top of page
Search

ယူကရိန်းကပြောသော PRF ထောက်ပို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 7, 2024
  • 2 min read

ယူကရိန်းက ရုရှားကိုတိုက်ချိန်မှာ တတိယအင်အားစုတွေ အော်တာက ယူကရိန်းသမ္မတက ဘယ်လိုတော်တာ ခေါင်းဆောင်မှု ဘယ်လိုကောင်းတာ NUG ကို ဟိုဟာလုပ်လိုက်ပါလား ဒီဟာလုပ်လိုက်ပါလားဆိုတာပါ။ ယူကရိန်း-ရုရှားစစ်ဟာ ကျူးကျော်စစ်ပါ။ ဒါကြောင့် စစ်သဘောအရမတူပါဘူး။ ယူကရိန်းကို အမေရိကန်နဲ့ အနောက်အုပ်စုက အစပိုင်းမှာ ပေါ်တင်ထောက်ပံ့ပါတယ်။ မျိုးထိုက်တန်သိန်းတို့ မပြောသွားတာက ယူကရိန်းလူမျိုးတွေဟာ ဥရောပမှာ ဒုက္ခသည်အဖြစ် နေခွင့်ရကြပါတယ်။ အနောက်အုပ်စုက မြန်မာက တိုင်းရင်းသားကိုမပြောနဲ့ သူတို့ထောက်ခံတဲ့ ရိုဟင်ဂျာကိုတောင် ယူကရိန်းလို လက်မခံပါ။ ယူကရိန်း ဒုက္ခသည်ကို ဥရောပကအိမ်မှာ လက်ခံရင် လက်ခံတဲ့အိမ်ကို အစိုးရက ပိုက်ဆံပေးပြီး ထောက်ပံ့ပါတာ။ ဆီးရီးယားဒုက္ခသည်တွေကို မောင်းထုတ်ခဲ့တဲ့ အရှေ့ဥရောပ နိုင်ငံအချို့က ယူကရိန်းကို လက်ခံခဲ့ပါတယ်။ ဂျာမနီကတော့ ဥရောပမှာ ဆီးရီးယားက ဒုက္ခသည်တွေကို လက်ခံဖူးပါတယ်။

ဒီနေရာမှာ ယူကရိန်းဟာ NUG လို လက်နက်ဝယ်ရမခက်ပါ။ အမေရိကန်နဲ့ အင်္ဂလိပ်က ပေါ်တင် ထောက်ပံ့ပါတယ်။ ဒါဆိုရင် ယူကရိန်းမှာလက်နက်က အဆင်ပြေနေပြီလား? နေတိုးကထောက်ပံ့နေလို့ ယူကရိန်းက လိုတာရနေလား? တတိယအုပ်စု မြှောက်ပင့်ပြောခဲ့တဲ့ ယူကရိန်းဟာ ယခုအချိန်မှာ လက်နက်တွေကုန်နေလို့ သမ္မတ ဇဲလင်စကီးနဲ့ သူ့တပ်ချုပ်ရန်ဖြစ်နေပါပြီ။ ယူကရိန်းက ဂျာမနီထံက သူ့ဒေသနဲ့သင့်တော်တဲ့ Leopard တင့်ကားတောင်းချိန်မှာ ဂျာမနီက မပေးလိုတော့ အမေရိကန်က Abram တင့်ကားပေးရင် သူပေးမယ်ဆိုပြီး မပေးနိုင်တာနဲ့ စျေးဆစ်ခဲ့ပါတယ်။ အမေရိကန်က Abram တင့်ကား ၃၁ စီးပေးမယ်ဆိုမှ ဂျာမနီက ပေးခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါတင့်ကားတွေဟာ စစ်မြေပြင်မှာ အပြောင်းအလဲ မဖြစ်ခဲ့တာကို Zaporizhzhia ထိုးစစ်က ပြနေခဲ့ပါတယ်။ အမေရိကန်နဲ့ နေတိုးနိုင်ငံတွေက ပေးမယ်လို့ပြောထားတဲ့ အခြားအရာတွေကလဲ မရောက်လာသေးပါ။ နောက်တင့်ကားပြီးရင် ထိုတင့်ကားမှာသုံးတဲ့ ကျည်ဆန်လိုနေပါတယ်။ ဒါက လေယာဉ်တွေ၊ သင်္ဘောတွေရှိတဲ့ နိုင်ငံအချင်းချင်း လက်နက်ထောက်ပံ့တာက မရောက်နိုင်တာပါ။ စာရေးသူတို့ NUG က လက်နက်ပွဲစားတွေကတဆင့် ယခင်ကဝယ်ခဲ့ရသလို မှောင်ခိုစျေးကွက်မိုလို့ လိမ်သူများရှိပါတယ်။ ဒါဆိုရင် တတိယအင်အားစုက အလိမ်မခံရဘူးလားဆိုတော့ တီကောင်လဲ အလိမ်ခံရသလို အချို့ —DF တွေလဲ အလိမ်ခံရပါတယ်။ ဒါပေမယ့် NUG ရဲ့ ထောက်ပံ့မှုအများစုက အလုပ်ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ တတိယအင်အားစုနဲ့ ဘောမများ အားကျခဲ့တဲ့ ယူကရိန်းမှာ ပြဿနာအချို့ရှိပါတယ်။ သူ့ကိုထောက်ခံခဲ့တဲ့ အမေရိကန်မှာ သမ္မတရွေးကောက်ပွဲရှိလို့ ထရမ့်နိုင်ခဲ့ရင် သူ့ကိုရုရှားနဲ့ ဆွေးနွေးဖို့ ဖိအားပေးလာနိုင်ပြီး လက်နက်ထောက်ပံ့တာကို ဖိအားအနေနဲ့ သုံးလာနိုင်ပါတယ်။ ထို့အတူ ယူကေမှာလဲ ရွေးကောက်ပွဲရှိလို့ လက်ဝဲပါတီနိုင်ရင် သူတို့က စစ်မကြိုက်လို့ ဘာဖြစ်မလဲ မသေချာပါ။ ဥရောပမှာလဲ ရွေးကောက်ပွဲတွေလာမှာပါ။

