top of page
Search
  • Writer's pictureMyat Tun Oo

ယူကရိန်းနဲ့ လောက်ကိုင်က NUG ကို ဘာပြောသလဲ?


ယခုရက်ပိုင်းအတွင်း NUG နိိုင်ငံခြားရေးရုံးက တရုတ်နဲ့ပတ်သက်တဲ့ သဘောထားကို ထုတ်ပြန်တာတွေ့ရပါတယ်။ ယခုလို NUG အစိုးရက တရားဝင်ထုတ်ပြန်တာက ပိုကောင်းပါတယ်။ ဘာကြောင့် ဒီစာလိုသလဲ? သူကနေ ဘာတွေကို ဖြစ်စေနိုင်သလဲ?

ဒီနေရာမှာ စာရေးသူတို့ဒီမိုဘက်မှာက အမေရိကန်က ပညာတော်သင်ရထားသူများသလို သတင်းဌာနတွေကလဲ အနောက်နိုင်ငံမှာရှိနေပါတယ်။ သူတို့က ထောက်ပံ့တာပါ။ စာရေးသူတို့ကလဲ ဒီမိုလိုချင်လို့ စံအားဖြင့် အနောက်နဲ့တူနေပါတယ်။ ဒါပေမယ့် စာရေးသူတို့နေတာက တရုတ်ဘေးမှာပါ။ ဒါကြောင့် NUG မူဝါဒဟာ ဘာကြောင့်အရေးကြီးသလဲဆိုတာကို ယူကရိန်းကနေ စလေ့လာရအောင်။

အင်အားကြီးနိုင်ငံတွေက သူတို့အကျိုးစီးပွါးကိုကြည့်ပါတယ်။ အမေရိကန်ကစလို့ ရုရှား၊ တရုတ်အဆုံးပါ။ ဒါကြောင့် တရုတ်က အမေရိကန်ထက် မြန်မာကို ပိုကောင်းတာမရှိသလို အမေရိကန်ကလဲ တရုတ်ထက် ပိုမကောင်းပါ။

ဥပမာ ဇင်ဘာဘွေနဲ့ ဗင်နီဇွဲလားကိုကြည့်ပါ။ ဇင်ဘာဘွေမှာ မူဂါဘီက အစပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလို လွတ်လပ်ရေးဖခင်ကြီးပါ။ သူက သူ့တိုင်းပြည်က အင်္ဂလိပ်ပိုင်မြေတွေကို လွတ်လပ်ရေးယူစဉ်က စာချုပ်ကိုဖောက်ပြီးသွားသိမ်းလို့ အင်္ဂလိပ်က စီးပွါးရေးပိတ်လို့ သူ့နိုင်ငံက အာဖရိက စင်ကာပူအဆင့်ကနေ ဆင်းရဲသွားပြီး သူလဲအာဏာရှင်ဖြစ်သွားခဲ့ပါတယ်။ ဗင်နီဇွဲလားက ဟူကိုးချားဗစ် Hugo Chavez က ရွေးကောက်ပွဲကနေ အနိုင်ရပြီးတက်လာတာပါ။ သူက အမေရိကန်ဆန့်ကျင်ရေးသိပ်လုပ်လို့ အမေရိကန်က စမကပုဒ်မနဲ့ စီးပွါးရေးပိတ်ဆို့ရာက သူ့တိုင်းပြည်က ရေနံထွက်ပေမယ့် မွဲသွားခဲ့ပါတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေနဲ့ ရန်ဖြစ်တိုင်းမကောင်းပါ။

