top of page
Search
  • Writer's pictureMyat Tun Oo

ယူကရိန်းအစိုးရထက် ကြိုးစားရသော NUG



ယူကရိန်းကိစ္စဖြစ်အပြီးမှာ အချို့က ယူကရိန်းအစိုးရက ဟိုဟာလုပ်လိုက်ပြီ ဒီဟာလုပ်လိုက်ပြီNUG က ဘာလုပ်လိုက်ပါလား ညာလုပ်လိုက်ပါလားဆိုပြီး လိုင်းပေါ်မှာတက်ပြောကြတာ တွေ့ရကြားရပါတယ်။ အများစုက အနောက်နေသူတွေပါ။ လေးစားပါတယ်။ သူတို့က ဒီမိုတွေပါ။ ဒီနေရာမှာ ယူကရိန်းနဲ့မြန်မာ တူတာနဲ့ မတူတာကို ပြောပြပါ့မယ်။

ယူကရိန်းနဲ့မြန်မာ တူတာက အင်အားကြီးသူက လက်နက်အင်အားနဲ့ ဗုံးကြဲ အမြောက်နဲ့ပစ်လို့ လူတွေသေ၊ အဆောက်အအုံတွေပျက်တာပါ။ အာဏာရှင်တွေ အာဏာရူးတာပေါ့။ လူတွေအများကြီး မိမိအိမ်ကို စွန့်ခွါထွက်ပြေးရတာလဲ တူပါတယ်။ ပြည်သူတွေခံရတာ တူတာပေါ့။ ဒီမှာ တူတာက ဆုံးပါတယ်။

မတူတာက ယူကရိန်းက နိုင်ငံအချင်းချင်းဖြစ်ပြီး မြန်မာပြည်က ကိုယ့်လူမျိုးက ပြန်သတ်တာပါ။အိမ်နှစ်အိမ် ရန်ဖြစ်တာက ရပ်ကွက်လူကြီး ဝင်ရတာလွယ်ပြီး တစ်အိမ်ထဲမှာဖြစ်တာက အဝင်ခက်တတ်ပါတယ်။ ဒီနေရာမှာ ရုရှားစစ်တပ်ဟာ မအလတပ်လာက်မဆိုးပါ။ မလုပါ။ မုဒိမ်းမကျင့်ပါ။ မခိုးပါ။ လူနေအိမ်ထိတာရှိပါတယ်။ နောက်ပူတင်က မအလလို အာဏာသိမ်းတက်လာတာမဟုတ်ပါ။ သူ့လက်ထက် ရုရှားအင်အားကြီးလာလို့ အနောက်ကမကြိုက်တာလဲ ပါပါတယ်။

ယူကရိန်းအစိုးရအောက်မှာ ဖွဲ့ပြီးသားစစ်တပ်၊ အုပ်ချုပ်ရေးနဲ့ သံရုံးတွေကို ပိုင်ပါတယ်။ NUG ကယခုမှဖွဲ့တဲ့ PDF နဲ့ ပြည်သူ့အားကိုးပြီး လုပ်နေရတာပါ။ ယူကရိန်းဟာ နိုင်ငံချင်းဖြစ်တဲ့ကိစ္စမိုလို့အကူအညီတောင်းရလွယ်သလို ပေးရလွယ်ပါတယ်။ ဒါတောင် နေတိုးက လေယာဉ်မပျံရနယ်မြေသတ်မှတ်ပေးဖို့ ယူကရိန်းသမ္မတရဲ့ တောင်းဆိုမှုကို နေတိုးကပယ်ချခဲ့ပါတယ်။ ယူကရိန်းစစ်တပ်ယခုသုံးနေတဲ့ လေယာဉ်ပစ်လက်နက် တင့်ကားပစ်လက်နက်တွေက ယူကရိန်းအကျူးကျော်မခံရချိန်က ပေးထားတာဖြစ်ပြီး ရုရှားကဝင်မှ လက်နက်အသစ်တွေကို အမေရိကန်နဲ့ အင်္ဂလိပ်က မပေးနိုင်သေးပါ။ ကိုယ်ပိုင်လက်နက်စက်ရုံရှိတဲ့ ယူကရိန်းက အရပ်သား တစ်သောင်းရှစ်ထောင်ကိုသာ လက်နက်တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။

