ယုတ်မာမှုအပေါင်း သရဖူဆောင်း
- Myat Tun Oo
- Jul 19, 2021
- 1 min read
ယုတ်မာမှုအပေါင်း သရဖူဆောင်း
ဒီလိုအချိန်မှာ မိမိလက်အောက်က ကျန်းဦးစီးက မကုနိုင်လို့ အခြားဆရာဝန်တွေက ပြည်သူ့အထောက်အပံ့နဲ့ ကုပေးရင် မိမိတပ်ကတောင် ကူညီရမှာပါ။ ယခုတပ်ထဲက ရောဂါပိုးထိသူတောင် မကုနိုင်ပါ။
ဒီလိုအချိန်မှာ အပြင်က ကုပေးတဲ့ဆရာဝန်ကို ဖမ်းတယ်ဆိုတာက အင်မတန် အောက်တန်းကျပါတယ်။
ယခု အပြင်မထွက်ရအချိန်မှာလဲ အဆိုပါဒေသတွေမှာ PDF တွေကို ရှာတာတွေ ဖမ်းတာတွေ လုပ်ဖို့ပြင်နေပါသေးတယ်။ ဒါ့ကြောင့် PDF တွေလဲ အနေအထိုင် သတိထားပါ။ အပိုင်တိုက်လို့ရရင် တိုက်ပါ။မထိတထိတော့ သွားမလုပ်ပါနဲ့။ ယခုအချိန်က Lockdown မိုလို့ ပြေးရခက်နိုင်လို့ပါ။ မိမိပတ်ဝန်းကျင်ကလူကို PDF တွေအနေနဲ့ သတိထားပါ။ သတင်းသမားတွေနဲ့ ဖုန်းပေါ်က စကားလုံးဝမပြောပါနဲ့။Zoom တို့ Microsoft team တို့လို email အခြေခံ နေရာတွေကနေသာ ပြောပါ။ PDF ဖုန်းတိုင်းကို စကစက မလိုက်နိုင်ပေမယ့် အချို့သတင်းထောက်များရဲ့ ဖုန်းနံပတ် နိုင်ငံခြားက တိုက်ရိုက်ခေါ်တဲ့ ဖုန်းနံပတ်ကနေ ပြောင်းပြန်လိုက်လို့ရပါတယ်။
News Source: BBC and `Khit Thit Media
ဦးမြတ်!! ကိုးကွယ်ရာဘာသာ မဲ့ သူများတောင်
သနားကြင်နာခြင်း ဟူသော ကရုဏာတရား ထိုသူတွေရင်ထဲမှာ ရှိထားကြပါသည်။ ကိုယ်ချင်းစာ စိတ်လည်း ထားတတ်ကြပါသည်။ခုတော့!!!
ငယ်စဥ်က ဟဲ့!!!သာသနာ ဖျက် အပြောခံရရင်
အလွန် ရှက်ကြောက်ကြပါသည်။ခုတော့ ဖျက်ရုံမက ပျောက်အောင် ဖျောက် ၊ သတ် နေကြပါပြီ။ စေတီပုထိုး ပေါ်များလို့ ကမ္ဘာမှာ Golden land: Land of Pagodas:ကျော်ကြားထင်ရှားနေသော ပြည်မှာ သည်ဖြစ်ရပ်က အရုပ်ဆိုး အကျည်းတန်စေခဲ့ပါပြီ။
---ဘာသာဝင်အမည်ခံ အဖွဲ့တွေတောင် သည်လောက် မရက်စက် မကြမ်းကြုတ်ပါ။
လူ့ အရည်အသွေး စံချိန် သုညအောက် အနုတ်လက္ခဏာဆောင်သူများနှင့် ရောပြွန်းနေထိုင်ရသော ဝန်းကျင်မှာ ချမ်းသာခြင်းသုခဆိုသည်မှာ အမှောင်ဖုံး ဆိတ်သုဥ်း ပျောက်ကွယ်သွားပါပြီ။
နွယ်အေ!!း ချာချ်!! အောက်ဆီဂျင် အလှုပေးဌာနတွေ နိုင်ငံခြား သတင်းဌာနတွေမှာ ဖော်ပြပေးနေပါသည်။
သည်လောက်ပဲ ရေးပြပါရစေ။