top of page
Search

ယဉ်ကျေးမှု၊ လူ့အခွင့်အရေးနှင့် ICJ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 23, 2020
  • 1 min read

စာရေးသူတိူ့တိုင်းပြည်မှာ ငယ်စဉ်က ပတ်ဝန်းကျင်မှာ မိဘက သားသမီးကို ရိုက်နှက်ဆုံးမတာ၊ ဆရာက ကျောင်းသားကို ရိုက်နှက်ဆုံးမတာတွေ ရှိခဲ့ပါတယ်။ လင်မယားချင်းရန်ဖြစ်ရင်လဲ အပြန်အလှန်ရိုက်ကြတာ ကြားဖူးတွေ့ဖူးပါတယ်။ ဒါတွေဟာ ပုံမှန်လို့ လက်ခံခဲ့ပါတယ်။ ယခုအချိန်မှာတော့ စာရေးသူတို့နိုင်ငံမှာတောင် အလွန်အကျွံကိစ္စတွေကို လက်မခံတော့ပါဘူး။ နိုင်ငံခြားမှာတော့ နည်းနည်းလေးတောင် အထိမခံပါလို့ပြောပါတယ်။ မိဘက သားသမီးကို အနည်းငယ် ရိုက်တာမဟုတ်ဘဲ ဂရုမစိုက်ဘဲထားခဲ့ရင် မကျွေးမိရင်တောင် ကလေးသူငယ်ညှင်းပန်းမှု (child abuse) ဆိုပြီး ဖြစ်လာခဲ့ပါတယ်။လင်မယားချင်းရိုက်မိရင်လဲ လင်ကရိုက်ရိုက် မယားကရိုက်ရိုက် ရဲက အိမ်တွင်းအကြမ်းဖက်မှု(domestic violence) ဆိုပြီး အရေးယူပါတယ်။ မင်းသားစိုးသူတောင် သူ့မိန်းမကို US မှာ အမှုဖွင့်သွားခဲ့တာ Facebook မှာ ကြားလိုက်ပါသေးတယ်။

ဆိုလိုတာက စာရေးသူတို့ ပုံမှန်ယဉ်ကျေးမှုအရ လုပ်ပိုင်ခွင့်လို့ထင်လာတာတွေဟာ ဥပဒေအရ လုပ်လို့မရဘဲ အရေးယူခံရနိုင်တယ်ဆိုတာပါ။

စာရေးသူတို့တိုင်းပြည်မှာ သူခိုးဆိုပြီး ဝိုင်းရိုက်ပြီး ရဲအပ်လိုက်ရင် ရဲကသူခိုးကိုသာ အရေးယူဖို့များပါတယ်။ ဒါမျိုးကို အနောက်တိုင်းမှာ သွားလုပ်ရင်တော့ သူခိုးကတရားပြန်စွဲလို့ ဒေဝါလီခံသွားရနိုင်ပါတယ်။ ဥရောပမှာ အိမ်ထဲဝင်တဲ့သူခိုးကို သေနတ်နဲ့ပစ်လို့ ရဲကအိမ်ရှင်ကို သာလွန်အင်အား(disproportionate force) သုံးလို့ဖမ်းတရားစွဲခဲ့ပါတယ်။

ဒါတင်လားဆိုတော့ အနောက်ဥရောပမှာ လူမဟုတ်ဘဲ ခွေးကိုကားထဲမှာ ပိတ်ထားခဲ့မိရင်၊ အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်ကို အစာမကျွေးခဲ့ရင် ရိုက်ခဲ့ရင် တိရိစ္ဆာန်အခွင့်အရေးဥပဒေအရ တိရိစ္ဆာန်ညှင်းဆဲမှုနဲ့ ထောင်ကျပါမယ်။

ဒါကဘာကိုပြလဲဆိုတော့ အနောက်ဟာ လူ့အခွင့်အရေးတောင်မဟုတ်ဘဲ တိရိစ္ဆာန်အခွင့်အရေးအထိတောင် ရောက်နေပြီဆိုတာပါ။

မြန်မာပြည်အနေနဲ့ ခိုးဝင်သူတွေကို ကိုင်တွယ်ဖို့ တရားဥပဒေစိုးမိုးဖို့လိုပါတယ်။ သူတို့ရဲ့ယဉ်ကျေးမှုအရ အမျိုးသမီးတွေကို လူ့အခွင့်အရေးချိုးဖောက်တာတွေကို ထောက်ပြပြီး အနောက်ဥရောပစံနဲ့ သူတို့ကို မိမိလိုတာလုပ်ယူလို့ရပါတယ်။ အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန်မှာ သူတို့ကို လူ့အခွင့်အရေးဘောင်ထဲက ဘယ်လိုကိုင်တွယ်သလဲဆိုတာ လေ့လာနိုင်ပါတယ်။

စာရေးသူတို့ဘာလုပ်လုပ် တိုင်းပြည်အတွင်းမှာ တရားမျှတမှုရှိရပါမယ်။ မိမိကိုယ်ခံအားကောင်းရင်အဆင်ပြေပါမယ်။ အချို့ကိစ္စတွေမှာ ခွေးလေးအောင်နက်ကို ဘာနာမည်ခေါ်မလဲ အငြင်းပွါးနေလို့အဆင်မပြေပါဘူး။ သူတို့မှာလဲ အောင်နက်ကို ကြိုက်သလိုခေါ်နိုင်ပါတယ်။ ခွေးလေးအောင်နက်ကိုလူလို့ခေါ်လို့ ခွေးအောင်နက်ဟာ လူဖြစ်မလာပါဘူး။ အဓိကက မိမိတိုင်းပြည်မှာ တရားမျှတတဲ့ ခြေဥရှိရင် မိမိလိုချင်တာကို လူ့အခွင့်အရေးဘောင်ထဲက လုပ်သွားလို့ရပါတယ်။

News Source: Independent

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page