ယခုအမေရိကန်နဲ့ အင်္ဂလိပ်လုပ်နေတာက ရုရှားကို စီးပွါးရေးပိတ်တာ၊ ရုရှားရေနံပိုက်လိုင်းသစ်North Stream 2 ကို ပိတ်လိုက်တာ၊ ရုရှားသူဌေးတွေရဲ့ ဥရောပမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းတာတွေပါ။ ချယ်လဆီးဘောလုံးအသင်းပိုင်ရှင်တောင် သူ့အသင်းကို ထုတ်ရောင်းနေရပါပြီ။ ဒါပေမယ့် ရုရှားက သဘာဝဓာတ်ငွေ့ ယခင်ကဝယ်ထားတာကိုတော့ အနောက်အုပ်စုက မရပ်လိုက်နိုင်သေးပါ။ ယူကရိန်းသမ္မတ ဥရောပပါလီမန်မှာ မိန့်ခွန်းပြောရင်တော့ လက်ခုပ်တီးအားပေးတာ ရှိပါတယ်။

NUG မှာ PDF သာရှိပါတယ်။ ပြည်သူတွေပေါ့။ အနောက်က မအလနဲ့ ခရိုနီအများစုရဲ့ပိုင်ဆိုင်မှုကိုတော့ ထိန်းချုပ်လိုက်ပါပြီ။ အသစ်စီးပွါးရေးလဲ မလာတော့ပါ။ ရေနံကုမ္ဘဏီတွေလဲ ပြန်ပိတ်နေပါပြီ။ ဒါပေမယ့် ထိုင်းကသဘာဝဓာတ်ငွေ့ဝယ်နေတာကိုတော့ မရပ်သေးပါ။ NUG နဲ့ ပြည်သူတွေကယူကရိန်းအစိုးရတောင်းသလို ပိတ်ဆို့မှုတွေကို လုပ်နိုင်တာ တွေ့ရပါတယ်။

လက်နက်ကိစ္စမှာတော့ ယူကရိန်းကို ပေးခဲ့တာက သူ့နိုင်ငံကို ရုရှားမကျူးကျော်ချိန်ကပါ။ ယခုအချိန်မှာ နယ်စပ်ကသာ ပို့ပေးရမှာမိုလို့ ကူညီချင်ရင်တောင် ရုရှားလေတပ်နဲ့ တွေ့နိုင်ပါတယ်။စာရေးသူတို့ကိုတော့ မပေးသေးပါ။ ယူကရိန်းသမ္မတကိုကြိုသလို ပြင်သစ်ပါလီမန်က ဆရာဇော်ဝေစိုးကို ကြိုခဲ့ပါတယ်။

