top of page
Search

ယုန်ကလေး ခေါ် ဖွတ်မြေခွေးကို အရေးယူနိုင်သော ပုဒ်မများ

Writer: Myat Tun OoMyat Tun Oo

ပထမဆုံးက အဆိုတော်တွေပါ။ သူတို့ကို လိမ်ပြီး သီချင်းခေါ်ဆိုခိုင်းသလို လူတွေမုန်းတဲ့နေရာမှာ သူတို့သီချင်းကို သုံးလို့ လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အခြားမူပိုင်ခွင့်ဖောက်ဖျက်မှုနဲ့ပါ။ သရုပ်ဆောင်တွေကတော့ မသိလို့လုပ်တာပါလို့ ငြင်းရခက်ပါမယ်။


ဒုတိယကတော့ ယူနီဖောင်းတွေကို သုံးမှုပါ။ ဒီ MTV ဟာ နိုင်ငံတော်က ရိုက်ခိုင်းတာမဟုတ်ပါ။ သမ္မတလုံခြုံရေးအဖွဲ့ရဲ့ ယူနီဖောင်းတွေ သုံးထားသလို တပ်ယူနီဖောင်းလဲ သုံးထားပါတယ်။ သမ္မတယူနီဖောင်းအတုကိုလုပ်လို့ ဖြိုးကိုကိုတင့်ဆန်း အမှုရင်ဆိုင်ခဲ့ရပြီး ထောင်ကျသွားပါတယ်။ နောက်ငြိမ်းချမ်းရေးစစ်ပွဲရပ်ကို ကိုမင်းကိုနိုင်က ဦးဆောင်လုပ်ပြီး ယခုသမ္မတဦးဝင်းမြင့်(အဲ့ဒီအချိန်ကလွှတ်တော်ဥက္ကဌ) တက်တာကို တပ်က သူ့ယူနီဖောင်းသုံးလို့ စာထုတ်ကန့်ကွက်ခဲ့ပါတယ်။ အဲ့ဒီယူနီဖောင်းက ယခုလောက် တပ်ယူနီဖောင်းနဲ့မဆင်ပါ။ တပ်က အရေးမယူရင် ဒါဟာ သူ့ခိုင်းလို့ ယုန်ခွေးလေးက လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။


တတိယက NLD က ဝန်ကြီးတွေ၊ အမတ်တွေကို အသေရည်ဖျက်ထားတာပါ။ ငပြူးက ပြဲပြီးပြောင်းပြန်ရိုက်ထားသလို DASSK လို NLD က ဒီပဲယင်းမှာ မကြောက်တတ်တဲ့လူကြီးတွေကို ကြောက်တတ်သယောင် သိက္ခာချထားတာပါ။ တကယ်ကြောက်တတ်တာက အဘတို့ပါ။ NLD က CEC တွေကသေမှာမကြောက်လို့ လက်နက်မကိုင်ပဲ အသက်ပေးတိုက်လာသူတွေပါ။ ဒါပေမယ့် ပုဇွန်ဦးနှောက် ယုန်ခွေးလေး မသိနိုင်ပါ။


စတုတ္ထအရေးကြီးဆုံးက ယခုအချိန်မှာ ကိုဗစ်ကြောင့် လူစုလူဝေး မလုပ်ရလို့ တားမြစ်ထားပါတယ်။ရုပ်ရှင်သမားတွေတောင် ခွင့်ပြုမိန့်မကျသေးလို့ မရိုက်ရပါ။ ရိုက်ခွင့်ရှိတာက MRTV ကမဲပေးခွင့် ပုံမှန်သီချင်းလောက်သာဖြစ်ပြီး ယခုဟာက ဇတ်ဝင်ခန်းလို လူတွေအများကြီးသုံးထားပါတယ်။ သူရိုက်တာဟာ ရုပ်ရှင်အစည်းအရုံးရော ဂီတအစည်းအရုံးကပါ ခွင့်ပြုချက်မယူထားပါ။


ဒါဟာကိုဗစ်ကာလမှာ ကိုဗစ်ဥပဒေ၊ အရေးပေါ်စီမံမှုဥပဒေတို့ကို ချိုးဖောက်တာပါ။ ဒါကြောင့်အထက်က ပုဒ်မတွေနဲ့ အရေးမယူနိုင်ခဲ့ရင်တောင် ဒီကောင့်ကို ကိုဗစ်ဥပဒေ ဒါမှမဟုတ် အရေးပေါ်စီမံမှုဥပဒေနဲ့ အရေးယူသင့်ပါတယ်လို့ ပြောပါရစေ။


အချို့ကိစ္စတွေက ကျောင်းမှန်းကန်မှန်းသိအောင် လုပ်ပြမှရပါတယ်။ လူကိုလူလိုပြောရင် နားလည်နိုင်ပေမယ့် အသိဉာဏ်မဲ့တဲ့ ယုန်တို့ ခွေးတို့ကတော့ ရိုက်လိုက်မှ ငြိမ်သွားမှာပါ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page