းဖို့ပြောပြီး စပြောင်းလာပါတယ်။ ကမ္ဘာပေါ်မှာ ယူနီကုတ်နောက်ဆုံးသုံးဖို့ကျန်တဲ့ ဘာသာစကားနဲ့ နိုင်ငံဟာ မြန်မာပြည်ဆိုတာ မယုံပေမယ့် ယုံလိုက်ရပါတယ်။ အမျိုး၊ဘာသာ ကြွေးကြော်သူတွေလက်ထက်မှာ မြန်မာစကားဟာ iphone မှာ မပါသလို Android မှာလဲ မသုံးနိုင်ခဲ့ပါ။ ဒါဟာ အဘတို့ရဲ့ အပြောတမျိုး၊ အလုပ်တမျိုးဆိုတာကို ပြသွားတာပါ။

အမလက်ထက်မှာတော့ iphone က အစ ဗမာစာဟာ ထင်ထင်ရှားရှား ဝံ့ဝံ့ကြွားကြွား ပါလာတာဟာဂုဏ်ယူစရာပါ။

ဒါကြောင့် တိုင်းပြည်တိုးတက်အောင် မိမိခေါင်းဆောင်စကားလဲ နားထောင်ရာရောက်အောင် ယူနီကုတ်ကိုသုံးကြပါလို့ ပြောချင်ပါတယ်။ အော် အဘတို့လက်ထက် တိုင်းပြည်အတွက်မလုပ်နိုင်ခဲ့တာ ယူနီကုတ်တောင် မပြောင်းသွားပါလားလို့ သိလိုက်ရတာ ရင်နာစရာပါ။

DASSK ရဲ့ လူထုကိုပြောင်းလဲအောင် စွဲဆောင်နိုင်မှုဟာ ခေါင်းဆောင်မှု (leadership) အရည်အချင်းလို့ပြောလဲရပါတယ်။

733 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

コメント


bottom of page