ဒါဆို NUG နဲ့ ဘာကွာလဲ? NUG က အမေရိကန်၊ ယူကေ၊ တရုတ်ကို ဂရုစိုက်စရာမလိုပါ။ NUG ကို အဓိကထောက်ပံ့တာက ပြည်သူတွေပါ။ အချိန်မှန် PDF ကို လစဉ်ထောက်ပံ့တာက PRF ထောက်ပို့တပ်သားတွေပါ။ စစ်ဆိုတာ တိုက်ခါနီးမှ ပိုက်ဆံစစုလို့မရပါ။ တပ်တွေကို ကျွေး၊ လက်နက်တပ်ဆင်ရတာတွေ အများကြီး ရှိပါတယ်။ လက်နက်ရှိရင်လဲညကျည်ဆန်ကုန်ပါတယ်။ တပ်မှာထောက်ပို့က နေတိုးက တိုက်ရိုက်ထောက်ပံ့တဲ့ ယူကရိန်းစစ်မြေပြင်မှာတောင် လိုအပ်ချက်ကအများကြီးပါ။ ကဗျာဆရာက စခဲ့တဲ့ ထောက်ပို့က ဒီလောက်လုပ်နိုင်တာ မျှော်လင့်တာထက် တော်ပါတယ်။ ဒါကလဲ ပြည်သူတွေကြောင့်ပါ။ ဒါပေမယ့် PRF ကောင်းတာက ပုံမှန်ဝင်ငွေမိုလို့ စစ်ရေးစီမံကိန်းသမားတွေ စီမံချက်ချရတာ လွယ်စေပါတယ်။ နောက် PRF က အုပ်စုအဖွဲ့လေးတွေကနေ ငွေလက်ခံတာမိုလို့ စရဖထောက်လှမ်းရေးတွေ၊ တတိယအင်အားစုနဲ့ ဘောမများရဲ့ တိုက်ခိုက်မှုကနေ ရှောင်နိုင်ပါတယ်။ ယခု PRF က မိမိလှူလိုတဲ့ဒေသကို တိုက်ရိုက်လှူလို့ရလို့ ပိုအဆင်ပြေစေပါတယ်။ နောက်လက်နက်တွေက ငွေရှိရင် ဝယ်ဖို့ပိုလွယ်လာနိုင်ပါတယ်။

စာရေးသူကို မေးသူများကို အမေ့ခံစစ်ကိုင်း၊ မကွေးက NUG အောက်က PDF တွေကို PRF က​နေ လှူခိုင်းလေ့ရှိပါတယ်။ NUG အနေနဲ့လဲ မိမိလက်အောက်ခံ PDF တွေကို ပိုဦးစားပေးပြီး ထောက်ပံ့ပေးပါ။ မိမိအမိန့်မနာခံတဲ့ ဒေသတွေနဲ့ အချိန်ကုန်မခံပါနဲ့။ အလှူခံချိန်မှာ NUG အောက်လိုလိုနဲ့ လိမ်အလှူခံပြီး နောက်ပိုင်းမှာ NUG အောက် တိုက်ရိုက်အမိန့်မနာခံတဲ့ အဖွဲ့များကို မလှူမိပါစေနဲ့။

ဒီအချိန်ဟာ တော်လှန်ရေးအတွက် အင်မတန်အရေးကြီးပါတယ်။ ယူကရိန်းလို ထောက်ပို့မှာ ပြည်ပအားကို လုံးလုံး မမှီခိုရအောင် ပြည်သူတွေက PRF ကို လှူပေးကြပါ။ လာပါ ငါတို့အတူ ရုန်းကြပါမယ်။ ငါတို့မှာ ငါတို့သာရှိပါတယ်။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Kommentare


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page