ဒါဆိုရင် NUG က လက်နက်ရအောင် ဘာလုပ်နေလဲ။ အမေရိကန်ရဲ့ မူဝါဒကို ပြောင်းအောင်ကြိုးစားနေပါတယ်။ ဒါမှ လက်နက်က လွယ်မှာပါ။ ဒါပေမယ့် NUG မှာ လက်တွေ့ကျတဲ့ နိုင်ဖဲရှိပါတယ်။ မအလတပ်အစည်းအဝေးမှာ အမြဲကြောက်လေ့ရှိတဲ့ တရုတ်ကို စစ်ပွဲထဲပါလာအောင် စွဲခေါ်နည်းပါ။ တရုတ်အကျိုးစီးပွါးကို မအလစိုးရိမ်သလို တိုက်နိုင်ခဲ့ရင် တရုတ်က NUG နဲ့ လာညှိပြီး လက်နက်ထောက်ပံ့နိုင်သလို သူကမအလကို မြှောက်ပေးတာ သူကိုယ်တိုင်ကျူးကျော်လာရင်လဲ အမေရိကန်က ဒီမိုတွေကို လက်နက်ထောက်ပံ့လာရမှာပါ။ အချို့မျိုးချစ်စစ်ကျွန်များကလဲတရုတ်ကျွန်ဖြစ်မှာ အင်မတန်ကြောက်ကြပါတယ်။ စာရေးသူကတော့ မအလစစ်ကျွန်ဘဝကလွတ်ဖို့ ဘာနည်းမဆိုသုံးရမယ်လို့ထင်ပါတယ်။ တရုတ်ကျွန်က မအလစစ်ကျွန်ထက် ထမင်းဝမှာသေချာပါတယ်။ အချို့က ပြည်ထောင်စုကြီးပြိုကွဲမယ်ဘာညာဆိုပြီး စိတ်ပူပါတယ်။ ရခိုင်ဖြစ်ဖြစ်၊ ကချင်ဖြစ်ဖြစ် ဘယ်သူမဆို မအလလက်အောက်ကလွတ်လွတ် မုဒိတာ ပွါးလိုက်ပါ။

အကျဉ်းချုပ်ရရင် ယူကရိန်းအစိုးရထက် NUG က အဆပေါင်းများစွာ ကြိုးစားရပါတယ်။ ယခုဆိုရင် စီးပွါးရေးပိတ်ဆို့တာက ယူကရိန်းကိစ္စနဲ့ ရုရှားလုပ်သလို မြန်မာကိုလဲ လုပ်ထားပါတယ်။အနောက်အုပ်စုထံက လက်နက်မရသေးပေမယ့် မြန်မာတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဗုံးလုပ်တတ်၊ လက်နက်လုပ်တတ်၊ မောင်းသူမဲ့လေယဉ်ပေါ်က ဗုံးချတတ်နေပါပြီ။ သူတို့တွေ သုံညကနေစခဲ့တာပါ။ ယခင်က မအလတပ်သေတာ မဟုတ်ပါဘူးလို့ ဘောငုံငြင်းသူတွေဟာ ဘုန်းကြီးတွေသင်္ဃန်းဝတ်နဲ့ သေနတ်ကိုင်ပြီး ပျူလုပ်တာကို မြင်ရချိန်မှာ အခြေအနေမှန်ကို သိလာနေပါပြီ။NUG ရဲ့ တော်လှန်ရေးမိသားစု PRF နဲ့ ငွေတိုက်စာချုပ်ကလဲ အားကောင်းလာနေပြီး ရှေ့လတွေမှာဝင်ငွေတိုး၊ လက်နက်တိုးလာမှာပါ။ စာရေးသူတို့ ဒီပွင့်လင်းရာသီ မေလအကုန်အထိ တောင့်ခံနိုင်ရင် နောက်ပိုင်းက အဆင်ပြေသွားမှာပါ။ ယူကရိန်းက ရုရှားကို နိုင်မနိုင်က မသေချာပေမယ့်စာရေးသူတို့ မအလကိုနိုင်မှာက အသေအချာပါလို့ ပြောပါရစေ။ ဒီမိုတွေအနေနဲ့ အနောက်မမျှော်ဘဲ ပြည်သူ့အားကိုသာယူပြီး မြန်မာပီပီ စစ်တိုက်နိုင်ရင် နိုင်မှာပါ။ တူမီးသေနတ်နဲ့ ဂျနီဗာကွန်ဖန်းရှင်းအတိုင်း တိုက်နေ အနောက်မျှော်ရင် ကြာနေပါမယ်။ နိုင်ငံခြားရောက်မြန်မာတွေထံက ပိုက်ဆံကောက်ပါ။ အနောက်တော့ မမျှော်ပါနဲ့။ နေတိုးဆိုတာ အင်္ဂလိပ်လို NATO (No Action Talk Only) ပါ။ နေတိုးက လေပါဘဲ။ ပြည်သူသာ အဓိကပါ။

News Reference: BBC, Reuters, the Guardian

371 views3 comments
bottom of page