top of page
Search

ယူကရိန်းမှ စစ်ဖက်ဆိုင် အတုယူစရာအချို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 8, 2022
  • 1 min read

စစ်တိုက်တယ်ဆိုတာ ဘုန်းကြီးဝတ်နေတာ မဟုတ်ပါဘူး။ ယူကရိန်းက အမေရိကန်ထောက်ပံ့ထားလို့သူလုပ်တာဟာ အမေရိကန်စံလို လိုက်နာမယ်လို့ထင်ရမှာပါ။ ဒါပေမယ့် ယူကရိန်းက အမေရိကန်စစ်တပ်လို လက်နက်မရှိတာသိပါတယ်။

ယူကရိန်းက သူ့ထံက ရုရှားသိမ်းထားတဲ့ ကရိုင်းမီးယားက ရုရှားလေတပ် အခြေစိုက်စခန်းကို ဗုံးခွဲလိုက်တာပါ။ သူ့မှာ ဒုံးပျံတွေမရှိလို့ ရှိတာနဲ့ တိုက်လိုက်တာပါ။ အဆိုပါတိုက်ချိန်မှာ အဆိုပါတပ်စခန်းထဲက အရပ်သားတွေ အနီးအနားကလူတွေ မရည်ရွယ်ဘဲ သေခဲ့ပါတယ်။ အကြမ်းဖက်မှုပေါ့။ မြန်မာပြည်မှာက စစ်တပ်ဟာ အရပ်ဖက်မင်္ဂလာဒုံလေဆိပ်ကိုလဲ သုံးနေပါတယ်။ ကယားမှာလဲ ထို့အတူပါဘဲ။ ယူကရိန်းက အတည်မပြုသလို မငြင်းပါ။ စစ်ဆိုတော့ နိုင်သလိုလုပ်ရတာပါ။ ဒါက NUG နဲ့ ဒီမိုအဖွဲ့တွေ လေ့လာဖို့ပါ။

နောက်ယူကရိန်းက ရုရှားသမ္မတပူတင်ကို မြှောက်ပေးလေ့ရှိတဲ့ အမျိုးသားရေးခေါင်းဆောင်ကိုလုပ်ကြံတာပါ။ စာရေးသူတို့တိုင်းပြည်မှာဆို ခင်ရီ၊ ဘူးလက်နဲ့ မောင်မြင့်လိုလူမျိုးပေါ့။ ဒါက စာဖတ်သူတွေ မြင်သာအောင် ဥပမာအနေနဲ့ ရေးပြတာပါ။ သူ့ကိုမထိပေမယ့် အဆိုပါလူရဲ့သမီးတော့ သေသွားခဲ့ပါတယ်။ အကြမ်းဖက်မှုပေါ့။ ယူကရိန်းက အတည်မပြုသလို မငြင်းပါဘူး။ အမေရိကန်က ယခုအချိန်မှာ ယူကရိန်းလုပ်တာလို့ သုံးသပ်ပါတယ်။

ဒီနေ့လဲ ယူကရိန်းဟာ ရုရှားနဲ့ ကရိုင်းမီးယားကိုဆက်သွယ်ထားတဲ့ တံတားကြီးကို ဗုံးဖောက်ဖျက်လိုက်ပါတယ်။ သူက အတည်ပြုမှာ ငြင်းမှမဟုတ်ပါ။ ဒီတံတားဟာ စာရေးသူတို့ရဲ့ သံလျင်တံတား၊ချောင်းဆုံတံတား၊ အင်းဝတံတား၊ ရတနာပုံတံတားလို အရာမျိုးပါ။ တကယ်စဉ်းစားရင် အဆိုပါတံတားကိုဖျက်ရင် ကရိုင်းမီးယားကပြည်သူတွေခက်နိုင်တယ် ဘာညာဆိုပြီး တွေးလို့ရပါတယ်။ ဒါပေမယ့် သူမပစ်လဲ ရုရှားက သူ့တံတားတွေကို ဖျက်နေတာပါဘဲ။ စာရေးသူတို့ စစ်ကိုင်းမှာ လမ်းတွေကို မအလတပ်က ဖျက်သလိုပေါ့။ ဒါကြောင့် ယူကရိန်းကလဲ ရုရှားတံတားကို ပြန်ဖျက်တာပါ။ ဒီနေရာမှာယူကရိန်းမှာ ဒုံးပျံမရှိလို့ ဉာဏ်သုံးပြီး ဖောက်ခွဲရေးကို သုံးရတာပါ။ ယူကရိန်းက ငြင်းမှာပါ။

ဒါဟာ အမေရိကန်တပည့်စစ်စစ် ယူကရိန်းရဲ့ စစ်ပွဲနိုင်ဖို့ လက်တွေ့ကျကျလက်ဆောင်မှုပါ။ စာရေးသူတို့ NUG နဲ့ ဒီမိုတပ်တွေလဲ လေ့လာနိုင်အောင် တင်ပြလိုက်တာပါ။ ယမ်းအားကောင်းဖို့တော့ ပြည်သူကထောက်ပံ့ရမှာပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page