ယူကရိန်းဟာ စာရေးသူတို့ တတိယအင်အားစုများက NUG ကို ယူကရိန်းလို ဘယ်လိုအတုယူရမယ် ဘာညာဆိုပြီး ဝိုင်းပြော အားကျခဲ့တဲ့နိုင်ငံပါ။ သူ့မှာ ဒီမိုအစိုးရအုပ်ချုပ်ပါတယ်။ သူ့ပြည်သူအချို့က ဥရောပသမဂ္ဂဝင်လိုပါတယ်။ ထိုအချိန်က အစိုးရက အင်တင်တင်ဖြစ်ချိန်မှာ ပါလီမန်ကို အမေရိကန်လွှတ်တော် ထရမ့်လက်ထက်ဝိုင်းသလို ယူကရိန်းမှာသွားဝိုင်းပြီး ဖြုတ်ချခဲ့ပါတယ်။ နောက်ပိုင်း ထိုနည်းနဲ့ သူ့လိုလားသူကိုတင်အပြီးမှာ ရုရှားနဲ့ ပြဿနာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ပါတယ်။ ယူကရိန်းက ဒုတိယအကြိမ်မှာ ကျူးကျော်စစ်ကို ခံတိုက်ရာမှာ အမေရိကန်ကကူပေမယ့် ယခုအမေရိကန်လွှတ်တော်က အကူအညီကို ပေးမလို မပေးမလိုလုပ်နေလို့ ယူကရိန်းမှာ အခက်တွေ့နေပါတယ်။ ယူကရိန်းက နိုင်မနိုင် မသိပေမယ့် ယူကရိန်းပြည်သူကတော့ လောလောဆယ်စစ်ပွဲနေရာမှာပါ။ ဒါဆိုအမေရိကန်က ပြည်ပကျူးကျော်တာကို အားမပေးဘူးလား? အစ္စရေးနဲ့ ပါလက်စတိုင်းကိစ္စမှာ အမေရိကန်က အစ္စရေးဘက်ကပါ။ ဒါကြောင့် သူက မူပေါ်မှာမဟုတ်ဘဲ သူ့ကိုယ်ကျိုးစီးပွါးအပေါ်မူတည်နေပါတယ်။ ကုလမှာ စာရေးသူတို့အရေးကို ယခင်ကတရုတ်နဲ့ ရုရှားက ဗီတိုသုံးခဲ့သလို အမေရိကန်ကလဲ အစ္စရေးကိစ္စမှာ ဗီတိုသုံးပါတယ်။ ဒါကြောင့် သူတို့ရဲ့အကျိုးစီးပွါးတွေအရ ထိုဗီတိုအာဏာကို ပြင်ရန်မရှိပါ။

မြန်မာပြည်ထဲက ဒီမိုတွေရော၊ အဘသားတွေရော၊ တတိယအင်အားစု(တရုတ်အထောက်အပံ့မရ)တရုတ်ကို မုန်းပါတယ်။ ဒါပေမယ့် စာရေးသူတို့ အိမ်ကိုရွှေ့သွားလို့မရပါ။ တချိန်ထဲမှာ အနောက်က DASSK အစားတက်မည့်သူကို လိုလားပါတယ်။ အနောက်က သူတို့တင်လိုသူကို နာမည်ကြီးအောင် စင်တင်ပေးပေမယ့် သူတို့မီဒီယာမှာသာ နာမည်ကြီးပြီး ပြည်တွင်းမှာ မပေါက်ခဲ့ပါ။ ဒီနေရာမှာ NUG ရဲ့ ဦးဆောင်မှုက လိုလာပါတယ်။ leadership ဆိုတာက အချို့လူမကြိုက်လဲ တိုင်းပြည်အတွက် မှန်မယ်ထင်တာကို လုပ်ရတာပါ။ ဒီနေရာမှာ NUG ရဲ့ တရုတ်မူဝါဒက အချိန်ကိုက်ထွက်လာခဲ့ပါတယ်။ စာရေးသူတို့ ထင်ထားတာတွေကိုရေးပေမယ့် နုတ်တစ်ရာ စာတစ်လုံးဆိုသလို စာနဲ့ရေးပြလို့ တရုတ်ကို ပိုထင်သာမြင်သာ ရှိစေပါတယ်။ ဒီနေရာမှာ တရုတ်ဟာ အိန္ဒိယလိုမဟုတ်ဘဲ မအလနိုင်ငံခြားရေးဝန်ကြီးလာလာ ဘယ်သူနဲ့တွေ့တွေ့ DASSK နဲ့တွေ့တာ DASSK နဲ့တွေ့ပြီး နိုင်ငံရေးအရ အဖြေရှာဖို့ပြောတာတွေကို လုပ်နေခဲ့ပါတယ်။ မအလက အင်မတန်ဒေါသထွက်ပါတယ်။ သူက အမေရိကန်လို စိုးရိမ်ကြောင်း ခဏခဏထုတ်မပြောပေမယ့် အာရှထုံးစံအရ နောက်ကွယ်ကနေ မအလကို DASSK နဲ့တွေ့ဖို့ သူ့သံကိုပေးတွေ့ဖို့ ပြောလေ့ရှိပါတယ်။ အခြားတိုင်းပြည်များကို ပြည်တွင်းရေးဝင်မစွက်ဖို့ပြောတဲ့တိုင်းပြည်က ဘာကြောင့်ပြောသလဲဆိုတော့ မြန်မာပြည်ကြီး ဒီလိုဇတ်မျောသွားရင် သူ့တိုင်းပြည်လဲထိ သူ့အကျိုးစီးပွါးလဲ ထိနိုင်လို့ပါ။ စာရေးသူတို့ကို သိပ်ချစ်လို့မဟုတ်ပေမယ့် သူ့ကိုလာထိနိုင်လို့ပါ။ ဒီနေရာမှာ တရုတ်ကစာရေးသူတို့တိုင်းပြည်ကို ဒီမိုလုံးလုံးဖြစ်တာ မလိုလားပေမယ့် ၂၀၀၈ လေးနဲ့ စစ်တပ်နဲ့ အရပ်သားပေါင်းအုပ်ချုပ်စေချင်တာပါ။ မအလကလဲ ဒီလောက်တောင်မလုပ်ဘဲ သူသာ သမ္မတရူး ရူးနေလို့ အဆင်မပြေတာပါ။ အနောက်ကတော့ မြန်မာပြည်ကို စေတနာထားနိုင်ပေမယ့် မြန်မာပြည်ဘာဖြစ်ဖြစ် သူတို့နဲ့ အဝေးကြီးပါ။ ဒုက္ခသည်တွေ သူတို့ထံလာမယ်ဆိုရင်သာ သူတို့က ခေါင်းထောင်ကြည့်မှာပါ။

ဒေါ်ဇင်မာအောင်ဟာ RFA မြန်မာပိုင်းက မေးခွန်းတွေကိုလဲ လိမ္မာပါးနပ်စွာဖြေသွားနိုင်ခဲ့လို့ ဘောမကျော်မျိုးမင်းကတောင် သူမတော်ကြောင်း အသိအမှတ်ပြုရသလို တရုတ်ကို NUG ကလဲ အထာပေးနေပြီဖြစ်ကြောင်း အရေးကြီးကြောင်း သူ့အဘကို သတိပေးနေပါပြီ။

NUG စာက NUG ဟာ တရုတ်ဆန့်ကျင်ရေးမဟုတ်ကြောင်း တရုတ်အကျိုးစီးပွါးကို လက်တွေ့ကျကျ ကာကွယ်ပေးနိုင်သူဖြစ်ကြောင်း ချပြလိုက်တာပါ။ တော်လှန်ရေးဟာ တစ်ရက်စောပြီးရင် ပြည်သူအားလုံးအတွက် တစ်ရက်စောအကျိုးရှိပါတယ်။ အမေရိကန်က စာရေးသူတို့ကို လက်နက်ပေးပြီးမကယ်သလို စာရေးသူတို့ပျုက်ဆံသိမ်းထားတာကိုတောင် ပြန်မပေးသေးပါ။ ထို့အတူ ရုရှားကလဲ မအလကို ဆီးရီးယားမှာလို လာမကူပါ။ ရုရှားကလဲ တရုတ်မျက်နှာကြည့်နေရပါတယ်။ အကျဉ်းချုပ်ရရင် NUG ရဲ့ တရုတ်သဘောထား မူဝါဒစာဟာ အင်မတန်လိုအပ်ချိန် ပေါ်လာတာပါ။ ဒါက စာရေးသူတို့ တော်လှန်ရေးကို မြန်မြန်ပြီးအောင် ကူညီမယ်ဆိုတာ သေချာပါတယ်လို့သာ ပြောပါရစေ။

1,041 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

Comments


bottom of page